ကွီးတို့ရေ လုပ်ငန်းခွင် စတင်ဝင်ရောက် တဲ့အခါ ဖြစ်စေ၊ အရေးကြီးတဲ့ လုပ်ငန်းပိုင်းဆိုင်ရာ တွေ့ဆုံမှုတွေဖြစ်စေ၊ နိုင်ငံခြားသားများနဲ့ အတူ ယှဉ်တွဲလုပ်ရသည်ဖြစ်စေ၊ ဘယ်လို အခြေအနေမျိုး မှာ မဆို လုပ်ငန်းခွင် အတွင်းမှာ ကွီးတို့ရဲ့ ဝတ်စားဆင်ယင်မှုက တကယ်ကို အရေးပါလှပါတယ်။ ကွီးတို့ရဲ့ First Impression ကို ကွီးတို့ရဲ့ ဝတ်စားဆင်ယင်မှုက အရင်ဆုံး ဆုံးဖြတ်ပေးမှာပါ။  ဒီနေ့ခေတ်မှာ လုပ်ငန်းခွင် အတွင်း ဝတ်စားဆင်ယင်မှုက  မဖြစ်မနေ  ကန့်သတ်မထား သော်လည်းပဲ ကွီးတို့ရဲ့ အသွင်အပြင်အတွက် ပရော်ဖက်ရှင်နယ် ဆန်ဆန် ဝတ်စားဆင်ယင်မှုက အရေးကြီးပါတယ်။ အထူးသဖြင့် ကွီးတို့ Business Suit ကို ဝတ်ဆင်ဖို့ လိုလာပြီဆိုရင်တော့ ဆောင်ရန် ရှောင်ရန် အချက်လေးတွေ သိထားဖို့ လိုပါတယ်။ ဒါ့ကြောင့် ကွီးတို့ အတွက် ပရော်ဖက်ရှင်နယ် ဆန်ဆန် Business Suit ဝတ်ဆင်ရာတွင် ဆောင်ရန် နဲ့ ရှောင်ရန် အချက်များကို တင်ပြပေးချင်ပါတယ်။

(၁) အရမ်းချောင်လွန်း ၊ တိုလွန်းသော အဝတ်အစားများကို ရှောင်ပါ

ပရော်ဖက်ရှင်နယ် Business Suits

Photo : The NewYork Time

ပထမဆုံးအနေဖြင့် ကွီးတို့ အနေနဲ့ ပရော်ဖက်ရှင်နယ် ဆန်ဆန် Business Suit ဝတ်ဆင်ရာတွင် အရမ်းချောင်လွန်းတဲ့ ရှပ်အင်္ကျီများကို ဖြစ်စေ၊ အရမ်းတိုလွန်းတဲ့ ဘောင်းဘီများကိုဖြစ်စေ ရှောင်ရပါမယ်။ ချောင်လွန်းနေတဲ့ ရှပ်အင်္ကျီက ကွီးတို့အတွက် အရမ်းပြဿနာ မကြီးမားသော်လည်းပဲ ကွီးတို့ ဘောင်းဘီတွေက တိုလွန်းနေမယ် ဒါမှမဟုတ် ရှည်လွန်းနေမယ် ဆိုရင်တော့ တကယ် ကြည့်ရတာအဆင်ပြေမှာ မဟုတ်ပါဘူး။ ကွီးတို့ရဲ့ အရပ်အမြင့်နဲ့ ချိန်ဆပြီး သင့်လျော်သော ဘောင်းဘီကိုရွေးချယ်ဖို့က အရေးကြီးပါတယ်။ ဂျင်းဘောင်းဘီ ဝတ်ဆင်ခြင်းကိုလည်း ရှောင်ရပါမယ်။ ထို့အတူ ရှပ်အင်္ကျီ ကိုရွေးချယ်ရမှာလဲ ကွီးတို့ ခန္ဓာကိုယ် ရဲ့ အရွယ်အစားအတိုင်း မှန်ကန်ဖို့လိုပါတယ်။

(၂) လက်တို ရှပ်အင်္ကျီများကို ရှောင်ပါ

ပရော်ဖက်ရှင်နယ် Business Suits

Photo : AliExpree

ကွီးတို့ရေ ရှပ်အင်္ကျီ လက်တိုတွေက သက်တောင့် သက်သာရှိ ပြီး လွတ်လပ်ပေါ့ပါးတာ မှန်သော်လည်း  ကွီးတို့ကို ပရော်ဖက်ရှင်နယ် တဲ့ အသွင်အပြင် ကိုမပေးစွမ်းနိုင်ပါဘူး။ ဒါကြောင့် ပရော်ဖက်ရှင်ဆန်ဆန် Business Suite ဝတ်ဆင်ရာမှာ များသောအားဖြင့် ရှပ်အင်္ကျီ အဖြူလက်ရှည် ကိုသာ ရွေးချယ်ကြပါတယ်။

(၃) အရောင်ကို သေချာရွေးချယ်ပါ။

ပရော်ဖက်ရှင်နယ် Business Suits

Photo : St. Xavier’s School

ကွီးတို့ ပရော်ဖက်ရှင်နယ် ဆန်ဆန် Business Suit ဝတ်ဆင်ရာတွင် အရောင်ရွေးချယ်ခြင်းကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာပါဝင်ပါတယ်။ များသောအားဖြင့်  Business Suit ရဲ့အရောင်ကို အနက် ရွေးချယ်ကြပါတယ်။ မှန်ပါတယ် အနက်က ဘယ်သောအခါမှ မမှားတဲ့ အရောင်ပါ။ ဒုတိယအနေနဲ့ အပြာရောင် ကိုလည်းရွေးချယ်လို့ ရပါတယ်။ အပြာရောင်ဟာ ခိုင်ခံပြီး ဘက်မလိုက်တဲ့ အသွင်အပြင် ကိုရ စေပါတယ်။ နောက်တစ်ခုက မီးခိုးရောင်ပါ။ မီးခိုးရောင်ကလည်း တကယ်ကို ရွေးချယ်သင့်တဲ့ အရောင်ထဲမှာ ပါဝင်ပါတယ်။ ထို့အပြင် အညို နဲ့အဖြူရောင်တို့ကိုလည်း ရွေးချယ်လို့ ရပါတယ်။

(၄) မှန်ကန်တဲ့ နက်ကတိုင် ကိုရွေးချယ်ပါ

tie

Photo : Gentleman’s Gaette

ကွီးတို့ ရေ နက်ကတိုင်ကလည်း ကွီးတို့ရဲ့ ပရော်ဖက်ရှင်နယ် ဆန်တဲ့ အသွင်အပြင်ကို အများကြီး ပံ့ပိုးပေးနိုင်ပါတယ်။ ဒါမှ သာ ကွီးတို့ အပေါ်ထပ်ကုတ် ကိုချွတ်တဲ့အခါမှာလည်း ယုံကြည်မှုကို ပေးစွမ်းပါလိမ့်မယ်။ နက်ကတိုင် ရွေးချယ်ရာမှာ သူ့ရဲ့အနံနဲ့ အရှည်ကို ဂရုစိုက်ရပါမယ်။ နက်ကတိုင်ရဲ့ အရှည်ဟာ ပျှမ်းမျှ ခန္ဓကိုယ်အမျိုးအစားရှိတဲ့ အမျိုးသား တစ်ဦးအတွက် ၃ လက်မ မှ ၃.၇၈ လက်မ (၇.၇၅ မှ ၉.၅ စင်တီမီတာ) ထက်မရှည်သင့်ပါဘူး။ ကွီးတို့ရဲ့ ခါးပတ်ခေါင်းထိပ် အထိ နက်ကတိုင်အရှည်ဟာ အသင့်တော်ဆုံး ဖြစ်ပါတယ်။ နက်ကတိုင် အရောင်များနဲ့ ဒီဇိုင်းများကိုပါ သေချာ ဂရုပြုပြီး ရွေးချယ်ပါ။

(၅) ဖိနပ်များကို သေချာရွေးချယ်ပါ

shoe

Photo : Real Man Real Style

ကွီးတို့ရဲ့ လုပ်ငန်းခွင်မှာ ပရော်ဖက်ရှင်နယ် ဆန်တဲ့ အသွင်အပြင်ကို ပြချင်ရင်တော့ ဖိနပ်တွေကိုလည်း မနိမ့်ကျပါစေနဲ့။ ကွီးတို့ ဖိနပ်အတွက် အထူးသဖြင့် Business Suit နဲ့ လိုက်ဖက်တဲ့ ဖိနပ်ကို ရွေးချယ်ပြီး  အမြဲ သန့်ရှင်းတောက်ပြောင် နေပါစေ။ ထို့အပြင် Sneakers တွေဟာ ပေါ့ပေါ့ပါးပါး ဝတ်စားဆင်ယင်မှုနဲ့ ပိုလိုက်ဖက်ပါတယ်။ ဒါကြောင့် Business Suit နဲ့ ဝတ်ဆင်ဆင်ရာတွင် Sneakers တွေကို အတတ်နိုင်ဆုံး ရှောင်ပါ။

အခု ဖော်ပြပေးလိုက်တာကတော့ ကွီးတို့ အတွက် ပရော်ဖက်ရှင်နယ် ဆန်ဆန် Business Suits ဝတ်ဆင်ရာတွင် ဆောင်ရန် ရှောင်ရန် အချက်များ ပဲဖြစ်ပါတယ်။

Source : LS Men Clothings

Featured Photo : Business