အချစ်ရေးမှာ ကျွန်းခံနေရုံမက စကြဝဠာကြီးတစ်ခုလုံးပါ ခံနေလို့ စိတ်ညစ်နေရပါသလား။ တစ်ယောက်လာလည်း ကိုယ့်ကို ပလေးသွားလိုက်၊ နောက်တစ်ယောက်လာလည်း ကိုယ့်ကို ပလေးသွားလိုက်နဲ့ ပလေးခံ နေရတဲ့ ပလေးဂရောင်း ဘဝ ကနေ ဒုက္ခဆင်းရဲမျိုးစုံ လူးလှိမ့်အောင် ခံနေရပါသလား။
ဒီလို ပလေးခံ နေရတဲ့ ဘဝ က တကယ်တော့ ဝဋ်ကြွေးရှိလို့ ခံစားနေရတာ………….
(လုံးဝ) မဟုတ်ပါဘူး။ ကွီးတို့ရဲ့ ပြုမူနေထိုင်ပုံနဲ့ ပလေးခံဖို့ကို ခွင့်ပြုထားလို့သာ ခံစားနေရတာပါ။ ဘယ်လိုအချက်တွေက ကွီးတို့သည် ပလေးခံ နေရတဲ့ ပလေးဂရောင်း ဘဝ ကို ရောက်ရှိနေကြောင်း ဖော်ပြနေသလဲဆိုတာ သိရဲ့လား။
ကွီးတို့ကို လိုသုံးလို သုံးနေတဲ့အခါ
ကိုယ်က မက်ဆေ့ချ်ပို့ပေမယ့် ကိုယ့်မက်ဆေ့ချ်ကိုတော့ Seen တောင်မပြ၊ အဖက်တောင် မလုပ်ဘဲ ဖေ့စ်ဘွတ်မှာတော့ ပို့စ်ပေါင်းစုံ၊ MyDay မှာ စတိုရီပေါင်းစုံနဲ့ အလုပ်ရှုပ်နေတာမျိုးကို မြင်ဖူးပါသလား။ ကိုယ့်ကို တစ်ခုခု လိုအပ်လာမှသာလျှင် အဖက်ပြန်လုပ်တာမျိုးကို ကြုံဖူးပါသလား။ ဒါဆိုရင်တော့ သေချာပါတယ်။ ကွီးတို့က သူ(မ)အတွက် မရှိမဖြစ်မဟုတ်ဘဲ လိုသုံးပဲဖြစ်ပါတယ်။ လိုမှ လာလာခေါ်တဲ့ လိုသုံးလေးပါ။
တကယ်လို့ ကိုယ့်ကို ဒီလိုအချိုးမျိုး လာဆက်ဆံနေတာကို ခွင့်ပြုနေမယ်ဆိုရင်တော့ ပလေးခံ နေရတဲ့ ဘဝ က တစ်သက်လုံး ကျွတ်ဖို့ လမ်းမမြင်ပါဘူး။ ကိုယ့်ကို လိုသုံးလို လာဆက်ဆံရင် ထိုသူကို ခေါက်ထားလိုက်ပါတော့။
ကွီးတို့နဲ့ တွေ့ဖို့ကို ဆင်ခြေမျိုးစုံအကြောင်းပြပြီး ငြင်းဆန်နေမယ်ဆိုရင်
နှစ်ယောက်သား တွေ့ဖို့ကို မအားလို့၊ သင်တန်းရှိလို့၊ အလုပ်များနေလို့ဆိုပြီး အကြောင်းပြချက် မျိုးစုံပေးနေတာကတော့ ရှင်းပါတယ်။ ကွီးတို့ကို တွေ့ချင်လောက်အောင်ကို မချစ်လို့ပါပဲ။ တကယ်ချစ်တဲ့သူသာဆို ဘယ်လောက် အလုပ်များများ တွေ့ဖြစ်အောင် ကြိုးစားမှာ ဖြစ်ပါတယ်။ ကွီးတို့ကို တကယ်မချစ်လို့သာ ငြင်းဆန်နေတာပါ။
ဒီလိုအခြေအနေမျိုးမှာ ကွီးတို့အနေနဲ့ ပလေးခံ ဘဝ လုပ်မနေတော့ဘဲနဲ့ မြန်မြန်လွတ်မြောက်အောင် ကြိုးစားရမှာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် အခုဖော်ပြပေးမယ့် အချက်များကိုလည်း သိထားသင့်ပါတယ်။
သူ(မ)ကို ဖုန်းခေါ်တာမျိုးပဲ ဖြစ်ဖြစ်၊ မက်ဆေ့ချ် ပို့တာမျိုးဖြစ်ဖြစ် ပြုလုပ်တော့မယ်ဆိုရင်
အချိန်မှန်မှန် မက်ဆေ့ချ်ပို့တာ ဖုန်းခေါ်တာမျိုး လုပ်မနေပါနဲ့။ ကွီးတို့က သူ(မ)ကို ဘယ်လောက်ပဲ စိတ်ဝင်စားပြီး အရူးအမူးဖြစ်နေပါစေ ကိုယ့်ရဲ့ အခြေအနေမှန်ကို ဖွင့်မပြပါနဲ့။ ကိုယ့်ကို သူ(မ)ဘက်က လိုအပ်လာအောင် ပြုလုပ်ပါ။ ကွီးတို့က အချိန်ရှိသရွေ့ ဖုန်းခေါ်နေမယ်၊ မက်ဆေ့ချ်ပို့နေမယ်ဆိုရင် သူ(မ)ဘက်က စိတ်ကုန်ပြီး ဖုန်းတောင် စက်ပိတ်ထားပါလိမ့်မယ်။ ကောင်မလေးတွေသည် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိတဲ့ ကောင်လေးတွေကို စိတ်ဝင်စားကြတာဖြစ်ပါတယ်။
ကွီးတို့ရဲ့ ခံစားချက်များကို အလုံးစုံ မဖွင့်ချပြပါနဲ့
ကွီးတို့က သူ(မ)ကို ဘယ်လောက်ထိ အရူးအမူးဖြစ်နေကြောင်း ပြောပြချင်နေပါလိမ့်မယ်။ ဒါပေမဲ့ စစချင်းမှာတော့ အောင့်ထားဖို့ လိုအပ်ပါမယ်။ ကွီးတို့ရဲ့ ခံစားချက်ကို မြိုသိပ်ထားမှသာလျှင် သူ(မ)အပေါ်မှာ ကွီးတို့ ထားရှိတဲ့ စိတ်ခံစားချက်ကို သိချင်လာမှာပဲ ဖြစ်ပါတယ်။ အဲ့ဒီအခါကျမှ ခံစားချက်တွေကို တစ်ဆင့်ချင်းစီ ဖွင့်အန်ပြရမှာ ဖြစ်ပါတယ်။
သူ(မ)အတွက်ဆို ၂၄ နာရီ အသင့်ရှိနေကြောင်း၊ အားနေကြောင်း မပြပါနဲ့
ကိုယ့်ဘက်က အလုပ်အားနေလည်း အလုပ်များချင်ယောင်သာ ဆောင်ပါ။ ဒါမှသာလျှင် သူ(မ) ဘယ်အချိန် ခေါ်ခေါ် ကွီးတို့က သူတို့အတွက် အဆင်သင့်ရှိနေပါလားဆိုတဲ့ စိတ်ခံစားချက်မျိုးကို မရရှိမှာဖြစ်ပါတယ်။ ဒါမှ သူ(မ)ဘက်ကလည်း ကွီးတို့ရဲ့ စိတ်နှလုံးကို ရရှိဖို့ ကြိုးစားမှာဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အမှန်တကယ် ချစ်ကျွမ်းဝင်လာပြီး ဘယ်သူက ဘယ်သူ့ကိုမှ မပလေးဘူးဆိုတဲ့ အခါမှာတော့ ဘာပဲဖြစ်နေပါစေ၊ ဘာပဲလိုအပ်နေပါစေ၊ အနားနားမှာ အသင့်ရှိနေကြောင်း ပြသပေးရမှာ ဖြစ်ပါတယ်။
ကွီးတို့ရော ပလေးခံနေရတဲ့ ဘဝကနေ ဘယ်တော့ လွတ်မြောက်မှာလဲ???
Source: Lovepanky
Featured Image: Freepik