ရှားလော့ဒ်ဟုမ်းလို ကမ္ဘာကျော် စုံထောက်ကြီးကို အားကျပြီး စုံထောက်လုပ်တမ်း ကစားဖူးပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် မိုဘိုင်းလ် ဂိမ်းများကို သဘောကျကြမှာပါ။ ဒီဂိမ်းများကတော့ ပဟေဠိ အဖြေညှိရတာ ကြိုက်နှစ်သက်တဲ့ ကွီးများအတွက် စိတ်အပန်းပြေစေမယ့် အလန်းစား စုံထောက်ဂိမ်း များပဲဖြစ်ပါတယ်။
Mystery Of Mirror Of Death
ဂိမ်းလေးရဲ့အစမှာတော့ ကမ္ဘာကျော် စာရေးဆရာကြီး J.R. Thompson ကြီး ပျောက်ဆုံးပုံဖြင့် အစပြုထားတာဖြစ်ပါတယ်။ ဆော့ကစားမယ့်သူအနေနဲ့ စုံထောက် John အဖြစ် ဆော့ကစားရမှာဖြစ်ပါတယ်။ ထိုစာရေးဆရာကို ရှာတွေ့မှသာ ထူးဆန်းတဲ့ ထိုမြို့ငယ်လေးကနေ ထွက်ခွာနိုင်မှာဖြစ်ပါတယ်။
Wombi Detective (LITE)
နောက်ထပ် ပဟေဠိ ဆန်တဲ့ စုံထောက်ဂိမ်း ကတော့ Wombi Detective (LITE) ပဲဖြစ်ပါတယ်။ မိုးသည်းကြီး မည်းကြီး ရွာတဲ့ညမှာ စုံထောက်ကြီး Walter MacSneak ရဲ့ ဖုန်းသည် ရုတ်တရက် ထမြည်လာပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဓားပြမှုကြောင့်ပဲဖြစ်ပါတယ်။ မျက်မြင်သက်သေအနေနဲ့ ဘာတွေကို မြင်တွေ့ခဲ့သလဲ။ ဓားပြကရော ခိုးရာပါပစ္စည်းတွေကို ဘယ်နေရာမှာ ဖွက်ထားသလဲ အစရှိသည်တို့ကို စုံစမ်းရမှာပဲဖြစ်ပါတယ်။ ဂိမ်းနဲ့ လိုက်ဖက်တဲ့ နောက်ခံတီးလုံးကိုလည်း ထည့်ထားတာကြောင့် ဂိမ်းဆော့ရတာ ပျော်ဖို့ ကောင်းပါလိမ့်မယ်။
Who Is The Killer (Episode I)
ဒီဂိမ်းလေးကတော့ လူသတ်မှုကို စူးစမ်း ဖော်ထုတ်ရမှာပဲဖြစ်ပါတယ်။ ဒီဂိမ်းမှာတော့ ပျော်ရွှင်စရာ အဆုံးသတ်ဆိုတာ မရှိပါဘူး။ သင့်အနေနဲ့ မနိုင် နိုင်အောင် ဆော့ရမှာဖြစ်ပြီး ဂိမ်းထဲက လူတွေ အကုန်လုံး မသေခင် လူသတ်သမားကို ဖော်ထုတ်ရမှာဖြစ်ပါတယ်။ ဂိမ်းထဲက လူတွေ အကုန်လုံး သေသွားရင်တော့ သင် ရှုံးသွားမှာပဲဖြစ်ပါတယ်။
iCOP
ဒီဂိမ်းကလည်း လူသတ်မှုကို စူးစမ်းဖော်ထုတ်ရမယ့် ဂိမ်းပဲဖြစ်ပါတယ်။ သက်သေများကို ရနိုင်သလောက် ရအောင် စုဆောင်းပြီး လူသတ်သမားကို မြန်မြန် ဖော်ထုတ်ရမှာပဲဖြစ်ပါတယ်။ နို့မဟုတ်ရင် အခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက် အသက်အန္တရာယ် ရှိနိုင်ပါတယ်။
Detective House Escape
ဒီဂိမ်းထဲမှာတော့ ပဟေဠိ များကို အဖြရှာရမှာဖြစ်ပြီး ဖုန်းနဲ့ရော Tablet နဲ့ပါ ဆော့ကစားနိုင်တဲ့ စုံထောက်ဂိမ်း တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဒီဂိမ်းထဲမှာတော့ သင်က လူသတ်သမားနေရာက ဆော့ကစားရမှာဖြစ်ပါတယ်။ စုံထောက်ကြီးသည် လူသတ်သမားကို သံသယဝင်ပြီးနောက် သက်သေများလည်း စုဆောင်းထားမိပြီဖြစ်ပါတယ်။ ဒါကို သင်က ထိုစုံထောက်ကို သတ်ပြီး သူ့အိမ်ထဲက သက်သေများကို ဖျောက်ဖျက်ပစ်ရမှာြဖစ်ပါတယ်။ သင်သည် စုံထောက်ရဲ့အိမ်ထဲကို ဝင်လိုက်တာနဲ့ တံခါးပေါက်က အလိုလို လော့ခ်ကျသွားမှာဖြစ်ပါတယ်။ သက်သေတွေ အားလုံးကို ဖျောက်ဖျက်ပြီးမှ အိမ်ပြင်ထဲ ပြန်ထွက်လို့ရမယ့် ကတ်ကို ရရှိမှာပါ။
Source: Mysterytribune
Featued Image: Shinygamer