လူကြီးရုပ်ရှင် အပြာကားတွေကို ပုံမှန်ထက်ပိုပြီး စွဲစွဲလမ်းလမ်း ကြည့်မိနေရင် ကွီးတို့ရဲ့ ပြင်ပလက်တွေ့ဘဝ ပါတနာနဲ့ ဆက်ဆံရေးကို အကြီးအကျယ် ထိခိုက်လာစေနိုင်တယ်ဆိုတာ သိပြီးသားဖြစ်မယ် ထင်ပါတယ်။ ဒီလိုဆိုရင် ကွီးတို့ရဲ့ ပြင်ပလိင်မှုဘဝ ဆက်ဆံရေးကို မထိခိုက်စေပဲ Porn ကြည့်လို့ ရနိုင်မယ်ဆိုရင် စိတ်ဝင်စားလား ? ဒီဆောင်းပါးမှာတော့ ကျန်းမာတဲ့ လိင်မှုဘဝ ဆက်ဆံရေးတစ်ခုကို ဆက်ထိန်းထားနိုင်မယ့် အပြာကား ကြည့်နည်း လမ်းညွှန် Tips လေးတွေကို ပြောပြပေးပါမယ်။

(၁) မှားယွင်းနေတဲ့ အကြောင်းပြချက်တွေကို ရပ်လိုက်ပါ

porn addiction

Photo : Addiction Center

အပြာကား ကြည့်တယ်ဆိုတာ လိင်မှုဆိုင်ရာ စူးစမ်းလေ့လာမှုတွေကို ရှာဖွေဖို့ ၊ ကိုယ့်ကိုယ်ကိုယ် သာယာပျော်ရွှင်မှုပေးဖို့နဲ့ လိင်စိတ် အာသာပြေဖို့အတွက် ဖျော်ဖြေရေးတစ်ခုအနေနဲ့ ကြည့်တာပဲ ဖြစ်သင့်ပါတယ်။ တခြားသော စိတ်ခံစားချက်တွေ ဖြစ်တဲ့ အထီးကျန်မှုကို ဖြေဖျောက်ဖို့ ၊ စိတ်ဖိစီးမှုနဲ့ ဖိအားတွေ လျှော့ချဖို့ ၊ ဒေါသ/ဝမ်းနည်းမှု/စိတ်ပျက်အားငယ်မှုတွေကို သက်သာစေဖို့ စတဲ့ အကြောင်းပြချက်တွေနဲ့ Porn မကြည့်သင့်ပါဘူး။ ဒီလိုစိတ်ခံစားချက်တွေရဲ့ ထွက်ပေါက်တစ်ခုအနေနဲ့ Porn ကြည့်တာဟာ ကွီးတို့ကို စွဲလမ်းမှု ပိုဖြစ်စေနိုင်ပြီး ပါတနာနဲ့ လက်တွေ့ဘဝ ဆက်ဆံရေးကို တဖြည်းဖြည်း ထိခိုက်လာစေနိုင်ပါတယ်။

(၂) လက်တွေ့ဘဝနဲ့ ကင်းကွာမသွားစေဖို့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ထိန်းညှိပါ

porn addiction

Photo : Healthwire

အပြာကား ကြည့်တာ များလာရင် တဖြည်းဖြည်းနဲ့ စွဲလမ်းတဲ့ အဆင့်ကို ရောက်လာမယ် ၊ အပြာရုပ်ရှင်တွေထဲက ပုံမှန်မဟုတ်တဲ့ ပြကွက်တွေ ၊ ထူးဆန်းတဲ့ ဆက်ဆံရေးတွေကို လက်တွေ့ဘဝမှာ အမှန်တကယ် အလုပ်ဖြစ်လိမ့်မယ်လို့ ထင်မြင်လာမိမယ် ၊ ကိုယ့်ပါတနာကို လက်တွေ့မကျတဲ့ တောင်းဆိုမှုတွေ လုပ်ဆောင်မိမယ် စတဲ့ အခြေအနေတွေဆီ ဦးတည်လာနိုင်ပါတယ်။ ဒါဟာ ကျန်းမာတဲ့ လိင်မှုဘဝ လမ်းကြောင်းပေါ်ကနေ သွေဖယ်လာခြင်း ဖြစ်ပါတယ်။ တကယ်တော့ Porn နဲ့ ပြင်ပလက်တွေ့ဘဝဟာ ကွဲပြားမှုတွေ အများကြီး ရှိတယ်ဆိုတာကို နားလည်ထားဖို့ လိုပါတယ်။ ဖျော်ဖြေရေး သပ်သပ်ပြကွက်တွေကို စိတ်ကူးယဉ် အမှားတွေနဲ့ လက်တွေ့ဘဝကနေ ကင်းကွာမသွားစေဖို့ ကိုယ့်ကိုယ်ကိုယ် သတိပြန်ကပ် ထိန်းချုပ်ရမှာ ဖြစ်ပါတယ်။

(၃) ပါတနာနဲ့ ဆက်ဆံရေးမှာ ဖျော်ဖြေမှု တစ်ခုအနေနဲ့ ထည့်သွင်းပါ

porn addiction
Photo : One Medical

ကွီးတို့ တစ်ယောက်တည်း အပြာကား ကြည့်တာထပ် ပါတနာနဲ့အတူတူ မျှဝေကြည့်ရှုတာဟာ ကျန်းမာတဲ့ လိင်မှုဘဝ ဆက်ဆံရေးတစ်ခုကို ရရှိနိုင်မယ့် နည်းလမ်းတစ်ခု ဖြစ်နိုင်ပါတယ်။ ပါတနာနဲ့ အတူတူ Porn မျှဝေကြည့်တာဟာ တစ်ယောက်ရဲ့ စိတ်ဝင်စားမှုတွေကို တစ်ယောက်ကပိုပြီး နားလည်သိရှိခွင့်ရမှာ ဖြစ်သလို ခုန်ရင်စိတ်လှုပ်ရှားမှု အသစ်တွေကိုလည်း အတူတကွရှာဖွေရာ ရောက်ပါတယ်။ နောက်တစ်ချက်ကတော့ နှစ်ဦးလုံးအတွက် ဖျော်ဖြေရေး တစ်ခုအနေနဲ့ပဲ အတူတူ မျှဝေကြည့်ရှုတာ ဖြစ်တာကြောင့် စွဲလမ်းမှုအဆင့်ကို ရောက်နိုင်ခြေ နည်းသလို လက်တွေ့ပြင်ပ လိင်မှုဘဝအပေါ်ကိုလည်း ထိခိုက်နိုင်ခြေလည်း နည်းပါးပါတယ်။

Source : Lifehacker

Featured Photo : Integrative Psych