ပါတီနဲ့ တေးဂီတဆိုတာ ခွဲခြားလို့မရပါဘူး။ ပါတီ ကို ပိုပြီး အသက်ဝင်နေအောင် သီချင်းတွေ၊ တေးဂီတတွေက ပံ့ပိုးပေးပါတယ်။ အိမ်တွင်းပါတီတွေ၊ မွေးနေ့ပါတီတွေ၊ မင်္ဂလာ ညစာစားပွဲတွေ အစရှိသဖြင့် ဘယ်လိုပွဲမျိုးပဲ ဖြစ်ပါစေ လိုက်ဖက်တဲ့ တေးဂီကို ထည့်သွင်းဖို့ အရေးကြီးပါတယ်။ ကွီးတို့ ပါတီတစ်ခုခု မလုပ်ခင်ကတည်းက တေးဂီတ ထည့်သွင်းဖို့ကို သေချာရွေးချယ်သင့်ပါတယ်။ ဂရုတစိုက် ရွေးချယ်ထားသော သီချင်းများက ကွီးတို့ပါတီကို ပိုမိုပျော်ရွှင်စရာကောင်းစေမဲ့ သော့ချက်လည်း ဖြစ်ပါတယ်။

ပါတီမှာ သီချင်း

Photo : Medium

ဒါ့အပြင် လူငယ်တော်တော်များများ ပါတီပြုလုပ်တဲ့အခါ သီချင်းတွေနဲ့ ပျော်ပါးကခုန်ဖို့က အဓိကပါပဲ။ တစ်ခါတစ်လေ ရွေးချယ်ထားတဲ့ သီချင်းက မြူးကြွမှုမရှိဘူးဆိုရင် ပါတီကလည်း ကွီးတို့ထင်ထားသလောက် ပျော်စရာကောင်းမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ပါတီမှာ ဘော်ဒါတွေနဲ့ ပျော်ပျော်ပါးပါး ကခုန်ဖို့ရွေးချယ်ရမဲ့ သီချင်း တွေ ကို ဖော်ပြပေးချင်ပါတယ်။

(၁) “Don’t Start Now” by Dua Lipa

Source : Dua Lipa

ကွီးတို့ရဲ့ ပါတီမှာ မြူးမြူကြွကြွနဲ့ စတင်ဖို့ Dua Lipa ရဲ့ Don’t Start Now သီချင်း လေးကို ရွေးချယ်လိုက်ပါ။ ဒီသီချင်းလေးက ကွီးတို့ရဲ့ ခြေထောက်တွေကို သံစဉ်နဲ့ စီးချက်အလိုက် စတင်လှုပ်ရှားစေမှာပါ။

(၂) “Take My Breath” by The Weeknd

Source : The Weekend

မနှစ်ကထွက်ရှိထားတဲ့ The Weekend ရဲ့ Take My Breath ကလည်း ကွီးတို့ရဲ့ ပါတီ Vibe ကို ပိုမို မြူးကြွစေဖို့ ပံ့ပိုးပေးနိုင်တဲ့ သီချင်းလေးပါပဲ။ ပါတီမှာ မြူးမြူးကြွကြွနဲ့ ကခုန်ဖို့ အမိုက်စား သီချင်း လေးပါပဲ။

(၃) “Can’t Stop the Feeling!” by Justin Timberlake

Source : Justin Timberlake

ကွီးတို့ရဲ့ ပါတီမှာ ဘော်ဒါတွေနဲ့ ကခုန်ဖို့ ပေါ့ပ် သီချင်းကောင်းလေးကို ရှာနေတယ်ဆိုရင် Can’t Stop the Feeling ဆိုတဲ့ သီချင်းလေးကို ရွေးချယ်လိုက်ပါ။ သီချင်းစာသားလေးတွေက ကွီးတို့ကို ကခုန်ဖို့ ဖိတ်ခေါ်နေပါတယ်။

(၄) “The Motto” by Tiesto and Ava Maxx

Source :Tiesto and Ava Maxx

မြူးကြွတဲ့ Vibe အပြည့်နဲ့ နားဆင်ခံစားလို့ကောင်းတဲ့ အမိုက်စား သီချင်းလေး ဖြစ်တဲ့ ဒီ သီချင်းလေးကိုလည်း ကွီးတို့ ပါတီမှာ ထည့်သွင်းဖို့ မမေ့ပါနဲ့။

(၅) “Tik Tok” by Ke$ha

Source : Kesha

ဘယ်လို ပါတီမျိုးပဲ ဖြစ်ဖြစ် ပိုမို တတ်ကြွစေဖို့ အမြဲမပါမဖြစ်ကတော့ သီချင်းတစ်ပုဒ်ကတော့ Ke$ha ရဲ့ Tik Tok ပဲ ဖြစ်ပါတယ်။ သီချင်းရဲ့ မြူးကြွတဲ့ သံစဉ်နဲ့ စာသားတွေကြောင့် ပါတီနဲ့ အလိုက်ဖက်ဆုံး သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

(၆) “Take You Dancing” by Jason Derulo

Source : Jason Derulo

နောက်ထပ် စည်းချက်နဲ့လိုက်ကလို့ရမဲ့ ပေါ့ပေါ့ပါးပါး သီချင်းလေးကတော့ Jason Derulo ရဲ့ Take You Dancing ပဲ ဖြစ်ပါတယ်။

(၇) “I Like It” by Cardi B, Bad Bunny and J Balvin

Source : Cardi B

ပါတီမှာ ဖွင့်ဖို့ နောက်ထပ် အလန်းစား သီချင်းတစ်ပုဒ်ကတော့ I like It ဆိုတဲ့ သီချင်းလေးပါ။ စည်းချက်အလိုက် ခန္ဓာကိုယ်ကို လှုပ်ရမ်းဖို့ အသင့်ပါပဲလား။

Source : Spinditty

Featured Photo : Razzle’s Nightclub