မကြာခဏ မီးပျက်တတ်တဲ့ ယခုလိုအချိန်မျိုးမှာ အရည်အသွေး ကောင်းမွန်တဲ့ ပါဝါဘန့်ခ်ကောင်းကောင်းတစ်လုံး ပိုင်ဆိုင်ထားသင့်ပါတယ်။ ကွာလတီကောင်းတဲ့ ပါဝါဘန့်ခ် တစ်လုံး ပိုင်ဆိုင်ထားမယ်ဆိုရင်တော့ မီး ဘယ်လောက် ပျက်ပျက် ပူစရာ မလိုတော့ပါဘူး။

ဒါဆိုရင် ကွာလတီကောင်းတဲ့ ပါဝါဘန့်ခ်တွေကို ဘယ်လိုရှာဝယ်ကြမလဲ။

အခုဆက်လက်ဖော်ပြပေးမှာကတော့ ကွာလတီလည်းကောင်းပြီး သယ်ရ လွယ်ကူတဲ့ ပါဝါဘန့်ခ်များပဲဖြစ်ပါတယ်။

ININ 10000mAh

ININ 10000mAh

သူ့ရဲ့ အလေးချိန်ကတော့ ၁၉၈ ဂရမ်ရှိပြီး ဘက္ထရီကတော့ ၁၀၀၀၀ အားရှိပါတယ်။ Output အပေါက်တွေကတော့ USB-A နှစ်ပေါက်နဲ့ USB-C တစ်ပေါက်ပါဝင်ပြီး Input အတွက်ကတော့ microUSB တစ်ပေါက်နဲ့ USB-C တစ်ပေါက်တို့ပဲဖြစ်ပါတယ်။ ဈေးနှုန်းကတော့ Amazon က ဝယ်မယ်ဆိုရင် ဒေါ်လာ ၃၀ ဝန်းကျင် ပေးရမှာဖြစ်ပြီး တစ်ကြိမ်တည်းနဲ့ ပစ္စည်း ၃ မျိုးကို တစ်ပြိုင်နက်တည်း အားသွင်းလို့ရတာကတော့ သူ့ရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။

Anker PowerCore 20100

ပါဝါဘန့်ခ် မီး

သူ့ရဲ့ အလေးချိန်ကတော့ ၃၅၄ ဂရမ် လေးပါတယ်။ ဘက္ထရီကတော့ ၂၀၁၀၀ mAh ဆိုတော့ တဝကြီး အားသွင်းလို့ရပါတယ်။ ဒါ့အပြင် အားသွင်းမြန်ခြင်းကလည်း သူ့ရဲ့ အားသာချက်တစ်ခုပဲ ဖြစ်ပါတယ်။ Output အတွက် USB-A နှစ်ပေါက်၊ Input အတွက် micro-USB ၁ ပေါက်တို့ ပါဝင်ပါတယ်။ ဈေးနှုန်းကတော့ ၅၆ ယူရိုဝန်းကျင် ပေးချေရမှာ ဖြစ်ပါတယ်။

iMuto 20000mAh

ပါဝါဘန့်ခ် မီး

ဒီ ပါဝါဘန့်ခ် ရဲ့ ဘက္ထရီအားက ၂၀၀၀၀ mAh ဆိုတော့ မီး ဘယ်လောက်ပျက်ပျက် ပူစရာမလိုတဲ့ ပါဝါဘန့်ခ်တစ်ခုပဲ ဖြစ်ပါတယ်။ သူ့မှာ Output အတွက် USB-A နှစ်ပေါက်၊ Input အတွက် Micro-USB ၁ ပေါက် ပါဝင်ပါတယ်။ ဈေးနှုန်းကတော့ ၃၅ ယူရိုဝန်းကျင် ပေးချေရမှာပဲဖြစ်ပါတယ်။

Anker PowerCore III Elite 25600 PD 60 W

ပါဝါဘန့်ခ် မီး

သူ့ရဲ့ အလေးချိန်ကတော့ အနည်းငယ် လေးတဲ့အထဲမှာ ပါဝင်ပါတယ်။ ၅၇၀ ဂရမ် မို့လို့ပဲဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဘက္ထရီအားက ၂၅၆၀၀ mAh အား ပါဝင်လို့ပဲ ဖြစ်ပါတယ်။​ အားသွင်းမြန်တဲ့ Fast Charging စနစ်ပါဝင်တဲ့အတွက်ကြောင့် ကွီးတို့အားလုံး အကြိုက်တွေ့ကြမှာပါ။

Casely Power Pods

ပါဝါဘန့်ခ် မီး

သေးငယ် ပေါ့ပါးပြီး ဟိုနား ဒီနားသွားတဲ့အခါမှာ လေးတာမျိုးတွေကို မသယ်ချင်ဘူးဆိုရင်တော့ ကြိုးမဲ့ ပါဝါဘန့်ခ်များကို သယ်သွားသင့်ပါတယ်။ ဒီပါဝါဘန့်ခ်ကတော့ ၉၀.၇ ဂရမ်သာ လေးမှာဖြစ်ပြီး Magsafe Magnets ပါဝင်တဲ့ ဖုန်းများအတွက် သင့်တော်ပါတယ်။ Wireless စနစ်ဖြစ်တဲ့အတွက်ကြောင့် Output အတွက် အပေါက်ပါဝင်မှာတော့ မဟုတ်ပါဘူး။ Input အတွက်ကတော့ USB-C အတွက် ပါဝင်ပါတယ်။

ကွီးတို့ရော မီးပျက်ချိန်တွေမှာဆို ကိုယ့်ဖုန်းကို ဘယ်လို အားသွင်းကြသလဲ။

Source: Creativebloq

Featured Image: Lifehacker