ပါးစပ်နဲ့ ချစ်တင်းနှော ခြင်းဟာ ဘေးကင်းမှု ရှိရဲ့လား ဆိုရင်တော့ ရာနှုန်းပြည့် ဘေးကင်းမှု မရှိဘူးလို့ ပြောရမှာပါ။ Oral Sex ဟာ ကိုယ်ဝန်ရနိုင်ခြေ မရှိပေမယ့် လိင်မှတဆင့် ကူးစက်တက်တဲ့ရောဂါ အန္တရာယ်တွေကိုတော့ သတိပြုဖို့ လိုပါမယ်။ အကာအကွယ်မပါပဲ ပါးစပ်နဲ့ ဆက်ဆံမယ်ဆိုရင် လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုးမွှားတွေ ၊ ဘက်တီးရီးယား ကူးစက်မှုနဲ့ မိန်းမကိုယ် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ အများကြီး ဖြစ်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ပါးစပ်နဲ့ ချစ်တင်းနှောခြင်း ကနေတဆင့် ကူးစက်ခံရမှု အများဆုံး Sexually Transmitted Diseases တွေအကြောင်း ပြောပြပေးပါမယ်။

(၁) Human Papillomavirus (HPV)

human papillomavirus (hpv)

Photo : MedicalNewsToday

ပါးစပ်နဲ့ ချစ်တင်းနှော ခြင်းကနေ Human Papillomavirus (HPV) ဗိုင်းရပ်ပိုး ကူးစက်ခံရနိုင်ပါတယ်။ အမျိုးသားရော အမျိုးသမီးတွေမှာ ကူးစက်ခံရနိုင်ပြီး ဒီဗိုင်းရပ်ပိုးဟာ အရေပြားကနေ အရေပြား ထိတွေ့မှုကနေတဆင့် ကူးစက်ပြန့်ပွားပါတယ်။ ဗိုင်းရပ်ကူးစက်ခံရပြီဆိုရင် ပါးစပ် ၊ လည်ချောင်းနဲ့ လိင်အင်္ဂါ ဧရိယာတဝိုက်မှာ ကြွက်နို့နဲ့ အဖုအပိန့်တွေ ထွက်ပေါ်နိုင်ပါတယ်။

(၂) ရေယုန်

herpes

Photo : Ribbeck-Apotheke

ပါးစပ်နဲ့ ဆက်ဆံခြင်းကြောင့် ဖြစ်ပွားနိုင်တဲ့ နောက်ထပ် ကျန်းမာရေးအန္တရာယ် တစ်ခုကတော့ ရေယုန် ဖြစ်ပါတယ်။ ရေယုန်ဟာ အရေပြားချင်း ထိတွေ့မှုကနေ တဆင့် လျင်မြန်စွာ ကူးစက်တက်တဲ့ STI တစ်မျိုးပါ။ ခံတွင်းရေယုန်ရှိတဲ့ ပါတနာအနေနဲ့ မိမိရဲ့ ဆက်ဆံဖော်ကို ပါးစပ်နဲ့ ချစ်တင်းနှောမယ်ဆိုရင် လိင်အင်္ဂါ ဧရိယာတဝိုက်ကို ရောဂါပိုးတွေ အလွယ်တကူ ကူးစက်သွား နိုင်ပါတယ်။

(၃) ခုခံအားကျဆင်းရောဂါ

Acquired Immunodeficiency Syndrome (AIDS)

Photo : Technology Networks

ပါးစပ်နဲ့ ချစ်တင်းနှော ခြင်းဟာ Human Immunodeficiency Virus (HIV) ပိုးကြောင့် ဖြစ်ပွားရတဲ့ Acquired Immunodeficiency Syndrome (AIDS) ခေါ် ခုခံအားကျဆင်းရောဂါ ဖြစ်နိုင်ပါတယ်။ ဒီရောဂါဟာ ခုခံအားစနစ်ကို ပြင်းထန်စွာ ထိခိုက်စေပြီး အလွန်အမင်း အဖျားတက်ခြင်း ၊ ပင်ပန်းနွမ်းနယ်ခြင်း ၊ ရုတ်တရက် ကိုယ်အလေးချိန် ကျဆင်းခြင်း ၊ ထပ်တလဲလဲ ကူးစက်ခံရခြင်း စတာတွေကို ဖြစ်စေနိုင်ပါတယ်။

(၄) ဆစ်ဖလစ် (Syphilis)

syphilis
Photo : Dr Ben Medical

ရောဂါပိုးရှိသူရဲ့ လိင်တံ ၊ မိန်းမကိုယ် သို့မဟုတ် စအိုတို့ကို ပါးစပ်နဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံမိရာကနေ ကူးစက်ခံရနိုင်တဲ့ လိင်မှတဆင့် ကူးစက်တက်တဲ့ နာတာရှည် ဘက်တီးရီးယားရောဂါတစ်ခု ဖြစ်ပါတယ်။ ဆစ်ဖလစ် (Syphilis) ရောဂါရှိတယ်ဆိုရင် လိင်တံ ၊ မိန်းမကိုယ် ၊ စအို ၊ နှုတ်ခမ်းနဲ့ ပါးစပ်တို့မှာ အနာများရှိနေနိုင်ပြီး အဆိုပါ အနာတွေကနေတဆင့် ရောဂါပိုး ပြန့်ပွားကူးစက်တာ ဖြစ်ပါတယ်။

Source : Healthshots

Featured Photo : Healthline