နှုတ်ခမ်းဖြင့် နမ်းခြင်းကလည်း ပါးစပ် အသုံးပြုပြီး ချစ်တင်းနှောတာ ဖြစ်သလိုပဲ ပုလွေမှုတ်ခြင်း၊ ဘာဂျာမှုတ်ခြင်းတို့ကိုလည်း ပါးစပ်ဖြင့် ချစ်တင်းနှောခြင်းလို့ သတ်မှတ်ထားကြပါတယ်။ ဘယ်နည်းလမ်းပဲ သုံးသုံး ပါးစပ်ဖြင့် ချစ်တင်းနှော မယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်များကို သတိထား ဖို့ လိုအပ်ပါတယ်။ နို့မဟုတ်ရင်တော့ ကွီးတို့အတွက် မလိုလားအပ်တဲ့ ပြဿနာများ ၊ ကျန်းမာရေး ပြဿနာအစ ကွီးတို့ရဲ့ Relationship ကွီးတို့ရဲ့ Relationship ပြဿနာအဆုံး ဆုံးရှုံးစရာတွေ များလှပါတယ်။
အနေအထား တစ်ခုတည်းကိုသာ တစ်သမတ်တည်း အသုံးပြုနေခြင်း
များသောအားဖြင့် အတွဲ တော်တော်များများသည် ပါးစပ်ဖြင့် ချစ်တင်းနှောတဲ့အခါ Position တစ်ခုတည်းကိုသာ တစ်သမတ်တည်း အသုံးပြုကြပါတယ်။ ဒါက မှားနေတာတော့လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ဘာပြီးရင် ဘာလာမယ်ဆိုတာ ကြိုသိနေတဲ့အတွက် ကွီးတို့အဖို့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာမျိုး ရှိနေမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တစ်ခါလာလည်း လှဲလျောင်းနေတာမျိုး မဟုတ်ဘဲ၊ ထိုင်တာမျိုး၊ ဒူးထောက်တာမျိုး၊ မတ်တပ်ရပ်တာမျိုး စသည်ဖြင့် အနေအထားအမျိုးမျိုး ပြောင်းလဲပေးဖို့ လိုအပ်ပါလိမ့်မယ်။
တစ်ခုတည်းကိုသာ အာရုံ စူးစိုက်နေခြင်း
အမျိုးသမီးများသည် Oral Sex ကြောင့် အလုံးစုံ ပြီးမြောက်ခြင်း ခံစားချက်ကို ရရှိခံစား နိုင်ကြပါတယ်။ တချို့ အမျိုးသမီးတွေဆိုရင် စက္ကန့် ၃၀ တည်းနဲ့တင် ပြီးမြောက်သွားတာမျိုးလည်း ရှိပါတယ်။ တချို့ကလည်း အဲ့ဒီထက် ကြာကောင်း ကြာနိုင်ပါတယ်။ တကယ်လို့ ကွီးတို့က ကြိုးစား ပမ်းစား ပြုစုပေးပေမယ့် ရှော်တီလေးက မပြီးမြောက်ဘူး ဆိုရင်တော့ နောက်ထပ် ပုံစံတစ်မျိုး ပြောင်းလဲသင့်ရင် ပြောင်းလဲလိုက်ပါ။ ဥပမာ ကွီးတို့ လျှာကို ကျွမ်းကျွမ်းကျင်ကျင် ကစားရာကနေ လက်ချောင်းအဖြစ် ပြောင်းလဲလိုက်တာမျိုးပါ။
Dental Dams များ မသုံးခြင်း
Dental Dams ဆိုတာကတော့ အလွယ်ပြောရရင်တော့ ကွန်ဒုံးလိုပါပဲ။ ပါးလွှာတဲ့ အကာအကွယ် တစ်ခုဖြစ်ပြီး ပါးစပ်နဲ့ မိန်းမကိုယ်ကြား (သို့) ပါးစပ်နဲ့ အနောက်တံခါးကြား အတားအဆီးတစ်ခုအဖြစ် ကာကွယ်ပေးထားတာမျိုးပါ။ တကယ်လို့ ကွီးတို့က ထိုပစ္စည်းတွေကို မသုံးဘဲ ပါးစပ်ဖြင့် ချစ်တင်းနှောမယ် ဆိုရင်တော့ ကူးစက်ရောဂါများကို ခံစားရမှာ မလွဲ မသွေပါပဲ။ Dental Dams လည်း သုံး၊ ကွန်ဒုံးလည်း သုံးမယ်ဆိုရင်တော့ စိတ်အချရဆုံးပါပဲ။
သတိထားရမယ့် အချိန်
နောက်ထပ် သတိထားရမယ့် အချက်တစ်ချက် ရှိပါသေးတယ်။ ထိုအချက်ကတော့ ပါးစပ်ဖြင့် ချစ်တင်းနှောမယ်ဆိုရင် ကွီးတို့ ပါးစပ်မှာ ထိခိုက် ပွန်းပဲ့ရာနဲ့ ပါးစပ်ထဲမှာ အနာပေါက်နေတဲ့ အချိန်မျိုးတွေဆို ပါးစပ်ဖြင့် ချစ်တင်းနှောခြင်းကို ရှောင်ကြဥ်သင့်ပါတယ်။ ကူးစက် ရောဂါ ဖြစ်ပွားနိုင်ခြေ အလွန်မြင့်မားနေလို့ပါပဲ။
တကယ်လို့သာ ကွီးတို့ သတိမထားမိဘူးဆိုရင် ကာလသားရောဂါ၊ HIV နဲ့ ဘီပိုး စီပိုး အစရှိတဲ့ ကူးစက်ရောဂါများ ကူးစက်ခံရမှာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပါးစပ် ဖြင့် ချစ်တင်းနှော မယ်ဆိုရင် အသေးအဖွဲလေးကအစ သတိထား ဖို့ လိုအပ်ပါတယ်။
ကွီးတို့ရော ပါးစပ်ဖြင့် ချစ်တင်းနှောတဲ့အခါ ဘယ်လိုအချက်များကို ရှောင်ကြဥ်သင့်တယ်လို့ ထင်ပါသလဲ။
Source: Mensjournal
Featured Image: Mundonow