ပါးစပ်နဲ့ ချစ်တင်းမနှောခင်မှာ ခံတွင်းသန့်ရှင်းမှုနဲ့ ခံတွင်းရနံ့ကောင်းစေဖို့ သွားတိုက် မိနေတယ်ဆိုရင် ချက်ချင်းရပ်တန့်လိုက်ဖို့ အကြံပေးချင်ပါတယ်။ သွားတိုက်တာက ခံတွင်းသန့်ရှင်းမှုအတွက် ကောင်းတယ်ဆိုပေမယ့် အချိန်အခါ မမှန်ရင် အန္တရာယ်ရှိနိုင်တယ်ဆိုတာ သိထားရပါမယ်။
Photo : Daily Mail
အထူးသဖြင့် Oral Sex မလုပ်ခင် သွားတိုက် မယ်ဆိုရင်ပေါ့။ သွားတိုက်တဲ့အခါ ခံတွင်းနဲ့ သွားဖုံးအတွင်းသားတွေမှာ သေးငယ်တဲ့ ပေါက်ပြဲမှု ၊ ပွန်းပဲ့မှု ၊ သွေးထွက်ဒဏ်ရာတွေ ဖြစ်နိုင်တဲ့အတွက် ဘက်တီးရီးယားပိုးမွှားတွေနဲ့ ဗိုင်းရပ်စ်ပိုးတွေ ပိုမိုကူးစက်ရလွယ်စေပါတယ်။
လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုးမွှားတွေဟာ ပွန်းပဲ့ဒဏ်ရာ ၊ သွေးထွက်ဒဏ်ရာတွေကနေတဆင့် ပိုမိုကူးစက်ရ လွယ်ကူစေတာ ဖြစ်ပါတယ်။ ပါးစပ်နဲ့ ဆက်ဆံတဲ့အခါ ပါးစပ်မှာ အနာပေါက်နေတာ ဒါမှမဟုတ် သွားတိုက် တဲ့အခါ သွားဖုံးသွေးထွက်ဒဏ်ရာ ရထားတယ်ဆိုရင် အဆိုပါ ဒဏ်ရာ အနာတွေကနေတဆင့် လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုးမွှားတွေ (STIs) ဟာ အလွယ်တကူပဲ ကူးစက်နိုင်တာ ဖြစ်ပါတယ်။
Photo : Embrace Sexual Wellness
ဆေးဘက်ဆိုင်ရာ သုတေသီတွေကတော့ ပါးစပ်နဲ့ ဆက်ဆံခြင်းမပြုမီ သွားတိုက်ခြင်းကို ရှောင်ကြဉ်ခြင်းအပြင် ပါးစပ်မှာ ဒဏ်ရာအနာတရ ရှိမရှိကို အမြဲ စစ်ဆေးဖို့ အကြံပြုထားပါတယ်။ အကယ်၍ ပါးစပ်နဲ့ ခံတွင်းတဝိုက်မှာ အနာတွေ ၊ ဒဏ်ရာတွေ ၊ ပြတ်ရှပွန်းပဲ့ ဒဏ်ရာတွေ ၊ ရေယုန်နဲ့ သွားဖုံးရောဂါ ရှိတယ်ဆိုပါက ပါးစပ်နဲ့ ချစ်တင်းနှောခြင်းကို ရှောင်ရှားသင့်ပါတယ်။
ပါးစပ်နဲ့ ချစ်တင်းနှောချိန်မှာ လုံခြုံစိတ်ချရပြီး လိင်မှတဆင့် ကူးစက်တက်တဲ့ ရောဂါပိုးမွှားတွေ ကူးစက်မခံရစေဖို့ ကွန်ဒုံး သို့မဟုတ် Dental Dams လို ပါးစပ်အကာတွေကို မဖြစ်မနေ အသုံးပြုသင့်ပါတယ်။
Source : IOL
Featured Photo : Geelong Advertiser