သဘာဝတရားအရ လူသားများသည် ဇရာကြောင့် တဖြည်းဖြည်း အိုမင်းရင့်ရော်လာမှာဖြစ်ပြီး ပါးရေတွန့်ခြင်းနှင့် အရေးအကြောင်းများသည်လည်း တစ်စထက်တစ်စ ပေါ်ပေါက်လာမှာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် နေရောင်ခြည်နဲ့ အများဆုံး ထိတွေ့ခြင်းခံရတဲ့ လည်ပင်း၊ မျက်နှာ၊ လက် အစရှိတဲ့ အသားအရေများသည် အရေးအကြောင်းများ မြန်မြန်ပိုထလာတတ်ပါတယ်။ ပါးရေတွန့် ခြင်းနှင့် အရေးအကြောင်းများကြောင့် စိတ်ညစ်နေရတဲ့ ကွီး တို့အနေနဲ့ စိတ်ညစ်စရာ မလိုတော့ပါဘူး။

ပါးရေတွန့် ခြင်းနှင့် အရေးအကြောင်းများ ဖြစ်ပေါ်နေတတ်တဲ့ ကွီး တို့မျက်နှာကို တစ်ဖန်ပြန်လည် ငယ်ရွယ်နုပျိုသွားအောင် ပြုလုပ်ပေးမယ့် သဘာဝနည်းလမ်းကောင်းများ ရှိပါတယ်။

ငှက်ပျောသီး အသုံးပြုပါ

ငှက်ပျောသီး အသုံးပြုပါ

Photo: Healthline

ငှက်ပျောသီးများထဲတွင် အသားအရေကို တစ်ဖန်ပြန်လည်ငယ်ရွယ်နုပျိုစေမယ့် သဘာဝအဆီများနှင့် ဗီတာမင်ဓာတ်များ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါ့ကြောင့် ကျွမ်းကျင်ပညာရှင်များက ငှက်ပျောသီးအနှစ်ကို အသားအရေပေါ်တွင် သုတ်လိမ်းကာ ပေါင်းတင်ခိုင်းကြတာ ဖြစ်ပါတယ်။

ပြုလုပ်နည်းကလည်း လွယ်ကူရိုးရှင်းပါတယ်။

အရင်ဦးဆုံး ငှက်ပျေသီးတစ်လုံးရဲ့ လေးပုံတစ်ပုံခန့်ကို အနှစ်များဖြစ်သွားအောင် ချေမွပေးလိုက်ပါ။

ထို့နောက် မျက်နှာအသားအရေပေါ်မှာ ခပ်ပါးပါးလေး သုတ်လိမ်းပေးလိုက်ပါ။

၁၅ မိနစ်မှ မိနစ် ၂၀ ခန့်ထိ ပေါင်းတင်ပေးလိုက်ပါ။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ ရေနွေးနွေးဖြင့် မျက်နှာသစ်လိုက်လို့ ရပါပြီ။

ပါးရေတွန့် ခြင်းနှင့် အရေးအကြောင်းများကြောင့် စိတ်ပူနေရတဲ့ ကွီး တို့အတွက် အထိရောက်ဆုံးနဲ့ အရိုးရှင်းဆုံး နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။

စူပါအစားအစာများ စားသုံးပါ

ပါးရေတွန့် ကွီး

ကွီးတို့ရဲ့အသွင်အပြင်ကို ပိုမိုငယ်ရွယ်သွားသယောင် ကူညီပေးမယ့် စူပါအစားအစာတွေ ရှိပါတယ်။ ထိုအစားအစာများကို များများမှီဝဲစားသုံးပါက အရေးအကြောင်းများ ယူပစ်သလို ပျောက်ကွယ်သွားမှာပဲ ဖြစ်ပါတယ်။

ထိုစူပါအစားအစာများကတော့..…

ထောပတ်သီး၊ အုတ်ဂျုံ၊ ငါးသေတ္တာ၊ ကန်စွန်းဥ၊ ခရမ်းချဉ်သီး၊ ကြက်ဥအကာ၊ သစ်ကြမ်းပိုးခေါက်၊ အခွံမာသီးနှင့် အစေ့အဆံများ၊ ဂျင်း အစရှိသည်တို့ပဲ ဖြစ်ပါတယ်။

ကြက်ဥအကာဖြင့်လည်း ပေါင်းတင်နိုင်ပါတယ်

ပါးရေတွန့် ကွီး

Photo: Healthshots

ကြက်ဥအကာသည် အရေပြားရဲ့အတွင်းထဲအထိ စိမ့်ဝင်နိုင်တဲ့အတွက်ကြောင့် အသားအရေအတွက် အထူးကောင်းမွန်ပါတယ်။ ကြက်ဥအကာထက် ကြက်ဥအခွံမှာ ကပ်နေတဲ့ ပါးလွှာတဲ့ အမြှေးပါးလေးတွေက ပိုပြီးတော့တောင် အစွမ်းထက်ပါတယ်။ သို့သော် ကြက်ဥနဲ့ ဓာတ်မတည့်သူများကတော့ ဒီပေါင်းတင်နည်းကို ရှောင်ကြဉ်သင့်ပါတယ်။

၂၀၁၆ တုန်းက လေ့လာထားတဲ့ သုတေသနလေ့လာချက်အရ ကြက်ဥအကာနှင့် အခွံမှ ကပ်နေတဲ့ အမြှေးပါးများကို အသုံးပြုပါက အသားအရေရဲ့ ကောလဂျင်ဓာတ်ကို တိုးမြှင့်ပေးပြီး အသားအရေကို ပိုမိုချောမွေ့စေတဲ့အပြင် ပိုမိုတင်းရင်းစေနိုင်တယ်လို့ သိရှိရပါတယ်။

ပြုလုပ်နည်းကလည်း လွယ်ကူရိုးရှင်းပါတယ်။ ကြက်ဥတစ်လုံးကို အကာနှင့် အနှစ် သပ်သပ်စီ ခွဲလိုက်ပါ။ ထို့နောက် ကြက်ဥအကာနှင့် ကြက်ဥအခွံမှာ ကပ်နေတဲ့ အကာအမြှေးပါးလေးများကို မျက်နှာပေါ် သုတ်လိမ်းပေးလိုက်ပါ။ ၁၅ မိနစ်ခန့်ကြာမှ ကြက်သီးနွေး ရေနွေးဖြင့် မျက်နှာသစ်ပေးလိုက်ရပါမယ်။

အထက်ဖော်ပြပါ နည်းလမ်းများကတော့ အရေးအကြောင်းနှင့် ပါးရေတွန့် ခြင်းကို သဘာဝအတိုင်း ပျောက်ကင်းသွားချင်တဲ့ ကွီး တို့အတွက်ပဲဖြစ်ပါတယ်။

Source: Healthline

Featured Image: Jameschristiancosmetics