မိမိလက်ရှိရောက်နေတဲ့ အခြေအနေကနေ ပိုပြီး ကောင်းမွန်သာယာတဲ့ ဘဝတစ်ခုကို လူတိုင်း ရချင်ကြပါတယ်။ ပိုကောင်းတဲ့ ဘဝတစ်ခုရဖို့ဆို ကျွန်တော်တို့ ကိုယ်တိုင် ပြောင်းလဲရမယ့် အလေ့အကျင့်တွေ ၊ မဖြစ်မနေ လုပ်ဆောင်ရမယ့် အရာတွေ အများကြီး ရှိပါတယ်။ သင်က အခုလက်ရှိဘဝထက် ပိုမြင့် ၊ ပိုကောင်းတဲ့ ဘဝတစ်ခု ကို ပိုင်ဆိုင်ဖို့ စိတ်အားထက်သန်မှုရှိတယ်ဆိုရင် အခုပြောပြမယ့် အချက်လေးတွေကို သေချာပေါက် လိုက်နာလုပ်ဆောင်ဖို့ အကြံပေးချင်ပါတယ်။

(၁) အချိန်ဖြုန်းနေတာ ရပ်လိုက်ပါ

Photo : Level Up Coding

ကျွန်တော်တို့ဘဝထဲက အချိန်တွေက အရမ်းကို တန်ဖိုးကြီးပါတယ်။ အစားထိုး ပြန်မရနိုင်တဲ့ အဖိုးတန်အချိန်တွေကို အလဟာသက် ကုန်ဆုံးပစ်နေမိတယ်ဆိုရင် ဒီနေ့ကစပြီး ရပ်တန့်လိုက်ဖို့ သတိပေးချင်ပါတယ်။ အချိန်ကို အကျိုးရှိရှိ အသုံးချတက်လာတာနဲ့ သင့်ဘဝက ပိုကောင်းတဲ့ အခြေအနေဆီကို ဦးတည်နေပြီဆိုတာ သေချာပေါက် ပြောလို့ရပါတယ်။

(၂) တစ်ပြိုင်နက် အများကြီးလုပ်တက်တဲ့အကျင့်ကို ပြင်ပါ

Learn to singletask

Photo : Entrepreneur

လေ့လာမှုတွေအရ Multitask လုပ်နိုင်စွမ်းရှိသူတွေက ကမ္ဘာ့လူဦးရေရဲ့ ၂ ရာခိုင်နှုန်းသာ ရှိတယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ဟာ အလုပ် ၂ ခု ၊ ၃ ခုကို တပြိုင်နက် လုပ်ဆောင်တဲ့အခါ အာရုံစူးစိုက်မှု လျှော့ကျပြီး ဦးနှောက်ရဲ့ အလုပ်လုပ်နိုင်စွမ်းကို ပိုခက်သွားစေနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ အလုပ်တစ်ခုတည်းကိုပဲ သေချာအာရုံစိုက် ကြိုးစားလုပ်သင့်ပါတယ်။ တစ်နေ့တာမှာ သင်လုပ်ဆောင်ရမယ့်အရာတွေကို စာရင်းပြုစုပါ။ တစ်ပြိုင်နက်အများကြီး လုပ်တာထက် အရေးကြီးဆုံးအရာတွေကနေစတင်ပြီး တစ်ကြိမ်လျှင် အလုပ်တစ်ခုကိုပဲ ပြီးမြောက်အောင် လုပ်ဆောင်သွားတက်တဲ့ အကျင့်ကိုပြောင်းလဲ မွေးမြူသင့်ပါတယ်။

(၃) တိုးတက်ချင်စိတ်ရှိသူတွေနဲ့ ပေါင်းပါ

Surround yourself with positive people

Photo : Calm Sage

လူတိုင်းအတွက် ပေါင်းသင်းဆက်ဆံရေးဟာ အင်မတန် အရေးပါလှပါတယ်။ အောင်မြင်ချင်ရင် ကိုယ်တိုင်ကြိုးစား အားထုတ်ရမယ်ဆိုတာ မှန်ပေမယ့် ကိုယ်အနားနီး ပတ်ဝန်းကျင်က လူတွေနဲ့လည်း သက်ဆိုင်မှုတချို့ ရှိနေပါတယ်။ ကိုယ့်အနားမှာ တိုးတက်ချင်စိတ်မရှိတဲ့သူ လူပျော့လူညံလူဖျင်းတွေ ရှိနေရင် အနည်းနဲ့အများ သင်လည်း သူတို့နည်းတူ တိုးတက်ဖို့ လမ်းစမရှိပဲ နေမိလာနိုင်ပါတယ်။ ဒါကြောင့် အကောင်းမြင်စိတ်ရှိပြီး တိုးတက်ရာတိုးတက်ကြောင်း ရှာဖွေနေကြတဲ့ လူတွေ ၊ တော်တဲ့ထက်တဲ့ အနာဂတ်ရည်မှန်းချက်အပြည့်ရှိသူတွေနဲ့ များများအချိန်ကုန်ဆုံး ပေါင်းသင်းနေထိုင်ဖို့ လိုပါတယ်။

(၄) ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ

Self-Care

Photo : Lyra Health

သင်ဟာ ကိုယ့်ကိုယ်ကိုယ် ဘယ်လောက်အတိုင်းအတာအထိ ဂရုစိုက်ဖြစ်ပါလဲ ? လူအများစုက တခြားသူတွေနဲ့ ကိုယ့်ပတ်ဝန်းကျင်က လူတွေအပေါ် ဂရုစိုက်ဖြစ်ကြပေမယ့် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ကိုတော့ မေ့ထားတက်ကြပါတယ်။ သင့်ကိုယ်တိုင် ပိုကောင်းတဲ့ ဘဝတစ်ခုကို သွားချင်ရင် သင့်ကိုယ်သင် ဂရုစိုက်ခြင်းအပေါ် ရင်းနှီးမြုပ်နှံဖို့ လိုပါသေးတယ်။ ကိုယ့်အတွက်ကိုယ် အချိန်ပေးတာ ၊ ကျန်းမာအောင် နေထိုင်စားသောက်တာ ၊ စိတ်ခံစားချက်တွေကို အမြဲဆန်းစစ်တာ ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပုံမှန်လုပ်တာ ၊ အနားယူချိန် ကောင်းကောင်းပေးတာ  ၊ ဝါသနာပါတဲ့ အရာတွေအတွက် တစ်နေ့တာမှာ အချိန်အနည်းငယ်ခွဲပေးပြီး လုပ်ဆောင်တာ စတဲ့နည်းလမ်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ လိုပါတယ်။

Featured Photo : Forbes