လူတိုင်းမှာ ဝါသနာအမျိုးမျိုး ရှိကြပါတယ်။ တချို့ဝါသနာတွေကလူကိုပျော်ရွှင်စေသလို တချို့ဝါသနာတွေက တီထွင်ဖန်တီးမှုအားကောင်းလာစေပါတယ်။ တချို့ဝါသနာတွေကတော့ ဝင်ငွေရနိုင်တာတွေရှိသလို တချို့ဝါသနာတွေက သင့်ရဲ့ အချိန်ကိုကုန်စေတာမျိုးလဲဖြစ်နိုင်ပါတယ်။ အခုပြောပြပေးချင်တာက ငွေကြေးမကုန်ကျဘဲ အချိန်အများကြီးလဲမပေးရတဲ့ သင့်ဘဝကို ပိုကောင်း လာစေဖို့ရှိသင့်တဲ့ ဝါသနာ (၅)မျိုးအကြောင်းပါ။ သိပြီးသားတွေဆိုပေမယ့် လက်တွေ့လိုက်မလုပ်ရသေးရင်လဲ အောက်မှာပြန်ဖတ်ကြည့်လိုက်ပါဦး။

(၁) စာဖတ်ပါ

Source : PBS

စာဖတ်ဝါသနာဟာ သင့်ကိုတိုးတက်အောင်မြင်စေနိုင်တယ်ဆိုတာသင်သိပြီးဖြစ်မှာပါ။ ကမ္ဘာပေါ်ကအောင်မြင်တဲ့သူတွေအားလုံးက စာဖတ်တဲ့သူတွေပဲဖြစ်ပါတယ်။ လေ့လာမှုအတော်များများက စာဖတ်ခြင်းဟာ ဦးနှောက်လုပ်ဆောင်မှုကိုပိုမိုကောင်းမွန်စေပြီး ကျန်းမာရေးကိုကောင်းစေတယ်လို့ဆိုထား ကြပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုကိုလဲလျော့နည်းစေနိုင်ပါသေးတယ်။ စာဖတ်တဲ့အခါမှာလည်း စိတ်ကူးယဥ်ဝတ္ထုရော၊ ရသစာပေပါဖတ်ဖို့အကြံပြုချင်ပါတယ်။

(၂) ဟင်းချက်ပါ

Source : Daily News Bro

ဟင်းချက်ခြင်းက အကျိုးကျေးဇူးတွေအများကြီးပေးနိုင်ပါတယ်။ သင့်ရဲ့အချက်အပြုတ်စွမ်းရည်ကိုမြှင့်တင်ခြင်းက သင့်ရဲ့အာရုံစူးစိုက်နိုင်စွမ်းကိုပိုမိုကောင်းစေပြီး အစီအစဥ်ချမှတ်တဲ့စွမ်းရည်တွေကိုပါတိုးတက်လာတာကိုတွေ့ရပါ လိမ့်မယ်။ ဟင်းအိုးမီးဖိုပေါ်တင်ထားတဲ့အချိန် သင့်စိတ်ပျံ့လွင့်လို့မရပါဘူး။ ကြက်သွန်လှီးတဲ့အခါ အာရုံပျံ့လွင့်နေ ရင် သင့်လက်ကိုဓါးနဲ့လှီးမိမှာဖြစ်ပါတယ်။ ဒါ့ပြင် ညစာအတွက်ဘာချက်ရမယ်၊ လတ်ဆတ်ပြီးအဟာရပြည့်ဝ အောင် ဘယ်လိုအစားအစာတွေစီမံလဲစတာတွေက သင့်ရဲ့စီစဥ်လုပ်ဆောင်မှုစွမ်းရည်ကိုတိုးတက်လာစေနိုင်ပါ တယ်။

(၃) ပန်းချီဆွဲပါ

Source : Everyday Power

စိတ်ဖိစီးမှုများတဲ့အခါ ပုံတစ်ပုံဆွဲလိုက်တာက စိတ်ဖိစီးမှုတွေကို သက်သာစေတဲ့အံ့ဩဖွယ်နည်းလမ်းတခုဆို မမှားပါဘူး။ ဒါက သင့်ကိုယ်သင်ပြန်လှန်တွေးတောတဲ့စိတ်ကူးဝါသနာရပ်ပါ။ ဒီနည်းလမ်းက သင့်ရဲ့ဖန်တီးနိုင်စွမ်းကိုဖော်ထုတ်ပေးပြီး သင့်စိတ်ခံစားမှုတွေကို စာရွက်ပေါ်မှာပုံဖော်လိုက်တာပါပဲ။ ဆွဲပြီးတဲ့အခါလည်း သင်ကိုယ်တိုင်ဆွဲထားတဲ့လက်ရာကိုရောင်းချတာ ဒါမှမဟုတ် သင့်အိပ်ခန်းနံရံမှာချိတ်ထားလို့ရသေးတယ်နော်။

(၄) ကပါ

Source : Pexels

ကခုန်ပါ ကခုန်တာဟာ ကောင်းမွန်တဲ့လေ့ကျင့်ခန်းတမျိုးပါ။ အခုခေတ်လို ကွန်ပျူတာတွေ၊ ဖုန်းတွေနဲ့အလုပ်လုပ် ရတဲ့ခေတ်မှာ ကခုန်ခြင်းကလိုအပ်တဲ့ဝါသနာတခုပါပဲ။ ကခုန်တာလို ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပုံမှန်လုပ်တဲ့ သူတွေဟာ ကျန်းမာတဲ့လူနေမှုပုံစံကိုရနိုင်ပြီး ပိုကောင်းတဲ့ဘဝအရည်အသွေးကိုပါခံစားနိုင်မှာဖြစ်ပါတယ်။ ဒါ့ပြင် စိတ်ဖိစီးမှုလျော့ကျစေတဲ့အကောင်းဆုံးနည်းလမ်းတခုလဲဖြစ်ပါတယ်။ ကဲ ဒါဆို မှန်ကြည့်ပြီးအကလေ့ကျင့်ဖို့ အခုပဲမှန်အကြီးကြီးတစ်ချပ်သွားဝယ်လိုက်ပါ။

(၅) တရားထိုင်ပါ

Source : PsychMed

ဟုတ်ပါတယ် တရားထိုင်တာကိုဝါသနာမဟုတ်ဘူးလို့ပြောနိုင်ပါတယ်။ ဒါပေမယ့် တရားထိုင်ခြင်းက သင့်အတွက်အကျိုးကျေးဇူးများစွာပေးနိုင်တဲ့အတွက် ပျိုးထောင်သင့်တဲ့ဝါသနာတခုပါ။ စိတ်ဖိစီးမှုလျော့နည်းစေတယ်၊ အာရုံစူးစိုက်နိုင်စွမ်းကောင်းတယ်၊ အိုမင်းရင့်ရော်မှုကိုတားဆီးနိုင်သလို နှလုံးသွေးကြောဆိုင်ရာကျန်းမာရေးကိုအထောက်အကူပြုစေပြီး လူတစ်ယောက်ရဲ့ယေဘုယျပျော်ရွှင်မှုကို ပါတိုးတက်စေပါတယ်။ တရားထိုင်ရတာမလွယ်ကူဘူးဆိုပေမယ့် သင့်အတွက်အကျိုးကျေးဇူးတွေ အများကြီးပေးနိုင်တဲ့အတွက် တရားထိုင်တဲ့အလေ့အကျင့်ကိုလုပ်ပေးသင့်ပါတယ်။