ဂိမ်းတွေကို ရူးရူးမူးမူး ဆော့ကြတဲ့ အကြီးစား ဂိမ်းချစ်သူတွေကတော့ ဘယ်လောက်ဈေးကြီးကြီး သပ်သပ်ကို အကုန်အကျခံပြီး ဝယ်ကြတာကို တွေ့ဖူးပါတယ်။ ဒါပေမယ့် အချို့ဂိမ်းတော့ ကြိုက်တယ် ဒါပေမယ့် Free To Play ဆော့လို့ ရတဲ့ ဂိမ်းတွေကလွဲရင် အိတ်စိုက်ပြီး ဘယ်ဂိမ်းမှ ဝယ်မဆော့ဘူးဆိုတဲ့ ကွီးတွေလည်း ရှိပါတယ်။ ဒီလို ပိုက်ဆံ ကုန်ပေါက်တွေရှိရင် ဂိမ်း တောင် မဆော့ပါဘူးဆိုတဲ့ ကွီးတို့အတွက် ဒီဆောင်းပါးလေးမှာတော့ တပြားမှကုန်စရာမလိုပဲ အလကား Play ကြိတ်လို့ရမယ့် အမိုက်စား မိုလ်ဘိုင်းဂိမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။

(၁) Rocket League Sideswipe

Source : Rocket League

Rocket League Sideswipe ကတော့ မိုလ်ဘိုင်းဂိမ်းတွေထဲမှာ တော်တော်လေး နာမည်ကြီးတဲ့ Arcade ဂိမ်းတွေထဲက တစ်ခုပါ။ PC နဲ့ Console ဂိမ်း ဗားရှင်းတွေမှာကတည်းက လူကြိုက်များခဲ့တာဖြစ်ပြီး အခုကတော့ 2D မိုလ်ဘိုင်းဗားရှင်း ဖြစ်ပါတယ်။ ဒီဂိမ်းလေးက ကားမောင်းနဲ့ ဘောလုံးဂိမ်းနှစ်ခုကို ပေါင်းစပ်ထားတာလို့ ပြောရမှာဖြစ်ပြီး Players တွေအနေနဲ့ ကားတွေမောင်းရင်း ဧရာမဘောလုံးကြီးနဲ့ ပြိုင်ဘက်ဂိုးပေါက်ကို အကြိတ်အနယ် ဂိုးသွင်းရမှာ ဖြစ်ပါတယ်။ 1v1 နဲ့ 2v2 Modes တွေ ပါဝင်ပြီး ဂိမ်းတစ်ပွဲကို ၂ – ၃ မိနစ်ဝန်းကျင်သာ ကြာမှာဖြစ်ပါတယ်။ ဒီဂိမ်းလေးက ပေါ့ပေါ့ပါးပါးနဲ့ ဆော့ရတာ ပျော်စရာကောင်းသလို ပိုက်ဆံ တစ်ပြားမှ မကုန်ပဲ Free To Play ကြိတ်လို့ ရပါတယ်။

(၂) Vampire Survivors

Source : GameTrailers

Vampire Survivors ဂိမ်းလေးကတော့ ပိုက်ဆံ လည်း မကုန် ဆော့လို့လည်းကောင်းတဲ့ အမိုက်စား Survival ဂိမ်းလေး ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ စတင်ထွက်ရှိလာခဲ့တာဖြစ်ပြီး ဂိမ်းချစ်သူတွေကြားမှာ တော်တော်လေးလည်း နာမည်ကြီး ရေပန်းစားပါတယ်။ ကွီးတို့ရွေးချယ်ထားတဲ့ ဂိမ်း Character က Monsters တွေ အစုလိုက်အပြုံလိုက်ရှိနေတဲ့ ကွင်းပြင်ထဲကို ဖြတ်ကျော်သွားရမှာဖြစ်ပြီး အလိုအလျောက် ပစ်ခတ်တိုက်ခိုက်တဲ့စနစ်ပါဝင်ကာ Players တွေကတော့ အထက်အောက်ဘယ်ညာ ရွေ့ပေးရမှာ ဖြစ်ပါတယ်။ ဂိမ်းတဆင့်ပြီးတဆင့် Characters အသစ်တွေ Unlock လုပ်သွားရမှာ ဖြစ်ပြီး Control ပိုင်း ချော့ချောမွေ့မွေ့နဲ့ ပေါ့ပေါ့ပါးပါး ဆော့လို့ကောင်းတဲ့ ဂိမ်းခပ်မိုက်မိုက်လေးတစ်ခု ဖြစ်ပါတယ်။

(၃) Marvel Snap

Source : Marvel Entertainment

ပိုက်ဆံ မကုန်ပဲ Free To Play ကြိတ်လို့ရမယ့် အမိုက်စား Card ဂိမ်းဆော့ချင်ရင်တော့ Marvel Snap ရှိပါတယ်။ ဒီဂိမ်းက Legends of Runeterra နဲ့ Hearthstone တို့လို Card Battle ဆိုင်ရမယ့် ဂိမ်းလေးပါ။ Iron Man ၊ Avengers ထဲက X-Men နဲ့ Fantastic Four အထိ Marvel ဇာတ်ကောင်တွေ အဓိက ပါဝင်တဲ့အတွက် Marvel ဖန်တွေလည်း တော်တော်လေး နှစ်ခြိုက်မှာ ဖြစ်ပါတယ်။ Battle Times က အမြန်ဆုံး ၃ မိနစ်ဝန်းကျင်ပဲ ကြာမြင့်မှာ ဖြစ်တာကြောင့် တစ်ပွဲနဲ့တစ်ပွဲကို မြန်မြန်ဆန်ဆန်နဲ့ ပေါ့ပေါ့ပါးပါးပဲ ဆော့ချင်တဲ့ ကွီးတို့ကတော့ လုံးဝကို အကြိုက်တွေ့စေမှာ သေချာပါတယ်။

(၄) Call of Duty: Mobile

Source : Call of Duty: Mobile

Free To Play ဂိမ်းတွေအကြောင်း ပြောရရင်တော့ တိုက်ခိုက်ရေးဂိမ်းတွေထဲမှာ နာမည်ကြီးသားဖြစ်တဲ့ Call of Duty: Mobile ကတော့ မပါမဖြစ် ထည့်ပြောရမှာပါ။ ဒီဂိမ်းကတော့ ကစားသမား ၁၀၀ အထိ ပါဝင် Battle ဆိုင်ရမှာဖြစ်ပြီး PUBG Mobile လို တိုက်ခိုက်ပစ်ခတ်ရတာကြိုက်တဲ့ ဂိမ်းချစ်သူကွီးတို့ကတော့ သေချာပေါက် ကြိုက်မယ်လို့ မျှော်လင့်ပါတယ်။ PUBG နဲ့ မတူတာကတော့ Call of Duty: Mobile မှာ Critical Ops သို့မဟုတ် Modern Combat ဂိမ်းတွေလို FPS PvP Mode ပါဝင်ပြီး ဂရပ်ဖစ်တွေကလည်းလန်း Gameplay ပုံစံလည်း တော်တော်လေး Smooth ဖြစ်တာ တွေ့ရပါတယ်။ ဂိမ်းထဲမှာ အချို့ Items အသစ်တွေကတော့ ဝယ်ဆော့ရမှာ ဖြစ်ပေမယ့် ပုံမှန်အားဖြင့်တော့ ပိုက်ဆံ ကုန်စရာမလိုပဲ Free To Play ဆော့ကစားနိုင်မှာ ဖြစ်ပါတယ်။

Source : Android Authority

Featured Photo : Radio Times