ခရီးသွားရတာကို ကြိုက်နှစ်သက်ပြီး တစ်နှစ်တစ်ခါလောက်မှ ခရီးမထွက်ရရင် မနေနိုင်တဲ့ ကွီးတို့ရှိပါသလား။ အမြဲတမ်းဆိုသလို ခရီးသွားလေ့ရှိတယ် ပိုက်ဆံ အကုန်ခံရကျိုးလည်း နပ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နေရာ များဆီသို့ သွားရောက်သင့်ပါတယ်။​

ပြင်သစ်နိုင်ငံရှိ ပဲရစ်မြို့

ပြင်သစ်နိုင်ငံရှိ ပဲရစ်မြို့

ဒီမြို့လေးကို ပြင်သစ်တွေကတော့ ပါရီလို့ ခေါ်ကြပါတယ်။ ပြင်သစ်နိုင်ငံရဲ့ မြို့တော်ဖြစ်ပြီး ရိုမန့်တစ်ဆန်တဲ့ မြို့လို့တောင် တင်စားခံရတဲ့ ပါရီမြို့ကလည်း ခရီးသွားချစ်သူများအကြား ရေပန်းစား နာမည်ကြီးတဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။​ တကယ်လို့ ကွီးတို့က ဥရောပဘက် ခရီးထွက်ဖြစ်တယ်ဆိုရင်တော့ ဒီမြို့ကို မဖြစ်မနေ သွားရောက်လည်ပတ်သင့်ပါတယ်။ မြို့ထဲမှာ လည်ပတ်စရာ ပန်းချီပြခန်းများ၊ ပြတိုက်များအပြင် ရင်သပ်ရှုမောဖွယ်ရာ ရှုခင်းများနဲ့ ပြည့်နှက်နေပါတယ်။

သီရိလင်္ကာရှိ Nuwara Eliya

Nuwara Eliya

သီရိလင်္ကာရှိ Nuwara Eliya ကို သွားရောက် လည်ပတ်လို့ အကောင်းဆုံးအချိန်ကတော့ ဧပြီလနှင့် သြဂုတ်လအတွင်းပဲ ဖြစ်ပါတယ်။ ထိုအချိန်တွေမှာဆိုရင် ရာသီဥတုက အင်မတန်မှကို သာယာ ကောင်းမွန်တဲ့အတွက်ကြောင့် တောင်ပေါ်တက်ပြီး လေညှင်းခံကာ လှပတဲ့ ရှုမျှော်ခင်းများကို ကြည့်ချင်ရင်တော့ ကွက်တိပါပဲ။

စင်ကာပူ

ပိုက်ဆံ နေရာ

သန့်ရှင်း သပ်ရပ်လှပတဲ့ စင်ကာပူနိုင်ငံကဆိုရင်တော့ အရှေ့တောင်အာရှမှာ အချမ်းသာဆုံး နိုင်ငံများထဲတွင် တစ်ခု အပါအဝင်ပါပဲ။ စင်ကာပူနိုင်ငံမှာဆိုရင်တော့ လည်ပတ်စရာ နေရာတွေကလည်း အများကြီးပါပဲ။ Gardens by the Bay ကိုပဲ သွားလည်ချင်သလား၊ ဒါမှမဟုတ် သစ်ပင်ပန်းမာန်တွေရဲ့ အလှကို သွားရောက်ကြည့်ရှုချင်တယ်ဆိုရင်တော့ Singapore Botanic Gardens ၊ National Orchid Garden အစရှိတဲ့ နေရာများဆီသို့ သွားရောက်လည်ပတ်နိုင်ပြီး Singapore Zoo ၊ Cloud Forest အစရှိတဲ့ နေရာတွေကလည်း လည်ပတ်လို့ ကောင်းပါတယ်။

ဆွစ်ဇာလန်

ပိုက်ဆံ နေရာ

တောတောင် ထူထပ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီး သဘာဝ ပတ်ဝန်းကျင် အလှအပများ ပေါကြွယ်ဝတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ စီးပွားရေးနှင့် ဘဏ်လုပ်ငန်းများနှင့် ပတ်သက်လာလျှင် ရှေးဆုံးက ပြေးနေတဲ့ နိုင်ငံတစ်နိုင်ငံပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဆွစ်ဇာလန်နိုင်ငံထုတ် နာရီများနှင့် ချောကလက်များကတော့ ကမ္ဘာ့အကောင်းဆုံးလို့ နာမည်ကြီးပါတယ်။ သဘာဝအလှကို ချစ်မြတ်နိုးပြီး Alps တောင်တန်းကြီးကို မျက်ဝါးထင်ထင် မြင်တွေ့ချင်တယ်ဆိုရင်တော့ ဒီနိုင်ငံသို့ သွားရောက်သင့်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ

ပိုက်ဆံ နေရာ

အင်ဒိုနီးရှားနိုင်ငံ ဘာလီသို့ သွားရောက်လည်ပတ်မယ်ဆိုရင်တော့ ဧပြီလနှင့် အောက်တိုဘာလအတွင်း သွားရောက်လည်ပတ် သင့်ပါတယ်။ လည်ပတ်စရာ နေရာအများအပြား ရှိတဲ့အပြင် ပိုက်ဆံ​ ကုန်ရကျိုးလည်း နပ်စေမယ့် နေရာ တစ်ခုဖြစ်တာကြောင့် ကွီးတို့ ရွေးချယ်သင့်တဲ့ နေရာတစ်ခုဆိုလည်း မမှားပါဘူး။

Source: AwayGoWe

Featured Image: Standout.co.uk