ငွေကို ဒုတိယဘုရားသခင်လို့တောင် တင်စားခေါ်ဝေါ်ကြသည်အထိ အင်အားကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်။ ထိုအင်အားကြီးတဲ့ ပိုက်ဆံ အကြောင်းကို ရေးဖွဲ့သီကုံးကာ စပ်ဆိုထားတဲ့ သီချင်း ကောင်းများလည်း အများအပြားရှိပါတယ်။ ထိုအထဲကမှ လူကြိုက်များပြီး ပေါ်ပြူလာဖြစ်တဲ့ သီချင်းများအကြောင်းကို ဝေမျှပေးလိုက်ရပါတယ်။
C.R.E.A.M. – Wu-Tang Clan
Source: Wu-Tang Clan
ဒီသီချင်းကတော့ ၁၉၉၃ ခုနှစ်ကထွက်ရှိထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး Wu-Tang Clan က သီဆိုထားတာဖြစ်ပါတယ်။
Money – Pink Floyd
Source: Pink Floyd
ပိုက်ဆံ အကြောင်း စပ်ဆိုထားတဲ့ နောက်ထပ် သီချင်း ကောင်းလေးတစ်ပုဒ်ကတော့ Pink Floyd ရဲ့ သီချင်းပဲဖြစ်ပါတယ်။
For The Love Of Money – The O’Jays
Source: The O’Jays
ပိုက်ဆံအတွက်ဆိုရင် လူတွေက ကိုယ့်မိခင်ကိုတောင် မချန်ဘဲ ဓားပြပြန်တိုက်တတ်ကြောင်း သီဆိုဖော်ပြထားတာဖြစ်ပါတယ်။
Mo Money Mo Problems – The Notorious B.I.G
Source: Notorious B.I.G
ဒီသီချင်းလေးကတော့ B.I.G အဖွဲ့ရဲ့ အကျော်ကြားဆုံးနဲ့ Hit အဖြစ်ဆုံး သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။
Got Your Money – OI’ Dirty Bastard FT. Kelis
Source: UPROXX Video
၁၉၉၀ ပြည့်နှစ်တုန်းက နာမည်ကြီးတဲ့ ဟစ်ဟော့သီချင်းတစ်ပုဒ်ဖြစ်ပြီး ပိုက်ဆံ ကြောင့် အကျင့်ပျက်ချစားတာတွေ ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း သတိပေးနေတဲ့ သီချင်း တစ်ပုဒ်ပဲဖြစ်ပါတယ်။
Can’t Buy Me Love – The Beatles
Source: The Beatles
The Beatles ရဲ့ ဖန်တွေကတော ဒီသီချင်းကို ကြားဖူးနားဝရှိကြပါလိမ့်မယ်။
Brother, Can You Spare A Dime – Bing Crosby
Source: Klar Name
၁၉၃၂ ခုနှစ်က Americana ဆိုတဲ့ Musical ပြဇာတ်အတွက် ရေးဖွဲ့သီကုံးထားတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး နောက်ပိုင်းတွင် ကျော်ကြားလာကာ George Michael က ၁၉၉၉ ခုနှစ်တွင် ကာဗာပြန်လည်သီဆိုခဲ့ပါတယ်။
Bills Bills Bills – Destiny’s Child
Source: Destiny’s Child
နောက်ထပ် သီချင်းကောင်းလေးတစ်ပုဒ်ကတော့ Destiny’s Child အဖွဲ့သီဆိုထားတဲ့ Bills Bills Bills သီချင်းပဲဖြစ်ပါတယ်။
Money, Money, Money – Abba
Source: ABBA
ဒီသီချင်းကတော့ ၁၉၇၆ ခုနှစ်က ထွက်ရှိထားတာဖြစ်ပြီး ပြီးပြည့်စုံတဲ့သီချင်းစာသားကြောင့် လူကြိုက်များပါတယ်။
A Milli – Lil’ Wayne
Source: Lil’Wayne
ရက်ပ်နှင့် ဟစ်ဟော့ သီချင်းချစ်သူပရိသတ်များအတွက်တော့ Lil’s Wayne သီဆိုထားတဲ့ A Milli လို့ခေါ်တဲ့သီချင်းလေးကလည်း လက်မလွတ်တမ်းနားဆင်ခံစားသင့်ပါတယ်။
Source: Timeout
Featured Image: Prims