Poco C55 ရဲ့ နောက်ထပ်မျိုးဆက် Poco C65 စမတ်ဖုန်းသစ်ကို မိတ်ဆက်လိုက်ပါပြီ။ ဒီဖုန်းမှာ ပိုမိုကောင်းမွန်တဲ့ Refresh Rate ၊ ပိုလန်း တဲ့ ကင်မရာတွေနဲ့ ပိုမိုမြန်ဆန်တဲ့ အားသွင်းစနစ်တွေ ပါဝင်လာမှာ ဖြစ်ပါတယ်။

Poco C65

Photo : FoneArena.com

Poco C65 ဖုန်းမှာ ၆.၇၅ လက်မ 1600x720px IPS LCD မျက်နှာပြင် တပ်ဆင်ပေးထားပြီး 90Hz Refresh Rate နဲ့ Peak Brightness 600 Nits ထောက်ပံ့ပေးထားပါတယ်။ မျက်နှာပြင်ဟာ ပုံမှန် 8-Bit Panel တစ်ခုဖြစ်ပေမယ့်လည်း Blue Light ထုတ်လွှတ်မှုနည်းတဲ့ TUV-Certified ဖြစ်ပြီး DC Dimming လည်း ပံ့ပိုးပေးထားပါတယ်။

Poco C55 တုန်းက အရှေ့ဘက်မှာ 5 MP ကင်မရာကို အသုံးပြုခဲ့ပြီး အခု Poco C65 မှာတော့ 8MP ကင်မရာအထိ အဆင့်မြင့်တင်လာခဲ့ကာ ဆယ်လ်ဖီ ရိုက်ကူးတဲ့အခါ အလင်းရောင်နည်းတဲ့ နေရာတွေမှာပင် သဘာဝဆန်တဲ့ အလင်းရောင်ကိုပေးမယ့် Soft Light Ring ပါရှိပါတယ်။

ကျောဘက်မှာတော့ 50MP f/1.8 Main ကင်မရာနဲ့ 2MP f/2.4 Macro ၂ လုံး တွဲဖက်တပ်ဆင်ပေးထားပြီး ယခင် Poco C55 ဖုန်းမှာရှိတဲ့ Depth Sensor ထက်ပိုသာနေဦးမှာ ဖြစ်ပါတယ်။ ဖုန်းရဲ့ဘေးဘက်ကိုယ်ထည်မှာ စွမ်းဆောင်ရည်မြင့် လက်ဗွေဖတ် Scanner ကိုထည့်သွင်းပေးထားပြီး ဆယ်လ်ဖီ ကင်မရာကနေလည်း Face Unlock လုပ်ဆောင်ချက်ကို လုပ်နိုင်မှာ ဖြစ်ပါတယ်။

Poco C65

Photo : Gizchina.com

Poco C65 မှာ 18W အားသွင်းစနစ် ထောက်ပံ့ပေးထားတဲ့ 5,000mAh ဘက်ထရီ ပါရှိပြီး ဘူးထဲမှာတော့ 10W Charger သာ ပါဝင်မှာ ဖြစ်ပါတယ်။ ယခင် Poco C55 ထက် အဆင့်မြှင့်တင်ထားတဲ့ အဓိကအချက်တစ်ခုကတော့ USB-C အားသွင်းပေါက် ပါဝင်လာတာဖြစ်ပြီး 3.5mm နားကြပ်ပေါက်ကိုလည်း ထည့်သွင်းပေးလာပါတယ်။

Predecessor ပိုင်းကတော့ ယခင်မျိုးဆက်နဲ့တူပြီး 12nm MediaTek Helio G85 မောင်းနှင်ထားကာ 6GB နဲ့ 8GB RAM ၂ မျိုး ‌ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ Poco C65 ဟာ 6/128GB နဲ့ 8/256GB ဆိုပြီး RAM/Storage ဗားရှင်း ၂ မျိုးနဲ့လာမှာ ဖြစ်ပြီး အရောင်တွေအနေနဲ့ကတော့ အနက်ရောင် ၊ အပြာရောင် နဲ့ ခရမ်းရောင်တို့ ရရှိနိုင်မှာဖြစ်ပါတယ်။ Poco C65 ရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့် အသေးစိတ်အချက်အလက်တွေကိုတော့ မကြာခင်မှာ ဆက်လက်ကြေညာသွားမယ်လို့ သိရပါတယ်။

Featured Photo : GSMArena.com