Honor ကနေ ပြီးခဲ့တဲ့နှစ်တုန်းက ဈေးကွက်အတွင်း အပါးလွှာဆုံး ခေါက်ဖုန်း Magic V2 ကို မိတ်ဆက်ခဲ့ပြီး ဒီဖုန်းက ခေါက်ထားတဲ့ အချိန်မှာ အထူ ၉.၉ မီလီမီတာနဲ့ မခေါက်ထားတဲ့ အချိန်မှာ ၄.၇ မီလီမီတာခန့် ရှိပါတယ်။ အခုဆက်လက်ပြီး Magic V2 ရဲ့ နောက်မျိုးဆက် Magic V3 ကို ပိုမိုပါးလွှားတဲ့ ကိုယ်ထည်တည်ဆောက်မှု ပုံစံနဲ့ ထပ်မံ ထွက်ရှိလာပါတယ်။

 Honor Magic V3
Photo : GSMArena.com

Honor Magic V3 ဖုန်းဟာ ခေါက်ထားတဲ့အချိန်မှာ ၉.၂ မီလီမီတာခန့်ရှိမှာ ဖြစ်ပြီး မခေါက်ထားတဲ့ အချိန်မှာတော့ ၄.၃၅ မီလီမီတာ ရှိမယ်လို့ သိရပါတယ်။ Honor အနေနဲ့ Magic V3 မှာ ၂.၈၄ မီလီမီတာ အထူသာရှိတဲ့ Hinge ကို အဆင့်မြှင့်တင်ပေးထားပြီး အကြိမ်ပေါင်း ၅၀၀,၀၀၀ ကျော် ခေါက်ချိုးအဖွင့်အပိတ် လုပ်နိုင်မယ်လို့ ဆိုထားပါတယ်။ ဖုန်းရဲ့ဘေးဘောင်ကိုတော့ 7-series အလူမီနီယမ်အလွိုင်းနဲ့ ဖန်တီးထားပါတယ်။

နောက်ထပ်ပိုမိုက်တဲ့အချက်တစ်ခုကတော့ Magic V3 ဟာ အလေးချိန် ၂၂၆ ဂရမ်သာ ရှိပြီး အသစ်ထွက်ရှိထားတဲ့ Samsung Galaxy Z Fold6 နဲ့ Magic6 Pro တို့လို ခေါက်ဖုန်းတွေထက် ၁၃ ဂရမ်ဝန်းကျင် ပိုပေါ့ပါတယ်။ Magic V3 မှာ ၆.၄၃ လက်မ LTPO ကာဗာစခရင်ပါရှိပြီး FHD+ Resolution နဲ့ 1-120Hz Refresh Rate ထောက်ပံ့ ပေးထားပါတယ်။ 2,500 Nits Peak Brightness နဲ့အတူ Magic V2 ကဲ့သို့ Stylus Input ကိုလည်း Supports ပေးထားပါတယ်။

 Honor Magic V3

Photo : GSMArena.com

Main Display ကတော့ LTPO OLED အမျိုးအစားဖြစ်ပြီး ၇.၉၂ လက်မ ရှိပါတယ်။ ၎င်းက FHD+ Resolution ၊ 1-120Hz Adaptive Refresh Rate နဲ့ 1,800 Nits Peak Brightness အထိ ထောက်ပံ့ပေးထားပါတယ်။ SOC ကတော့ Magic V3 မှာ Qualcomm ရဲ့ Snapdragon 8 Gen 3 Chipset ကို တပ်ဆင်ပေးထားပြီး 16GB LPDDR5X RAM နဲ့ 1TB UFS 4.0 Storage အတွဲအစပ်နဲ့ လာပါတယ်။

ကျောဘက်မှာ OIS ပါတဲ့ 50MP Main ကင်မရာ (f/1.6 Aperture) နဲ့အတူ 3.5x optical zoom (f/3.0) ရတဲ့ 50MP ကင်မရာ ၁ လုံးနဲ့ 40MP Ultrawide ကင်မရာ (f/2.2) ၁ လုံးတို့ကို တွဲဖက်တပ်ဆင်ထားပါတယ်။ Cover နဲ့ Main Screens တွေမှာတော့ 20MP Front-Facing ကင်မရာ ၁ လုံး ထည့်သွင်းပေးထားပါတယ်။

 Honor Magic V3

ဆော့ဖ်ဝဲပိုင်းမှာ Android 14 အခြေပြု MagicOS 8.0.1 ကို အသုံးပြုထားပြီး AI Features တွေ များစွာအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီအနေနဲ့ 66W Wired နဲ့ 50W Wireless Charging စနစ်တွေ ထောက်ပံ့ပေးထားတဲ့ ၅၁၅၀ mAh Silicon-Carbon ဘက်ထရီကို တပ်ဆင်ပေးထားပြီး Dual SIM လည်း Support ပေးထားပါတယ်။

 Honor Magic V3

Photo : GSMArena.com

Honor Magic V3 ကို Red ၊ White ၊ Green နဲ့ Black ဆိုပြီး အရောင် ၄ မျိုး ရွေးချယ်နိုင်မှာဖြစ်ပြီး ဈေးနှုန်းကတော့ 12/256GB ဗားရှင်းကို ယွမ် ၈,၉၉၉ ( ဒေါ်လာ ၁၂၄၀ )နဲ့ 16GB RAM / 1TB Storage ဗားရှင်းအတွက်ကတော့ ယွမ် ၁၀,၉၉၉ (ဒေါ်လာ ၁၅၁၆) ဝန်းကျင်ခန့် သတ်မှတ်ထားပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေအရ Magic V3 ကို တရုတ်နိုင်ငံမှာ လာမယ့် ဇူလိုင် ၁၉ ရက်ကကနေ စတင်ရောင်းချမှာဖြစ်ပြီး အခြားနိုင်ငံတွေမှာ မိတ်ဆက်သွား/မသွားဆိုတာတော့ အတိအကျ မသိရသေးပါဘူး။

Source : GSMArena.com

Featured Photo : Flashfly.Net