ကွီးတို့ ဖွားဖက်တော်ကို ပိုးမွေး သလို ဥ ထားပြီးတော့ သန့်ရှင်း ကျန်းမာမှုကို အလေးထားမယ်ဆိုရင်တော့ အရေပြား ယားယံခြင်းနှင့် ရောဂါပိုး ဝင်ခြင်း အစရှိတဲ့ ကျန်းမာရေး ပြဿနာများရဲ့ အန္တရာယ်ကနေ လျော့ချပေးနိုင်ပါတယ်။ ဒါ့ကြောင့်လည်း ကွီးတို့ရဲ့ ဖွားဖက်တော်ကို သေချာ ဂရုစိုက်ဖို့ လိုအပ်ပြီး ပိုးမွေး သလို ဥ ထားဖို့ လိုအပ်တာပါ။ ဒါမှလည်း စိတ်သွားတိုင်း သူလည်း လိုက်လုပ်ဆောင်နိုင်မှာမဟုတ်လား။

တစ်ခါတစ်ရံမှာ ကွီးတို့ ညီလေး အရေပြားပေါ်တွင် အဖြူရောင် အရည်ပျစ်ပျစ်လေးတွေ ကပ်နေတတ်ပါတယ်။ ထိုကဲ့သို့ ဖြစ်ပေါ်ခြင်းသည် သာမန်ကိစ္စရပ်တစ်ခုပဲဖြစ်ပါတယ်။ ဒါပေမဲ့ ပုံမှန်ထက်ပိုပြီး အလွန်အကျွံ ထွက်ရှိနေမယ်၊ ဒါ့အပြင် အပိုဆုအနေနဲ့ အနံ့အသက်ကလည်း ပြင်းနေတတ်တယ်ဆိုရင်တော့ ကွီးတို့ရဲ့ ညီလေးကို ကြိမ်ဖန်များစွာ ဆေးကြောသန့်စင်ဖို့ လိုအပ်နေကြောင်း ဖော်ပြနေတဲ့ လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။

ကွီးတို့ရဲ့ ညီလေးကို ဆေးကြော သန့်စင်တဲ့အခါမှာလည်း သိထားသင့်တဲ့ ဆောင်ရန် ရှောင်ရန်အချို့ရှိပါတယ်။ ဒီနည်းလမ်းများနဲ့ သေချာ ပြုစုယုယမှသာလျှင် အမှားအယွင်းမရှိဘဲ ကွီးတို့ရဲ့ ညီလေးရဲ့ ကျန်းမာရေးလည်း ကောင်းမွန်မှာဖြစ်ပါတယ်။

နေ့စဥ် ဆေးကြော သန့်စင်တဲ့အခါ

ဆေးကြော

ကွီးတို့ရဲ့ ညီလေးကို နေ့စဥ် ဆေးကြော သန့်စင်ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုဆေးကြော သန့်စင်တဲ့အခါမှာ ငြင်ငြင်သာသာနဲ့ ဆေးကြောပေးဖို့ လိုအပ်ပါတယ်။ ဆေးကြောနေချိန်မှာ အပေါ်ယံ အရေပြားကို အနောက်သို့ ဖြည်းညှင်းစွာ ဆွဲယူပြီးနောက် အောက်ခံအရေပြားများကို ဆေးကြောပေးရမှာဖြစ်ပါတယ်။ ဒါ့အပြင် လိင်အင်္ဂါရဲ့ ထိပ်ဖျားပိုင်းကိုလည်း သေချာ ဆေးကြာပေးရပါမယ်။ ဆေးကြောတဲ့အခါ ရေနဲ့ပဲ သီးသန့် ဆေးကြောနိုင်သလို ဓာတုပစ္စည်း ပါဝင်မှုနည်းတဲ့ ဆပ်ပြာများနဲ့လည်း ဆေးကြောပေးနိုင်ပါတယ်။ အထိအခိုက်မခံတဲ့နေရာဖြစ်တဲ့အတွက်ကြောင့် အကြမ်းပတမ်း ပွတ်တိုက် ဆေးကြောခြင်းမှ ရှောင်ကြဥ်သင့်ပါတယ်။

ဆပ်ပြာ အသုံးပြုလို့ရရဲ့လား

ဆပ်ပြာ

ဆပ်ပြာက အသုံး ပြုလို့ရပါတယ်။ ဒါပေမဲ့ စောစောက ပြောခဲ့သလိုပဲ ဓာတုပစ္စည်း ပါဝင်မှုနည်းတဲ့ ဆပ်ပြာနဲ့ ဆေးကြောပေးရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဆပ်ပြာနဲ့ အလွန်အကျွံ ဆေးကြောခြင်းသည် အရေပြားကို ပိုမိုယားယံစေပါတယ်။

ညီလေး စိုနေတဲ့အချိန်မှာ အောက်ခံဘောင်းဘီ တန်းဝတ်သင့်သလား

ပိုးမွေး ဥ

ဒီအချက်ကတော့ ရှောင်ရှားသင့်တဲ့အချက်တစ်ခုပဲဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူ စိုစွတ်နေချိန်မှာ ဘောင်းဘီ တန်းဝတ်လိုက်တဲ့အခါ ဘက်တီးရီးယားများ ပေါက်ဖွားမှုကို အားပေးပြီး ယားယံခြင်းကို ဖြစ်ပေါ်စေတတ်ပါတယ်။ ဒါ့ကြောင့် ရေချိုးပြီးတဲ့အချိန်ပဲဖြစ်ဖြစ်၊ ကွီးတို့ရဲ့ ညီလေးကို ဆေးကြော သုတ်သင်ပြီးတဲ့အချိန်ပဲဖြစ်ဖြစ် အရင်ဦးဆုံး သူ့ကို ခြောက်အောင် သုတ်ပေးသင့်ပါတယ်။ သုတ်တဲ့အခါမှာလည်း ခပ်ဖွဖွကလေး ထိတွေ့ကာ ခြောက်အောင် သုတ်ရပါမယ်။ အကြမ်းပတမ် ပွတ်တိုက်စရာမလိုပါဘူး။

အောက်ခံဘောင်းဘီများကိုလည်း သေချာဂရုစိုက်ပါ

ပိုးမွေး ဥ

ကွီးတို့ရဲ့ အောက်ခံဘောင်းဘီတွေသည် သေသေချာချာ လျှော်ဖွပ်ထားပြီး မဝတ်ခင်မှာလည်း ခြောက်နေအောင် အခြောက်ခံထားဖို့ လိုအပ်ပါတယ်။ အောက်ခံ ဘောင်းဘီပဲဟာ ဘယ်သူ့မှ မြင်မှာ မဟုတ်ပါဘူးဆိုပြီး လျှော်ဖွပ်ခြင်းမရှိဘဲ ထပ်တလဲလဲ ဝတ်ဆင်ခြင်းမှ ရှောင်ကြဥ်သင့်ပါတယ်။ အဝတ်အစားများသည် သန့်ရှင်းသပ်ရပ်နေမှသာလျှင် တစ်ကိုယ်ရည်သန့်ရှင်းရေးနဲ့ ညီညွှတ်မှာပါ။

လက်ကိုလည်း စင်ကြယ်အောင် ဆေးကြောထားပါ

ပိုးမွေး ဥ

အပေါ့အပါးသွားဖို့အတွက် ကိုယ့်ရဲ့ ညီလေးကို ကိုင်တာပဲဖြစ်ဖြစ်၊ အကြောင်းတစ်ခုခုကြောင့် ညီလေးကို ကိုင်ရမယ်ဆိုရင်ပဲဖြစ်ဖြစ် အရင်ဦးဆုံး လက်ဆေးပြီးမှ ကိုင်တွယ်သင့်ပါတယ်။ အထူးသဖြင့် ကွီးတို့က ဟင်းချက်ဖို့အတွက် ငရုတ်သီးတောင့်တွေကို ကိုင်တွယ်ထားတာပဲဖြစ်ဖြစ်၊ အခြားသော ဓာတုပစ္စည်းများကို ကိုင်တွယ်ထားတာပဲဖြစ်ဖြစ် ထိုအခြေေအနေမျိုးမှာဆိုရင် အရင်ဦးဆုံး လက်ကို အရင်ဆေးပြီးမှ ကိုယ့်ညီလေးကို ကိုင်တွယ်ရမှာဖြစ်ပါတယ်။ နို့မဟုတ်ရင် ကွီးတို့ရဲ့ ညီလေးက ပူစပ် ပူလောင်ခြင်း (သို့) ယားယံခြင်း (သို့) ဓာတ်မတည့်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။

ကွီးတို့ရော ကိုယ့်ရဲ့ ဖွားဖက်တော်ကို ဘယ်လိုမျိုး ဂရုစိုက်လေ့ရှိပါသလဲ။

Source: Healthdirect

Featured Image: Med-mash.ru