ခါးပတ်တွေက အမျိုးသားတို့အတွက် အရေးပါတဲ့အသုံးအဆောင်များထဲမှာ တစ်ခု ဖြစ်သော်လည်း အများစုကတော့ ခါးပတ်တွေကို သိပ်ပြီးအလေးထားလေ့ မရှိကြပါဘူး။ အမှန်တကယ်တော့ အမျိုးသားတို့ရဲ့ ဖက်ရှင်နဲ့ စတိုင်လ်ကို ခါးပတ်တွေက အများကြီး ပံ့ပိုးပေးနိုင်ပါတယ်။ ဒါ့ကြောင့် စတိုင်လ်ကျတဲ့ အမျိုးသားတစ်ယောက်ဖြစ်ချင်ရင် ခါးပတ်တွေကိုလည်း သေချာရွေးချယ်ဝတ်ဆင်ရပါမယ်။ ဒီနေ့မှာတော့ ပုရိသတို့ ခါးထက်မှာ ခစားမယ့် ခါးပတ်တွေကို ‌မှန်မှန်ကန်ကန်‌ ရွေးချယ်နိုင်စေဖို့ သိထားရမယ့် အချက်လေးတွေကို ဝေမျှပေးမှာ ဖြစ်ပါတယ်။

ဝတ်ဆင်မယ့်နေရာဒေသအလိုက် ရွေးချယ်တတ်ပါစေ

ပုရိသတို့ ခါးထက်မှာ

Photo : Jasgood Offical

ခါးပတ်တွေကို ဝယ်တဲ့အခါ ပထမဆုံး စဉ်းစားရမယ့်အချက်က ကွီးတို့ ဘယ်နေရာမှာ ဝတ်ဆင်မလဲဆိုတာပါပဲ။ ပွဲအခမ်းအနားအတွက်လား နေ့စဉ်ပုံမှန် ပေါ့ပေါ့ပါးပါးလား၊ ကွီးတို့ရဲ့ ရည်ရွယ်ချက်ကို သေချာသိပါစေ။ ပွဲအခမ်းအနားဖြစ်စေ၊ ကိုယ့်ရဲ့ဝတ်စားဆင်ယင်မှုကို သေချာအလေးထားဖို့ လိုအပ်တဲ့ နေရာတွေမှာ ခါးပတ်ကို အနည်းငယ် တောက်ပြောင်တာမျိုး ရွေးချယ်နိုင်ပါတယ်။ နေ့စဉ် ပေါ့ပေါ့ပါးပါး ဂျင်းဘောင်းဘီနဲ့ ဖြစ်စေ၊ ဘောင်းဘီတိုတစ်ထည်နဲ့ ဖြစ်စေ တွဲဖက်ဝတ်ဆင်ဖို့ဆိုရင် သိပ်မတောက်ပြောင်ဘဲ ဘာနဲ့မဆိုလိုက်ဖက်တဲ့ ခါးပတ်ကို ရွေးချယ်နိုင်ပါတယ်။ ဒီလိုမျိုး ခါးပတ်တွေက အနည်းငယ် အပြားပိုကြီးသော ဒီဇိုင်းရှိတတ်ပါတယ်။ ကွီးတို့ရဲ့ ဖက်ရှင်နဲ့ စတိုင်လ်အတွက် ပွဲအခမ်းအနားနဲ့ လိုက်ဖက်တဲ့ ခါးပတ်တစ်ခုနဲ့ ပေါ့ပေါ့ပါးပါး ဝတ်ဆင်နိုင်တဲ့ ခါးပတ်တစ်ခုတော့ ရှိသင့်ပါတယ်။ ဒါ့အပြင် ဒီဇိုင်းဆန်းတဲ့ ခါးပတ်တွေကိုလည်း ကွီးတို့ရဲ့ ဝတ်စားဆင်ယင်မှုအလိုက် လိုက်ဖက်အောင် ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။

ခါးပတ်အမျိုးအစားကိုလည်း ထည့်သွင်းစဥ်းစားပါ

ပုရိသတို့ ခါးထက်မှာ

Photo : Ramla Bay Resort

ခါးပတ်တွေကို ပစ္စည်းအမျိုးမျိုးမှ ထုတ်လုပ်နိုင်ပြီး ဈေးကွက်မှာလည်း အမျိုးစုံသော ခါးပတ်တွေကို တွေ့နိုင်ပါတယ်။ အကယ်၍ ကွီးတို့က အနက်ရောင်၊ အညိုရောင် ခါးပတ်တွေကို လိုချင်ရင် ချောမွတ်သောသားရေဖြင့် ပြုလုပ်ထားသော ခါးပတ်များကို ရွေးချယ်နိုင်ပါတယ်။ ဒီလို သားရေခါးပတ်တွေက အရည်အသွေးအမြင့်မားဆုံးဖြစ်ပြီး ကွီးတို့ရဲ့ ဝတ်သားဆင်ယင်မှုကို ထောက်ပံ့ပေးနိုင်ပါတယ်။ ကွီးတို့အနေနဲ့ ပေါ့ပေါ့ပါးပါး ခါးပတ်တွေကို ရွေးချယ်မယ်ဆိုရင်တော့ နေ့စဥ်ဝတ်ဖို့ ခံနိုင်ရည်ရှိတဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ခါးပတ်တွေကို ရွေးချယ်နိုင်ပါတယ်။ ဒီလို ခါးပတ်တွေက သားရေခါးပတ်တွေထက် ပိုအသုံးဝင်တာ တွေ့ရပါလိမ့်မယ်။ ကွီးတို့အနေနဲ့ ကိုယ့်အတွက် အမှန်တကယ်အသုံးဝင်မယ့် ခါးပတ် အမျိုးအစားကို ရွေးချယ်ဝယ်ယူဖို့ လိုပါတယ်။

ခါးပတ်ခေါင်းများ

Photo : Etsy

ပုရိသတို့ရဲ့ ခါးထက်မှာ ခါးပတ်တွေကို တစ်နေ့လုံးပတ်ထားတဲ့အခါ မြဲမြံစွာရှိဖို့နဲ့ သက်တောင့်သက်သာဖြစ်ဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် ခါးပတ်‌ခေါင်းရဲ့ အရွယ်အစားကလည်း ခါးပတ်ရဲ့ အသွင်အပြင်နဲ့ စတိုင်လ်အပေါ် သက်ရောက်မှုရှိပါတယ်။ ထို့အတူပါပဲ၊ ဝတ်ဆင်သူရဲ့ ဖက်ရှင်အပေါ်မှာလည်း သိသိသာသာ သက်ရောက်မှု ရှိပါတယ်။ ဒါ့ကြောင့် ဘယ်လိုအမျိုးအစား ခါးပတ်တွေကို မဆို ရွေးချယ်ဝယ်ယူရမှာ ခါးပတ်ခေါင်းတွေကို သေချာရွေးချယ်ပါ။ ခါးပတ်ခေါင်းတွေက ခါးထက်မှာ လိုသလို အတိုးအလျော့ကို ချိန်ညှိဖို့အတွက်သာမကပဲ သက်တောင့်သက်သာလည်း ရှိရပါမယ်။

အခုဖော်ပြပေးလိုက်တာကတော့ ကွီးတို့အတွက် ခါးပတ်တွေကို ရွေးချယ်ဝယ်ယူရမှာ သိထားသင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ ခါးပတ်တွေကလည်း ကွီးတို့ရဲ့ စတိုင်လ်နဲ့ အသွင်အပြင်ကို ပိုမိုကောင်းမွန်အောင် ထောက်ပံ့‌ပေးနိုင်တာကြောင့်  သေချာလေးရွေးချယ် ဝယ်ယူဖို့ အကြံပြုလိုက်ပါတယ်။

Source : Over Under Clothing

Featured Photo : CINCH