ပုရိသ တို့ရဲ့ ဆီးလမ်းကြောင်း စနစ်သည် ခန္ဓာကိုယ်ရှိ အညစ်အကြေးများကို ဆီးမှတဆင့် စွန့်ထုတ်ဖို့ တာဝန်ကျတာ ဖြစ်ပါတယ်။ ဆီးလမ်းကြောင်းစနစ်သည် ခန္ဓာကိုယ်ထဲရှိ သွေးများကို စစ်ထုတ်ပြီး အညစ်အကြေးများကိုသာ ဖယ်ရှားပေးဖို့ရန်အတွက် အလုပ်လုပ်ရပါတယ်။ ပုရိသတို့ရဲ့ ဆီးလမ်းကြောင်း ကျန်းမာနေမှသာလျှင် ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်နှင့် အညစ်အကြေးများကို ဖယ်ရှားနိုင်မှာပါ။

ကွီးတို့အနေနဲ့ ဆီးလမ်းကြောင်း ပြဿနာများကို ကြုံတွေ့ခံစားနေရကြောင်း ဘယ်လိုသိရှိနိုင်မလဲ

man urinary health

Photo: Cathaydrug

အခုဖော်ပြပေးမယ့် လက္ခဏာများကို ကြုံတွေ့နေရပါက ကွီးတို့ရဲ့ ဆီးလမ်းကြောင်း ကျန်းမာရေးသည် တဖြည်းဖြည်း ယို့ယွင်းနေပြီပဲဖြစ်ပါတယ်။

  • ညအချိန်တွင် မကြာခဏ ဆီးသွားချင်နေခြင်း
  • အချို့သူများကတော့ မနက်ခင်းတောက်လျှောက် ဆီးအလွန်အမင်း သွားနေခြင်း
  • အလွန်အမင်း ဆီးသွားချင်နေခြင်းကြောင့် အိမ်သာထဲ ရောက်သည်အထိ ဆီးမထိန်းနိုင်ခြင်း
  • ဆီးအနည်းငယ်သာသွားခြင်း
  • အပေါ့သွားပြီးသည့်တိုင်အောင် ဆီးက တစ်စက် တစ်စက်ကျနေခြင်း
  • အပေါ့သွားပြီးသွားပေမယ့် ဆီးအိတ်ထဲတွင် ဆီးများ ကျန်နေသေးသလို ခံစားနေရခြင်း
  • အပေါ့သွားပြီးပြီးချင်းမှာပဲ ထပ်သွားချင်နေခြင်း

အထက်ဖော်ပြပါ ရောဂါလက္ခဏာများသည် အရေးပေါ်ကုသမှု မလိုအပ်ပေမယ့် သင့်အနေနဲ့ ထိုလက္ခဏာများကြောင့် တစ်နေ့တာလုပ်ငန်းစဥ်များကို ထိခိုက်လာပါက ဆရာဝန်နှင့် ပြသဖို့ လိုအပ်ပါတယ်။ ဆရာဝန်နှင့် ပြသပါက အောင်မြင်စွာ ကုသနိုင်မယ့် လက္ခဏာများပဲဖြစ်ပါတယ်။

အိမ်မှာပဲ ကုသနိုင်မယ့် နည်းလမ်းများ

ပုရိသ ဆီးလမ်းကြောင်း

တကယ်လို့ ပုရိသ တို့ ကြုံတွေ့နေရတဲ့ ဆီးလမ်းကြောင်း ပြဿနာများက မပြင်းထန်ပါက အခုဖော်ပြမယ့် နည်းလမ်းများနှင့် ရောဂါ သက်သာလာအောင် ကုသနိုင်ပါတယ်။

  • ကော်ဖီနှင့် ကာဖိန်းဓာတ်ပါသော ဖျော်ရည်များ၊ စွမ်းအားဖြည့်အချိုရည်များ သောက်သုံးခြင်းကို လျော့ချသင့်ပါတယ်။ အထူးသဖြင့် ညအိပ်ခါနီးမှာ မသောက်မိဖို့ လိုအပ်ပါတယ်။ နို့မဟုတ်ရင် ညဘက်မှာ မကြာခဏ အပေါ့သွားရတဲ့အတွက်ကြောင့် အိပ်ရေးလည်း ပျက်နိုင်ပါတယ်။
  • သင့်ရဲ့ စားသောက်မှုစနစ်ကို ပြောင်းလဲပစ်ရမှာပဲဖြစ်ပါတယ်။ ကြာရှည်ခံ အစားအစာများ၊ အချို၊ အဆီ အဆိမ့် လွန်ကဲသော အစားအစာများ စားသုံးခြင်းကို လျော့ချရမှာပဲ ဖြစ်ပါတယ်။ ထိုအစားအစာများကို လျော့စားပြီး ကျန်းမာရေးနှင့် ညီညွှတ်တဲ့ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများ၊ အသား ငါးများကို များများစားသုံးရမှာပဲ ဖြစ်ပါတယ်။
  • ကိုယ်လက်လှုပ်ရှား အားကစားများကိုလည်း ပြုလုပ်ပေးရမှာပဲဖြစ်ပါတယ်။

ကွီးတို့အနေနဲ့ ဘယ်အချိန်မှာ သတိထားသင့်သလဲ။ ဘယ်အချိန်မှာ ကုသမှု ခံယူသင့်သလဲ

ပုရိသ ဆီးလမ်းကြောင်း

Photo: ဗdvancedurology

စောစောက ဖော်ပြခဲ့တဲ့ ရောဂါလက္ခဏာများကတော့ သိပ်မပြင်းထန်တဲ့ လက္ခဏာများပဲဖြစ်ပါတယ်။ ဒါပေမဲ့ အခုဆက်လက်ဖော်ပြမှာကတော့ မဖြစ်မနေ ဆရာဝန်ထံမှာ ကုသမှုခံယူသင့်တဲ့ ရောဂါလက္ခဏာများပဲ ဖြစ်ပါတယ်။

ထိုရောဂါလက္ခဏာများကတော့ …

  • ဆီးမသွားနိုင်ခြင်း
  • ဆီးအောင့်ခြင်း၊ ဆီးသွားချိန်မှာ နာကျင်ခြင်း
    ဆီးထဲ သွေးပါခြင်း
  • ဆီးသွားတဲ့အခါ ပုံမှန်မဟုတ်တဲ့ အညစ်အကြေးများ ပါနေခြင်း
  • တစ်ကြိမ်ထက်ပိုပြီး ထပ်ဖန်တလဲလဲ ဆီးထွက်ကျခြင်း

အစရှိတဲ့ ရောဂါလက္ခဏာများကတော့ ပြင်းထန်တဲ့အတွက်ကြောင့် ဆရာဝန်ထံမှာ ချက်ချင်း ကုသမှုခံယူသင့်ပါတယ်။

Source: Betterhealth

Featured Image: Findyello