ကွီးတို့သည် ကိုယ့်ရဲ့ ပုံပန်းသွင်ပြင် ဖက်ရှင်စတိုင်လ်ကို အလေးထားရဲ့လားဆိုတာ သူတို့ရဲ့ ဆံပင်စတိုင်လ်ကို ကြည့်ကာ ဆုံးဖြတ်နိုင်ပါတယ်။ ပုရိသ တစ်ယောက်အနေနဲ့ သူ့ရဲ့ ဆံပင် စတိုင်လ်က သပ်သပ်ရပ်ရပ်ရှိပြီး ကြည့်ကောင်းနေမယ်ဆိုရင် သူသည် ဖက်ရှင်ကျတဲ့သူတစ်ယောက်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။

ပုရိသ တို့အတွက် ဆံပင် အတိုထားမှ သပ်သပ်ရပ်ရပ်ရှိတာ မဟုတ်ပါဘူး။ ဆံပင်အရှည်ထားတဲ့ ကွီးတို့လည်း ကိုယ့်ရဲ့ ဆံပင်စတိုင်လ်ကို သေချာ ပုံသွင်းထားမယ်ဆိုရင် သပ်ရပ်ကာ ဆွဲဆောင်မှုတိုးပြီး ကြည့်ကောင်းနေမှာ ဖြစ်ပါတယ်။

ဆံပင်အတိုစတိုင်လ်ကို သဘောကျတဲ့ ကွီးတို့အတွက် ဘယ်လိုစတိုင်လ်မျိုး ညှပ်ရမလဲ မသိဘူးဖြစ်နေတယ်ဆိုရင်တာ့ အခုဖော်ပြပေးမယ့် ဆံပင်ကေများကို ညှပ်နိုင်ပါတယ်။

ဒီဆံပင်ကေများသည် လက်ရှိအချိန်အတွင်း ပုရိသ များအကြား ပေါ်ပြူလာဖြစ်နေတဲ့ ဆံပင် စတိုင်လ်များပဲဖြစ်ပါတယ်။

အမျိုးသားတိုင်းနဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်လ်

အမျိုးသားတိုင်းနဲ့ လိုက်ဖက်တဲ့ ဆံပင်စတိုင်လ်

ဒီဆံပင်စတိုင်လ်လေးကတော့ ဆံပင် အုံထူတဲ့သူပဲဖြစ်ဖြစ်၊ ဆံပင် အုံပါးတဲ့သူပဲဖြစ်ဖြစ် ဘယ်သူနဲ့ မဆိုလိုက်ဖက်တဲ့ ဆံပင်စတိုင်လ်လေး ဖြစ်ပါတယ်။ ကွီးတို့သည် ပါးသိုင်းမွှေး၊ နှုတ်ခမ်းမွှေးလေးတွေပါ ထားမယ်ဆိုရင်တော့ ဟောလိဝုဒ်မင်းသားလို ကြည့်ကောင်းနေမှာပါ။

ဘေးခွဲစတိုင်လ်

ဘေးခွဲစတိုင်လ်

ဆံပင်ကို တိတိရိရိ ပုံသွင်းထားကာ ခွဲကြောင်းကို ဘေးဘက်သို့ ခွဲထားတဲ့ ဒီဇိုင်းလေးပဲဖြစ်ပါတယ်။ ရင့်ကျက်တည်ငြိမ်တဲ့ ဆံပင်ကေလေးထားချင်တဲ့ ကွီးတို့အတွက် အမိုက်စား ဆံပင်စတိုင်လ်တစ်ခုပါ။

ဆံပင်ကို အမြဲတမ်း ဖြီးလိမ်းပြင်ဆင်ဖို့ အချိန်မပေးနိုင်တဲ့ ကွီးတို့အတွက်

ဆံပင်ကို အမြဲတမ်း ဖြီးလိမ်းပြင်ဆင်ဖို့ အချိန်မပေးနိုင်တဲ့ ကွီးတို့အတွက်

ဒီဆံပင်တိုစတိုင်လ်ကတော့ အကောင်းဆုံးပါပဲ။ ခဏခဏ ဆံပင်ဖြီးရမှာတို့ ဂျယ်လ်ထည့်ကာ ဆံပင် ပုံသွင်းရမှာတို့ကို ပြုလုပ်စရာမလိုဘဲ အချိန်ကုန်သက်သာစေတဲ့ ဆံပင်ကေတစ်ခုပါ။

ကတုံးဆံပင်ပေါက်ကေ

ကတုံးဆံပင်ပေါက်ကေ

လုံးဝ ပြောင်ရှင်းသွားအောင် ကတုံး တုံးထားတာမျိုးမဟုတ်ဘဲ ခပ်ရေးရေးလေး ရိတ်ထားတဲ့ ဆံပင်စတိုင်လ်တစ်ခု ဖြစ်ပါတယ်။ ဆံပင်အရှေ့ဘက်ခြမ်းမှာလည်း တိတိရိရိလေး ပုံသွင်းကာ ရိတ်ထားတာကို မြင်တွေ့ရမှာပါ။

လူငယ်ဆန်ဆန် ဆံပင်စတိုင်လ်

ပုရိသ ဆံပင်

ဒီဆံပင်စတိုင်လ်ကတော့ ဘဲဥပုံမျက်နှာကျပိုင်ရှင်၊ စိန်တုံးပုံမျက်နှာကျပိုင်ရှင်နှင့် လေးထောင့်စပ်စပ် မျက်နှာကျပိုင်ရှင်များနှင့် အင်မတန်လိုက်ဖက်တဲ့ စတိုင်လ်တစ်ခုပါ။ ဆံပင်အုံပါးတဲ့ အမျိုးများသည်လည်း ဒီဆံပင်စတိုင်လ်မျိုး ညှပ်နိုင်ပါတယ်။

ဘေးနှစ်ဖက်ကို ပြောင်ရှင်းနေအောင် ရိတ်ထားတဲ့ စတိုင်လ်

ပုရိသ ဆံပင်

ဆံပင်အလယ်နားကို ခပ်ရှည်ရှည်ထားထားပြီး ဘေးနှစ်ဖက်ကို အပြောင်းရိတ်ထားတဲ့ ဆံပင်စတိုင်လ်တစ်ခုပဲ ဖြစ်ပါတယ်။ ဒီဆံပင်စတိုင်လ်သည်လည်း လက်ရှိမှာ ရေပန်းစားနေတဲ့ စတိုင်လ်တစ်ခုပဲ ဖြစ်ပါတယ်။

မျက်နှာ ရှည်ရှည်သွယ်သွယ် အမျိုးသားများနှင့် လိုက်ဖက်တဲ့စတိုင်လ်

ပုရိသ ဆံပင်

ဘေးနှစ်ဖက်ကို ခပ်ပါးပါးလေး ညှပ်ထားပြီး ဆံပင်ထပ်ဖျားပိုင်းကို ခပ်ထူထူလေး ညှပ်ထားတဲ့ ဆံပင်စတိုင်လ်တစ်ခု ဖြစ်ပါတယ်။

မေးရိုးပေါ်လွင်တဲ့ အမျိုးသားများနှင့် လိုက်ဖက်တဲ့ စတိုင်လ်

ပုရိသ ဆံပင်

ဒီဆံပင်စတိုင်လ်လေးသည်လည်း ကွီးတို့အကြား ရေပန်းစား လူကြိုက်များပါတယ်။ ပေါ့ပေါ့ပါးပါး စတိုင်လ်လေးကို လိုချင်တယ်ဆိုရင်တော့ ဆံပင်ကို လက်ဖြင့် သပ်တင်ကာ ဖြီးလိုက်ရုံပါပဲ။ အမိုက်စား ဖက်ရှင်လေးကို လိုချင်တယ်ဆိုရင်တော့ ခေါင်းလိမ်းဂျယ်လ်ဖြင့် သေချာ ဖြီးလိမ်းပြင်ဆင်နိုင်ပါတယ်။

အနောက်သို့ လှန်ဖြီးထားတဲ့ ဆံပင်စတိုင်လ်

ပုရိသ ဆံပင်

ဒီဆံပင်စတိုင်လ်လေးကတော့ ဆံပင်ပျော့တဲ့ ကွီးတို့နဲ့ လိုက်ဖက်တဲ့ စတိုင်လ်တစ်ခုဖြစ်ပါတယ်။ ဆံပင်ပျော့တဲ့သူတွေဆိုတော့ လက်ကလေးဖြင့် လှန်ဖြီးလိုက်ရုံဖြင့် မိမိုက်နေမှာပါ။

ညှို့ငင်အားပြင်းတဲ့ ဆံပင်စတိုင်လ်

ပုရိသ ဆံပင်

ဒီဆံပင်စတိုင်လ်ကတော့ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးတွေကို အပြောင်ရိတ်ထားတတ်တဲ့ ကွီးတို့အတွက် လိုက်ဖက်တဲ့ ဆံပင်ကေတစ်မျိုးပဲဖြစ်ပါတယ်။

ကွီးတို့ရော အခုဖော်ပြကြတဲ့ ဆံပင်စတိုင်လ်တွေထဲက ဘယ်ဆံပင်စတိုင်လ်ကို ဘဝင်ခိုက်မိပါသလဲ။

Source: Fashionbeans