ပုရိသ တို့အတွက် မျိုးပွားအင်္ဂါ သည်လည်း ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါ့ကြောင့် အခြားသောခန္ဓာကိုယ်အစိတ်အပိုင်းများကို ဂရုစိုက်သလိုပဲ ပုရိသ တို့ရဲ့ မျိုးပွားအင်္ဂါ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်သင့်ပါတယ်။

သို့သော်လည်း ပုရိသ တော်တော်များများသည် သူတို့ရဲ့ မျိုးပွားအင်္ဂါ ကျန်းမာရေးကို အမှုမဲ့ အမှတ်မဲ့သာ သဘောထားကြတဲ့အတွက်ကြောင့် မလိုလားအပ်သော ကျန်းမာရေးပြဿနာများ ကြုံတွေ့နေရတာဖြစ်ပါတယ်။ မျိုးပွားအင်္ဂါ ကျန်းမာရေးသည် ကွီးတို့ရဲ့ အခုဖော်ပြပေးမယ့် အချက်များအပေါ် များစွာ မူတည်နေပါတယ်။

လိင်ဆက်ဆံတဲ့အခါ အကာအကွယ် အသုံးပြုပါ

ပုရိသ မျိုးပွားအင်္ဂါ

ဒီအချက်ကတော့ ကွီးတို့အားလုံး သိထားပြီးသား ဖြစ်ပါတယ်။ အကာအကွယ် အသုံးပြုကာ လိင်ဆက်ဆံခြင်းသည် လိင်မှတဆင့် ကူးစက်တတ်တဲ့ရောဂါတွေဖြစ်တဲ့ ကာလသားရောဂါ၊ HIV ၊ AIDS တို့ကို ကြိုတင်ကာကွယ်ထားပြီးသားဖြစ်ပါတယ်။

STD ကိုလည်း ပုံမှန်စစ်ဆေးပါ

ပုရိသ မျိုးပွားအင်္ဂါ

STD ဆိုတာကတော့ ကာလသားရောဂါ၊ HIV တို့လို လိင်မှတဆင့် ကူးစက်တတ်တဲ့ရောဂါတွေ ဖြစ်ပါတယ်။ တကယ်လို့ ကွီးတို့အနေနဲ့ အကာအကွယ်မဲ့စွာ လိင်ဆက်ဆံမိတဲ့အခါ (သို့) မိမိကိုယ်ကိုယ် STD ရှိနေတယ်လို့ သံသယရှိလာတဲ့အခါမျိုးမှာ စစ်ဆေးပေးသင့်ပါတယ်။ ဒါ့ကြောင့်လည်း လိင်ဆက်ဆံချိန်မှာ ကွန်ဒုံး အသုံးပြုခြင်းက ကွီးတို့ရဲ့ မျိုးပွားအင်္ဂါ ကျန်းမာရေးအတွက် အသင့်တော်ဆုံးပဲဖြစ်ပါတယ်။

တစ်ကိုယ်ရည် သန့်ရှင်းမှုရှိပါ

ပုရိသ မျိုးပွားအင်္ဂါ

ဒီနည်းလမ်းကလည်း လွယ်ကူရိုးရှင်းပြီး အလွယ်တကူလိုက်လုပ်လို့ရတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။ ရေချိုးစဉ်မှာ ကွီးတို့ရဲ့ ဖွားဖက်တော်ကို အညစ်အကြေးနှင့် ပိုးမွှားများ ကင်းစင်အောင် သေသေချာချာ သန့်ရှင်းရေး ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် ကွီးတို့ ဝတ်တဲ့ အတွင်းခံ ဘောင်းဘီများကိုလည်း သေချာဂရုတစိုက် ရွေးချယ်ရပါမယ်။ မလျှော်ရသေးဘဲ ကြိမ်ဖန်တလဲလဲ ဝတ်ဆင်ခြင်းမှလည်း ရှောင်ကြဉ်ပါ။ ဒါ့အပြင် ကြပ်ထုပ်လွန်းသော ကိုယ်ကြပ်ဘောင်းဘီများ ဝတ်ဆင်ခြင်းမှလည်း ရှောင်ကြဉ်သင့်ပါတယ်။ ဒါမှ ကွီးတို့ရဲ့ ဖွားဖက်တော်သည် လေဝင်လေထွက်ကောင်းပြီး ကျန်းမာရေးအတွက် အထူးကောင်းမွန်မှာဖြစ်ပါတယ်။

ကျန်းမာရေးနှင့် ညီညွှတ်တဲ့ အလေ့အကျင့်ကောင်းများ မွေးမြူပါ

ပုရိသ မျိုးပွားအင်္ဂါ

မိမိစားသုံးတဲ့ အစားအသောက်သည်လည်း ကွီးတို့ရဲ့ ဖွားဖက်တော်ကျန်းမာရေးအတွက် များစွာ အကျိုးသက်ရောက်မှုရှိတယ်ဆိုတာကို ပြောပြလိုက်ရင် ကွီးတို့ အံ့သြသွားပါလိမ့်မယ်။ အာဟာရဓာတ် ကြွယ်ဝသော အစားအစာများ၊ အဆီဓာတ် နည်းသော အစားအစာများကို စားသောက်ပါ။ ရေ များများသောက်ပါ။ ဒါမှ ကျောက်ကပ်မှာ စုပုံနေတဲ့ အဆိပ်အတောက်များသည် ဆီးထဲမှ တဆင့် ထွက်သွားမှာဖြစ်ပါတယ်။

ဆေးလိပ် ဖြတ်ပါ

stop smoking

ဆရာဝန်တော်တော်များများက ဆေးလိပ်သောက်ခြင်းသည် အမျိုးသားတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ တညီတညွှတ်တည်း သဘောတူထားကြတာဖြစ်ပါတယ်။ ပြုလုပ်ထားခဲ့သော လေ့လာချက်များအရ အချို့ အမျိုးသားများသည် လိင်ဆက်ဆံနေချိန်မှာ သုတ်ပိုးထုတ်လွှတ်ရခက်ခဲတာကို တွေ့ရှိခဲ့ရပြီး ထိုအမျိုးသားများအားလုံးသည် ဆေးလိပ်သောက်သုံးသူတွေဖြစ်ကြတာကို တွေ့ရှိခဲ့ရပါတယ်။ ဒါ့ကြောင့် ကွီးတို့ရဲ့ ဖွားဖက်တော်ကျန်းမာရေးအတွက် ဆေးလိပ်ဖြတ်ခြင်းသည် အကောင်းဆုံးပါပဲ။

ဆရာဝန်ထံမှ ကုသမှု ခံယူပါ

man and doctor

Photo: Npwomenshealthcare

ကွီးတို့ရဲ့ ဖွားဖက်တော်ကျန်းမာရေးနှင့် ပတ်သက်လာတဲ့အခါမှာလည်း တစ်ယောက်တည်း ကြိတ်မကုဘဲ ကျွမ်းကျင်ဆရာဝန်များထံမှ ဆွေးနွေးကုသမှု ခံယူရမှာပဲဖြစ်ပါတယ်။ မျိုးပွားအင်္ဂါကျန်းမာရေးသည်လည်း အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်း ကျန်းမာရေးများလိုပါပဲ။ ရှက်ကြောက်နေစရာမလိုအပ်ပါဘူး။ ကုသရမှာ ရှက်ကြောက်နေပြီး တစ်ယောက်တည်း ကြိတ်ကုသတဲ့အခါမှာ မလိုလားအပ်ဘဲ ရောဂါအခြေအနေက ပိုမိုဆိုးရွားလာနိုင်ပါတယ်။

Source: Prostatecancer911

Featured Image: Menshealth