တစ်ခါလာလည်း ပုဆိုးနဲ့ တိုက်ပုံ၊ နောက်တစ်ခါလာလည်း တိုက်ပုံနဲ့ ပုဆိုးဆိုရင်တော့ ရှော်တီလေးတွေက ကွီးတို့ကို ပုံတုံးတုံး အန်ကယ်လ်ကြီး လည်း နာမည်ပြောင် မှည့်ပေးသွားပါလိမ့်မယ်။ အဲ့ဒီ့နာမည်ပြောင်ကို မကြိုက်ဘူးဆိုရင်တော့ ကွီးတို့ရဲ့ ဖက်ရှင်ကို ဖန်တရာထပ်မနေအောင် ကြိုးစားရမှာပဲ ဖြစ်ပါတယ်။​

ဖက်ရှင်တွေကို အပြောင်းအလဲ လုပ်ဖို့ဆိုရင် ကွီးတို့က ဖက်ရှင် အသုံးအဆောင်ပစ္စည်းများကို သေချာကျွမ်းကျင်စွာ ရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်။

ဘယ်လိုဖက်ရှင် အသုံးအဆောင်ပစ္စည်းတွေက ကွီးတို့ကို ပုံတုံးတုံး အန်ကယ်လ်ကြီး လို့ အခေါ်မခံရအောင် ကူညီပေးမလဲဆိုတော့…

ခါးပတ်

ခါးပတ်

အမျိုးသားတိုင်းမှာ ခါးပတ်တွေ အနည်းဆုံး နှစ်ခုလောက်ရှိသင့်ပါတယ်။ တစ်ခုကတော့ Formal Wear အတွက် ဝတ်ဆင်ရမှာဖြစ်ပြီး နောက်တစ်ခုကတော့ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ရမယ့် Casual Wear အတွက်ပဲဖြစ်ပါတယ်။ ခါးပတ်အရောင်များ ရွေးချယ်ဝယ်ယူမယ်ဆိုရင်တော့ အနက်နဲ့ အညိုရောင်က အကောင်းဆုံးပါပဲ။ အနက်နဲ့ အညိုသည် အဝတ်အစား မရွေး ဝတ်ဆင်နိုင်အောင် ကူညီပေးပြီး ကိုယ့်ရဲ့ဖက်ရှင်က အူကြောင်ကြောင် ဖြစ်မနေအောင် ကူညီပေးပါတယ်။

နာရီ

ပုံတုံးတုံး အန်ကယ်လ်ကြီး

နာရီကတော့ မဖြစ်မနေ ဝယ်ထားသင့်တဲ့ ဖက်ရှင်အသုံးအဆောင် ပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ကိုယ်က Classic ဆန်တဲ့ နာရီမျိုးကို ကြိုက်နှစ်သက်တာလား၊ ဒါမှမဟုတ် လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး နာရီမျိုးကို ကြိုက်နှစ်သက်တာလား၊ ကွီးတို့ စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ ကိုယ် ရွေးချယ်လိုက်တဲ့ နာရီအမျိုးအစားက ကိုယ့်ရဲ့ ဖက်ရှင်နဲ့ လိုက်ဖက်နေဖို့လည်း လိုအပ်ပါတယ်။

ဦးထုပ် (သို့) နေကာမျက်မှန်

ပုံတုံးတုံး အန်ကယ်လ်ကြီး

ကိုယ့်ရဲ့ ဖက်ရှင်က ဘယ်လိုဖက်ရှင်စတိုင်လ်မျိုး ဝတ်ထားသလဲဆိုတာ အရင်ဦးဆုံး လေ့လာပြီးမှ ဦးထုပ် ဝတ်ရမလား၊ ဒါမှမဟုတ် နေကာမျက်မှန် တပ်ရမလားဆိုတာ သိမှာဖြစ်ပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ စတိုင်လ်က လူကြီးလူကောင်းဆန်တဲ့ Gentleman စတိုင်လ်မျိုးဆိုရင်တော့ နေကာမျက်မှန်မျိုးနဲ့မှ လိုက်ဖက်မှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲနဲ့ ဂျင်းဘောင်းဘီ ပွပွနဲ့ လူငယ်ဆန်ဆန် ဝတ်ဆင်ထားတယ်ဆိုရင်တော့ နေကာမျက်မှန်ကို မဝတ်သင့်တော့ပါဘူး။ ဦးထုပ်ကိုသာ ရွေးချယ်သင့်ပါတယ်။

ဖိနပ်များ

ပုံတုံးတုံး အန်ကယ်လ်ကြီး

တစ်ခါလာလည်း ညှပ်ဖိနပ်၊ ထိုညှပ်ဖိနပ်က ပျက်သွားလည်း နောက်ထပ် ညှပ်ဖိနပ် အသစ်တစ်ရံဆိုရင်တော့ ကွီးတို့ရဲ့ ဖက်ရှင်က ဒိတ်အောက်သွားမှာပဲဖြစ်ပါတယ်။ အဲ့ဒီလိုမဖြစ်ဖို့ဆိုရင် ဖိနပ်တွေကိုလည်း အပြောင်းအလဲလုပ်ကာ ဝတ်ဆင်သင့်ပါတယ်။ ကိုယ့်ရဲ့ အဝတ်အစားနဲ့ လိုက်ဖက်ဖို့အတွက် ပြောင်းလဲပေးရမှာဖြစ်ပါတယ်။ အားကစားပြုလုပ်နေချိန်မှာ အားကစားဖိနပ်စီးဖို့ လိုအပ်သလို ပွဲတက်အခမ်းအနားမျိုးအတွက်ဆိုရင်တော့ ရှူးဖိနပ်လေးတွေက သင့်တော်ပါတယ်။

ပိုက်ဆံအိတ်

ပုံတုံးတုံး အန်ကယ်လ်ကြီး

ကွီးတို့ရဲ့ ပိုက်ဆံအိတ်က ပေါက်ပြဲပြီး သားရေသားတွေ ကွာကျနေတယ်ဆိုရင် ပိုက်ဆံအိတ်အသစ်တစ်လုံး မြန်မြန် လဲသင့်နေပါပြီ။ ပိုက်ဆံအိတ်သည်လည်း ကွီးတို့ရဲ့ ဖက်ရှင်ကို မြင့်တင်ပေးနိုင်တဲ့ အဆင်တန်ဆာတစ်မျိုးဖြစ်တဲ့အတွက်ကြောင့် သေသေချာချာ ရွေးချယ်ကာ ဝယ်ယူသင့်ပါတယ်။ လူကြိုက်များပြီး ဘယ်ဖက်ရှင်နဲ့မဆို လိုက်ဖက်တဲ့အရောင်တွေကတော့ အနက်ရောင် ပိုက်ဆံအိတ်နဲ့ အညိုရောင်ပိုက်ဆံအိတ်များပဲဖြစ်ပါတယ်။

ဖက်ရှင်အသုံးအဆောင်ပစ္စည်းများကို သူ့နေရာနဲ့သူလိုက်ဖက်စွာ ပြောင်းလဲကိုင်တွယ်တတ်မယ်ဆိုရင်တော့ ကွီးတို့ကို ဘယ်သူကမှ ပုံတုံးတုံ အန်ကယ်လ်ကြီး လို့ နာမည်ပြောင်ပေးရဲတော့မှာ မဟုတ်ပါဘူး။

Source: Fashionbeans

Featured Image: Freepik