လိင်အင်္ဂါဟာ ပုံမှန်အားဖြင့် အနံ့အသက်တော့ ရှိကြတာပါပဲ။ ဒါပေမယ့် တချို့အခြေအနေတွေမှာ ဥပမာအားဖြင့် ရောဂါပိုးဝင်တာ ၊ ဟော်မုန်းအပြောင်းအလဲနဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှု ညံ့ဖျင်းခြင်းစတဲ့ အကြောင်းတရားတွေကြောင့် ပုံမှန်ထက်ကိုပိုပြီး အနံ့အသက် ဆိုးတက်ပါတယ်။ ဒါတင်မကသေးပါဘူး ဖွားဖက်တော်နဲ့ မိန်းမကိုယ်အနံ့ဟာ သင်စားတဲ့ အစားအစာပေါ်မှာလည်း မူတည်နေတာ ဖြစ်ပါတယ်။ ကွီးတို့ ချစ်သူလေးရဲ့ မိန်းမကိုယ်ကို အနံ့အသက် ပိုကောင်းစေဖို့ ဆိုရင်တော့ အခုပြောပြမယ့် အစားအစာတွေ များများကျွေးလိုက်ပါ။
(၁) နာနတ်သီး
Photo : Alameda Post
နာနတ်သီးဟာ မိန်းမကိုယ် အနံ့အသက်ကောင်းစေတဲ့ သဘာဝ အစားအစာတစ်ခု ဖြစ်ပါတယ်။ နာနတ်သီးမှာ ဗီတာမင် C ၊ ဗီတာမင် B နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့အတွက် အူလမ်းကြောင်း ကျန်းမာရေးကို အထောက်အကူပြုပြီး လိင်အင်္ဂါ ကျန်းမာရေးနဲ့ အနံ့အသက် ကောင်းစေမွန်စေဖို့ ကူညီပေးပါတယ်။
(၂) သစ်ကြံပိုးခေါက်
Photo : Cleveland Clinic Health Essentials
သစ်ကြံပိုးခေါက်ကိုတော့ ဆေးဖက်ဝင် သစ်ခေါက်တစ်မျိုးအဖြစ် လူသိများပြီး မိန်းမကိုယ် အနံ့အသက်အတွက် ကောင်းမွန်တဲ့ သဘာဝဆေးတစ်လက် ဖြစ်ပါတယ်။ သစ်ကြံပိုးခေါက်ဟာ မိန်းမကိုယ်အတွင်း အက်ဆစ်ဓာတ်ကို မျှတအောင် ထိန်းညှိပေးပြီး ပိုလျှံနေတဲ့ အက်ဆစ်ဓာတ်တွေကို ချေဖျက်ပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ အပျော့စား ပဋိဇီဝဆေးအဖြစ် အာနိသင်ရှိတဲ့အတွက် မိန်းမကိုယ် မှိုစွဲခြင်း ၊ ပိုးဝင်ခြင်း ပြဿနာတွေကိုလည်း ကာကွယ်ပေးပါတယ်။ သစ်ကြံပိုးခေါက်ကို ဟင်းချက်ရာမှာ ထည့်သုံးနိုင်သလို ရေနွေးနဲ့ စိမ်ပြီးလည်း သောက်သုံးလို့ ရပါတယ်။
(၃) ဖရဲသီး
Photo : Healthline
ရေဓာတ်ကြွယ်ဝတဲ့ ဖရဲသီးဟာ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး လိင်အင်္ဂါကို သန့်ရှင်းမှုကို တိုးစေဖို့ ကူညီပေးပါတယ်။ မိန်းမကိုယ်အတွင်း ဘက်တီးရီးယားနဲ့ ရောဂါပိုးမွှားတွေကို ဝင်ရောက်နိုင်ခြေကို တားဆီးပေးပြီး ဆိုးရွားတဲ့ အနံ့အသက်တွေ ဖြစ်မလာစေဖို့ ကာကွယ်ပေးပါတယ်။ ဖရဲသီးမှာ မိန်းမကိုယ် pH Levels ကို ထိန်းညှိပေးတဲ့ Prebiotics တွေပါဝင်ပြီး ကောင်းတဲ့ ဘက်တီးရီးယားတွေကို ထုတ်ပေးတဲ့အတွက် မိန်းမကိုယ်ကျန်းမာသန့်ရှင်းရေးအတွက် အကောင်းဆုံး အစားအစာတစ်ခု ဖြစ်ပါတယ်။
(၄) ပူစီနံ
Peppermint Photo : Urban Tilth
ကွီးတို့ ချစ်သူလေးရဲ့ ပူစီမနံအောင် ပူစီနံများများ ကျွေးလိုက်ပါ။ ပူစီနံရွက်ဟာ အနံ့အသက်ဆိုးတွေကို ဖယ်ရှားပေးနိုင်တဲ့ ဂုဏ်သတ္တိ ရှိပါတယ်။ ဒါကြောင့် မိန်းမကိုယ်ရဲ့ အနံ့ဆိုးတွေကို ဖယ်ရှားပေးနိုင်ပြီး ကျန်းမာသန့်ရှင်း အနံ့သက်ကင်းတဲ့ ပူစီလေး ဖြစ်စေဖို့အတွက် ကူညီပေးနိုင်ပါတယ်။
Source : Healthshots
Featured Photo : Business Insider