ပေါ့ဂ်ဘာ ဟာ ပရီးမီးယားလိဂ်မှာ အတောက်ပဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် ကျော်ကြားပြီး ၎င်းရဲ့ ကြောက်ရွံ့ခြင်းကင်းတဲ့ဟန်ပန်ကြောင့် ကျော်ကြားခဲ့သူဖြစ်ပါတယ်။

Take a peek inside Paul Pogba's incredible home

Photo: Dailystar

ပြင်သစ်ကွင်းလယ်ကစားသမားဟာ အပြောင်းအရွှေ့ကောလာဟလတွေအများစုရဲ့ အဓိကအရင်းအမြစ်ဖြစ်ခဲ့ပြီး မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးကို ပြောင်းရွှေ့ဖို့တောင် အံ့အားသင့်ဖွယ် သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။ ပေါ့ဂ်ဘာဟာ မန်ချက်စတာယူနိုက်တက် ပရိသတ်တွေဆီကနေ ဝေဖန်မှုအချို့ကို ခံရမှာ သေချာပြီး ပြင်သစ်ကွင်းလယ်ကစားသမားကိုယ်တိုင်က ၎င်းရဲ့ အကြံပေးတွေကို အစ်တီဟတ်ကို ပြောင်းရွှေ့မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ပေါ့ဂ်ဘာ က မန်စီးတီးကို ပြောင်းမယ့်အစား ပြည်ပကို ထွက်ကစားချင်ပြီး အဲဒါကြောင့် ချက်ရှိုင်းယားမှာရှိတဲ့ ၎င်းရဲ့ ရူးသွပ်ချင်စရာ စံအိမ်ကြီးကို ထားရစ်ခဲ့ဖို့ ဆုံးဖြတ်ချက် ချရတော့မှာဖြစ်ပါတယ်။ ပေါ့ဂ်ဘာဟာ မန်ချက်စတာယူနိုက်တက်မှာ မြင့်မားတဲ့လစာပမာဏရရှိသူဖြစ်တာကြောင့် ၎င်းရဲ့အိမ်ကို ငွေနဲ့ ဝယ်ယူလို့ရတဲ့အကောင်းဆုံးအရာမှန်သမျှနဲ့ မွမ်းမံထားသူဖြစ်ပါတယ်။

Paul Pogba's unique black and gold pool table

Photo: Dailystar

တကယ်လို့ မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်အနေနဲ့ ယခုနွေရာသီမှာ အိုးထရက်ဖို့ဒ်ကို စွန့်ခွာမယ်ဆိုရင် အဲဒီအိမ်ကြီးထဲမှာ ဘာတွေရှိလဲဆိုတာ ကြည့်လိုက်ရအောင်

ပေါ့ဂ်ဘာဟာ ချက်ရှိုင်းယားက စံအိမ်ကြီးကို ပေါင် ၂.၉ သန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး ဇနီးဖြစ်သူ မာရီယာ ဇူလိုက် ဆာလာဂွဲစ်၊ ၎င်းတို့ရဲ့ သားသမီး ၂ ဦးနဲ့အတူ နေထိုင်နေတာဖြစ်ပါတယ်။

Manchester United star Paul Pogba has proved himself a dab hand in the property market - by netting his incredible home in Cheshire

Photo: Dailystar

ပေါ့ဂ်ဘာရဲ့ ချက်ရှိုင်းယား စံအိမ်မှာ ပေါလ် ပေါ့ဂ်ဘာ ကို အတိုကောက်ပေးထားတဲ့ ပီပီ ဘောလုံးကွင်းရှိပြီး ၎င်းတို့ရဲ့ အမည်းရောင်နဲ့ ရွှေရောင်စပ်ထားတဲ့ ဘောလုံးနဲ့ ဘိလိယက်ခုံကိုလည်း အလားတူ အမည်ရေးထွင်းထားတာဖြစ်ပါတယ်။

ပေါ့ဂ်ဘာရဲ့ ဂိမ်းကစားခန်းဟာလည်း အလွန်ခမ်းနားပြီး နံရံအရွယ်အစားလောက်ရှိတဲ့ ငါးကန် ၂ ဖက်ကို ၎င်းရဲ့ စားပွဲတင်ဂိမ်းတွေနဲ့ ကာရံထားတာဖြစ်သလို အိမ်အတွင်းပိုင်းက ဘောလုံးကွင်းမှာ အီလက်ထရောနစ် ဂိုးသွင်းဘုတ်လည်း ပါဝင်တာဖြစ်ပါတယ်။

Pogba picked up his PP pad for £2.9 million

Photo: Dailystar

ပေါ့ဂ်ဘာ ဟာ အင်စတာဂရမ်ပေါ်မှာ ၎င်းရဲ့ ဂိမ်းအချို့နဲ့ ဓာတ်ပုံတွဲရိုက်ပြီး “ကျွန်တော်က လက်လှည့်ဘောလုံးခုံ ကစားနည်းမှာ တကယ်ကို ပရိုတစ်ယောက်ဆိုတာ သင်သိပါသလား”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။ အိမ်ရဲ့တစ်နေရာမှာ ကျယ်ဝန်းတဲ့ ရေကူးကန်နဲ့အတူ အိပ်ခန်း ၅ ခန်းထဲမှာ ကိုယ်ပိုင် အားကစားရုံလည်း ပါဝင်တာဖြစ်ပါတယ်။

ဧည့်ခန်းပိုင်းမှာဆိုရင် ပေါလ် ပေါ့ဂ်ဘာ အမှတ်တံဆိပ်ရေးထွင်းထားတာ မြင်တွေ့နိုင်ပြီး အင်စတာဂရမ်ပေါ်မှာ တင်ခဲ့တဲ့ ပေါ့ဂ်ဘာရဲ့ လျှပ်တပြက်ဓာတ်ပုံထဲမှာ ဆိုဖာကူရှင်ပေါ်မှာ ‘PP’လို့ ရေးထွင်းထားတာကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

Featured Photo: Dailystar