ဒီတစ်ခေါက်မှာတော့ ကွီးတို့ရဲ့ အားလပ်ချိန်တွေ ၊ အနားယူအပန်းဖြေချိန်တွေမှာ ဆော့လို့ကောင်းမယ့် မိုလ်ဘိုင်း ဂိမ်း တချို့ကို မိတ်ဆက်ပေးချင်ပါတယ်။ ဂိမ်းအကြီးကြီးတွေ မဆော့ချင်ဘူး ပေါ့ပေါ့ပါးပါးနဲ့ Fun ဖြစ်စေမယ့် ဂိမ်း လေးတွေ စိတ်ဝင်စားတယ်ဆိုရင် ဒီဆောင်းပါးလေးကို အဆုံးအထိ ဖတ်ကြည့်လိုက်ပါ။
(၁) Charades

Photo : Siachen Studios
ဒီဂိမ်းလေးကတော့ တော်တော်များများ သိပြီးသား ဖြစ်ပါလိမ့်မယ်။ ချစ်သူလေးနဲ့ ၂ ယောက်တည်းဆော့လို့ ရသလို ၊ ဘော်ဒါတွေနဲ့လည်း အဖွဲ့လိုက် ပျော်ပျော်ပါးပါး ဆော့လို့ရပါတယ်။ ကစားသူနှစ်ယောက်မှာ တစ်ယောက်က App ပေါ်က ဝှက်ထားတဲ့ စကားလုံးကို သတ်မှတ်အချိန်အတွင်း အဖြေမှန်အောင် သရုပ်ဖော်ပြရမှာ ဖြစ်ပါတယ်။ Charades App ကို IOS ရော Android မှာပါ ဒေါင်းလုပ်လို့ရမှာ ဖြစ်ပြီး Ratings 4.3 ရထားပါတယ်။ ဒီဂိမ်းလေးက ရယ်စရာကောင်းသလို ပျော်ဖို့လည်း ကောင်းပါတယ်။
(၂) Dots And Boxes

Photo : Siachen Studios
ဒီဂိမ်းလေးကိုတော့ ငယ်ငယ်က စာရွက်နဲ့ ဘောပင်သုံးပြီး ဆော့ဖူးမယ် ထင်ပါတယ်။ အခုတော့ Dots And Boxes ဂိမ်းလေးကို မိုလ်ဘိုင်းဂိမ်းတစ်ခု အနေနဲ့ ကစားလို့ရနေပါပြီ။ ဒီဂိမ်းမှာ ကစားသူနှစ်ယောက်က တစ်ယောက်တစ်လှည့်စီ ဂိမ်းဘုတ်ပေါ်က အစက်လေးတွေကို လေးထောင့်အကွက်လေးတွေ ဖြစ်အောင် ဆက်သွားရမှာ ဖြစ်ပါတယ်။ Boxes အများဆုံး ဆက်နိုင်သူက အနိုင်ပါ။ Chess နဲ့ Checkers တို့လို စဉ်းစားတွေးခေါ်ရတဲ့ ဂိမ်းတွေကြိုက်ရင် Dots And Boxes ဂိမ်းကိုလည်း ကြိုက်မှာ သေချာပါတယ်။
(၃) Wordscapes

Photo : Siachen Studios
ဒီဂိမ်းကတော့ တစ်နေ့ကို ၁၀ မိနစ်လောက် ပုံမှန်ကစားမယ်ဆိုရင်ပဲ စဉ်းစားတွေးခေါ်နိုင်စွမ်းနဲ့ အင်္ဂလိပ်စာ ဝေါဟာရစွမ်းရည် တိုးတက် ကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။ ပေးထားတဲ့ စာလုံးတွေကို စကားလုံးတစ်ခုဖြစ်အောင် ဆက်ပေးရမှာပါ။ ဒီဂိမ်းလေးက ပျော်စရာကောင်းပြီး ကစားသူပေါင်း ၁၀ သန်းနဲ့ အထက် ရှိပါတယ်။
(၄) Contre Jour
Photo : Siachen Studios
ဒီဂိမ်းလေးကိုတော့ Angry Birds ၊ Tiny Troopers တို့လို နာမည်ကြီး ဂိမ်းတွေ ဖန်တီးခဲ့တဲ့ ယူကေအခြေစိုက်ဂိမ်းကုမ္ပဏီ Chillingo က ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ဒီဂိမ်းက စိတ်ဝင်စားဖို့ကောင်းတဲ့ ပဟေဋ္ဌိဂိမ်းတစ်ခုဖြစ်ပြီး ကစားသူက Petit လို့ခေါ်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ ဇာတ်ကောင်နေရာက ဆော့ကစားရမှာ ဖြစ်ပါတယ်။ နောက်ခံ Music တွေ ၊ ဂိမ်းရဲ့ Graphic တွေက တော်တော်လေးအထာကျပြီး အနုပညာတစ်ခုကို စီးမြောခံစားနေရသလို ခံစားမှုမျိုး ရစေမယ့် အမိုက်စားဂိမ်းတစ်ခု ဖြစ်ပါတယ်။
Featured Photo : Word Finder – YourDictionary

