ကွီးတို့အတွက် ဖက်ရှင် နဲ့ပတ်သက်လာလျှင် ကွီးတို့အများစု ဝတ်ဆင်ဖြစ်ကြတဲ့ ဖက်ရှင်ကတော့ ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်တဲ့ဖက်ရှင်မျိုးကို ပိုမိုဦးစားပေးတာကို တွေ့ရပါတယ်။ တစ်ဖန် Classic ဆန်တဲ့ ဖက်ရှင်မျိုး ဝတ်တဲ့အခါမှာတော့ ရင့်ကျက်တဲ့ ကွီးတွေက ထိုဖက်ရှင်မျိုးကို အများဆုံးဝတ်ဆင်ဖြစ်ကြတာကို တွေ့ရပါတယ်။ ထိုဖက်ရှင်နှစ်ခုကို ပေါင်းစပ်ဝတ်ဆင်လို့ရော မရဘူးလား။
ကွီးတို့အနေနဲ့ ပေါ့ပေါ့ပါးပါးဖက်ရှင်နဲ့ Classic ဆန်တဲ့ဖက်ရှင်မျိုးကို ဖန်တီးချင်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက ကွီးတို့အတွက်ပါပဲ။
ဘယ်လိုဖက်ရှင်စတိုင်လ်မျိုးနဲ့ ဖန်တီးနိုင်မလဲဆိုတာကို ဖက်ရှင် ချစ်သူကွီးတို့အတွက် ဝေမျှပေးလိုက်ရပါတယ်။
အနီရောင်တီရှပ်နဲ့ ဂျင်းဘောင်းဘီကို တွဲဖက်ဝတ်ဆင်ပါ
တီရှပ်အစင်းကျားနဲ့ ဂျင်းဘောင်းဘီအပြဲဖက်ရှင်
ဒီဖက်ရှင်စတိုင်လ် နှစ်ခုကို ကြည့်လိုက်တဲ့အခါမှာတော့ ဂျင်းဘောင်းဘီသည် လူငယ်ဆန်တဲ့ဘက်ကို ရည်ညွှန်းပြီး တီရှပ်ကတော့ Classic ဖက်ရှင်မျိုးကို ဖော်ပြနေတာဖြစ်ပါတယ်။
အပွင့်အဆင်တီရှပ်နှင့် ဂျင်းဘောင်းဘီဖက်ရှင်
ဒီဖက်ရှင်စတိုင်လ်ကလည်း အခုနောက်ပိုင်းမှာ တစ်ဖန်ပြန်လည်ခေတ်စားလာတဲ့ ဖက်ရှင်လေးပဲဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ဂျင်းဘောင်းဘီအစား ချီနိုဘောင်းဘီကို ပြောင်းလဲဝတ်ဆင်ကာ ရှိုးထုတ်နိုင်ပါသေးတယ်။
ဂျင်းဂျက်ကတ်နှင့် ဂျင်းဘောင်းဘီဖက်ရှင်
ကွီးတို့အနေနဲ့ ဘယ်ဂျငက်ကတ်မျိုး ဝတ်ဆင်ရမလဲ ဝေခွဲမရဖြစ်နေတဲ့အခါ ဂျင်းဂျင်ကတ်သာ ရွေးချယ်လိုက်ပါ။
သားရေဂျက်ကတ်ဖက်ရှင်
သားရေဂျက်ကတ်များသည်လည်း ဂျင်းဘောင်းဘီနဲ့ လိုက်ဖက်တဲ့ဖက်ရှင်အဝတ်အထည်တစ်ခုဖြစ်ပါတယ်။
ဂျင်းဘောင်းဘီအပြဲနှင့် ဟူဒီဖက်ရှင်
ဟူဒီများသည်လည်း Classy Casual အဝတ်အထည်အဖြစ် မှတ်ယူနိုင်ပါတယ်။ ကွီးတို့အနေနဲ့ All-Black ဖက်ရှင်မျိုး ကြိုက်နှစ်သက်ပါက ဟူဒီအနက်ကို ဂျင်းအပြဲအနက်ရောင်နဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။
Joggers ဘောင်းဘီနဲ့ Sneakers ဖိနပ်ဖက်ရှင်
ဒီဖက်ရှင်သည်လည်း ကွီးတို့ရဲ့အင်္ကျီရွေးချယ်မှုအပေါ် မူတည်ပြီး ဖက်ရှင်က အနည်းငယ် ပြောင်းလဲသွားနိုင်ပါတယ်။ ဆွယ်တာနဲ့ ဝတ်ဆင်တဲ့အခါ ပိုမို Classic ဖြစ်တဲ့ဘက်ကိုသွားပြီး တီရှပ်နဲ့ တွဲဝတ်မယ်ဆိုရင်တော့ ပေါ့ပါးလွတ်လပ်တဲ့အသွင်ဘက်သွားပါတယ်။
ရှပ်အကွက်နှင့် ဂျင်းဖက်ရှင်
နောက်ထပ် Classy Casual ဖက်ရှင်မျိုး ဖန်တီးနိုင်တဲ့ နည်းလမ်းတစ်ခုကတော့ ရှပ်အင်္ကျီအကွက်နှင့် ဂျင်းဘောင်းဘီကို တွဲဖက်ဝတ်ဆင်ခြင်းပဲဖြစ်ပါတယ်။ ရှပ်ကို ဘောင်းဘီထဲ ထည့်ဝတ်ပြီး ခါးပတ်နဲ့ တွဲဖက်ဝတ်ဆင်လိုက်တဲ့အခါ ဖက်ရှင်ကျတာကို တွေ့မြင်ရပါလိမ့်မယ်။
ကွီးတို့ရော အခုဖော်ပြသွားတဲ့ဖက်ရှင်တွေထဲက ဘယ်ဖက်ရှင်စတိုင်လ်ကို အနှစ်သက်ဆုံးဖြစ်မလဲ။
Source: Fashionhombre.com
Featured Image: Toptrendsguide