နည်းပညာများ တစ်ခုထက်တစ်ခု ပိုမိုတိုးတက်မြင့်မားလာသည်နှင့်အမျှ ကြိုးမဲ့ နားကြပ်များသည်လည်း ဈေးကွက်ထဲတွင် တစ်စထက် တစ်စ လူကြိုက်များလာကြပါတယ်။ ကြိုးမဲ့နားကြပ်အမျိုးအစားများ အများအပြားရှိတဲ့အနက် ပေါ်ပြူလာ အဖြစ်ဆုံး Earbuds များက ဘယ်အမျိုးအစားတွေဖြစ်မလဲ။

ပေါ်ပြူလာ အဖြစ်ဆုံး Earbuds များကို ရွေးချယ်တဲ့အခါ ဈေးနှုန်းတစ်ခုတည်းကို ကြည့်လို့မရပါဘူး။ သူတို့ရဲ့ Performance ကိုလည်း ကြည့်ဖို့ လိုအပ်ပါသေးတယ်။ Noise Cancellation ၊ Sound Quality အစရှိတဲ့အရာတွေကိုပါ ထည့်စဉ်းစားရမှာ ဖြစ်ပါတယ်။ အဲ့ဒီလို ဘက်ပေါင်းစုံက ပြီးပြည့်စုံတဲ့ အမိုက်စား ကြိုးမဲ့နားကြပ်များကတော့ …

Sony WF-1000XM4

ကြိုးမဲ့နားကြပ် for kwee

ဒီနားကြပ်လေးကတော့ ဒေါ်လာ ၂၃၀ ကုန်ကျမှာ ဖြစ်ပါတယ်။ Sony တံဆိပ်ဆိုတဲ့ အတိုင်းပဲ နောက်ခံဆူညံသံများကို ဖျောက်ထားနိုင်ပြီး ဒီဇိုင်းကလည်း အမိုက်စားပဲဖြစ်ပါတယ်။ မော်ဒယ်အမျိုးအစားကတော့ WF-1000XM4 ဖြစ်ပါတယ်။

Jabra Elite 3

ကြိုးမဲ့နားကြပ် for kwee

အရည်အသွေးလည်း ကောင်းပြီး ဈေးလည်း သက်သာတဲ့ ဒေါ်လာ ၁၀၀ အောက် Earbuds မျိုးကို ရှာဝယ်ချင်ပါသလား။ Jabra Elite 3 ကို ရွေးချယ်နိုင်ပါတယ်။ သူကတော့ တန်ဖိုး ဒေါ်လာ ၈၀ ပဲရှိပါတယ်။ အသံ ကွာလတီကလည်း အမိုက်စားဖြစ်ပြီး ဘက်ထရီသက်တမ်းကလည်း အကြာကြီးခံပါတယ်။ ဒါ့အပြင် ဖုန်နှင့် ရေစိုဒဏ်ကိုလည်း ခံနိုင်တဲ့ ပေါ်ပြူလာ အဖြစ်ဆုံး အမိုက်စား Earbuds လေးပဲ ဖြစ်ပါတယ်။

Bose QuietComfort Earbuds

ကြိုးမဲ့နားကြပ် for kwee

ဒီနားကြပ်လေးကတော့ ဆူညံသံ ဖယ်ရှားပေးတဲ့စနစ်ပိုင်းမှာ Sony နဲ့ အပြိုင်ပဲဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၉၉ ဒေါ်လာ ကုန်ကျမှာဖြစ်ပါတယ်။ သီချင်းနားထောင်တဲ့အခါ ငြိမ့်ငြိမ့်လေးနဲ့ အမိုက်စားဖီလင်ကို ခံစားရစေမှာဖြစ်ပါတယ်။

Beats Fit Pro

ကြိုးမဲ့နားကြပ် for kwee

လေ့ကျင့်ခန်း ပြုလုပ်နေရင်းနဲ့ သီချင်း နားထောင်ချင်ပါသလား။ ဘေးပတ်ဝန်းကျင်က ဆူညံသံများကို အကောင်းဆုံး ဖယ်ရှားပေးနိုင်မယ့် ကြိုးမဲ့ Earbuds လေးတွေရှိပါတယ်။ လေ့ကျင့်ခန်း ပြုလုပ်နေစဉ်မှာ ခန္ဓာကိုယ်က ဘယ်လောက်ခုန်နေပါစေ၊ ဘယ်လောက်လှုပ်ရှားနေပါစေ ဒဏ်ခံနိုင်တဲ့ နားကြပ်တစ်ခုဖြစ်ပါတယ်။

Apple AirPods Pro

ကြိုးမဲ့နားကြပ် for kwee

ပန်းသီးရဲ့ Ecostystem ထဲမှာ ပျော်မွေ့နေသူများအတွက်တော့ ဒီနားကြပ်က ကွာလတီအကောင်းဆုံး နားကြပ်တစ်ခုဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၅၀ ဝန်းကျင်ရှိပါတယ်။

Samsung Galaxy Buds 2

ပေါ်ပြူလာ Earbuds

Samsung က ထုတ်လုပ်ထားတဲ့ နားကြပ်သည်လည်း ခေသူမဟုတ်ပါဘူး။ သူ့ကွာလတီသည်လည်း အမိုက်စားဖြစ်ပြီး ဈေးနှုန်းကတော့ ဒေါ်လာ ၁၅၀ ဝန်းကျင်ရှိပါတယ်။

Sennheiser Momentum True Wireless 3

ပေါ်ပြူလာ Earbuds

နောက်ထပ် အမိုက်စား နားကြပ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ သူကတော့ အသံ ကွာလတီပိုင်းမှာ အကောင်းဆုံးလို့ သတ်မှတ်ခြင်း ခံထားရတာပါ။ Packaging ကလည်း အမိုက်စားပဲဖြစ်ပါတယ်။ ဈေးနှုန်းကလည်း ဒေါ်လာ ၂၅၀ ပေးဝယ်ရမှာ ဖြစ်ပါတယ်။

Apple AirPods (Third Generation)

ပေါ်ပြူလာ Earbuds

ဒီ Third Gen ကတော့ ဒီဇိုင်းအသစ်လေးဖြစ်ပြီး  နားကြပ်အရွယ်းအစား ပိုတိုတာကို တွေ့ရမှာပါ။ သူ့တန်ဖိုးကတော့ ဈေးနှုန်း ၁၇၉ ဒေါ်လာ ပေးဝယ်ရမှာ ဖြစ်ပါတယ်။

Sony LinkBuds

ပေါ်ပြူလာ Earbuds

နောက်ထပ် အမိုက်စား နားကြပ်လေးကတော့ Sony က ထုတ်ထားတဲ့ LinkBuds ဖြစ်ပါတယ်။ ဒိုးနတ်ကွင်းလေးလို ဒီဇိုင်းဖြင့် ထုတ်လုပ်ထားတာဖြစ်ပြီး တပ်ဆင်ထားတဲ့အခါ သက်သောင့်သက်သာလည်းရှိပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၆၀ ကုန်ကျမှာဖြစ်ပါတယ်။

Razer Hammerhead True Wireless (2021)

ပေါ်ပြူလာ Earbuds

ဒီနားကြပ်လေးကတော့ ဂိမ်းကစားသူတွေအတွက် အကောင်းဆုံး ကြိုးမဲ့နားကြပ်တစ်ခုပဲ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၁၁၀ ပေးဝယ်ရမှာဖြစ်ပါတယ်။

ကွီးတို့ရော အခုဖော်ပြသွားတဲ့ Earbuds တွေထဲက ဘယ်နားကြပ်ကို သဘောအကျဆုံးပါလဲ။

Source: Theverge

Featured Image: Nytimes