အမျိုးသားတွေရဲ့ လိင်မှုဆိုင်ရာ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အစားအစာတွေထဲမှာ ပဲပိစပ်ကို ထည့်ရပါမယ်။ ပဲပိစပ်ဟာ သားသတ်လွတ် စားသူတွေအတွက် ကောင်းမွန်တဲ့ ပရိုတင်း အရင်းအမြစ်တစ်ခု ဖြစ်ရုံသာမကပဲ ကျွန်တော်တို့ အမျိုးသားတွေရဲ့ လိင်မှုကျန်းမာရေးနဲ့ မျိုးပွားမှုဆိုင်ရာ အလုံးစုံ ကျန်းမာရေးကို များစွာ အထောက်အကူ ပြုပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ပဲပိစပ် ကနေ ရရှိနိုင်တဲ့ အမျိုးသားတွေရဲ့ ကျားကျန်းမာရေး ကောင်းကျိုးတွေကို မျှဝေပေးချင်ပါတယ်။

(၁) လိင်မှုဘဝကို ပိုမိုကောင်းမွန်စေတယ်

Sex Life
Photo : GAINSWave

ပဲပိစပ်ဟာ အမျိုးသားတွေရဲ့ လိင်မှုဘဝကို မြှင့်တင်ရာမှာ အထောက်အကူ များစွာ ပြုပါတယ်။ အဓိကအားဖြင့် ပဲပိစပ်မှာ Omega 3 ပါဝင်တဲ့အတွက် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ အားလုံးဆီကို သွေးစီးဆင်းမှု တိုးစေပါတယ်။ ကောင်းမွန်တဲ့ သွေးလည်ပတ်မှုစနစ်ရှိခြင်းဟာ အမျိုးသားတွေရဲ့ ဖွားဖက်တော် ထောင်မတ်နိုင်စွမ်းကို မြှင့်တင်ပေးပြီး လိင်စိတ်ဆန္ဒလျော့ကျတာ ၊ လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်ကျဆင်းတာ စတဲ့ ပြဿနာတွေကိုပါ တားဆီးကာကွယ် ပေးပါတယ်။

(၂) သက်လုံစွမ်းအား တိုးတက်စေတယ်

Stamina
Photo : FastandUp

ပဲပိစပ်မှာ ပါဝင်တဲ့ ဗီတာမင် A ၊ ဖောလိတ်တို့လို မရှိမဖြစ်တဲ့ ဗီတာမင်ဓာတ်တွေက အမျိုးသားတွေရဲ့ ကြံ့ခိုင်မှုနဲ့ သက်လုံစွမ်းအားကို တိုးတက်ကောင်းမွန်လာစေဖို့ ကူညီပေးပါတယ်။ ဒါ့အပြင် ပဲပိစပ်မှာ ခန္ဓာကိုယ်နဲ့ လိင်မှုဘဝအတွက် များစွာအကျိုးပြုတဲ့ ပရိုတင်း ၊ ဗီတာမင် C ၊ ဗီတာမင် E နဲ့ ဗီတာမင်K ၊ ဖောလိတ် ၊ ဇင့် ၊ ဆယ်လီနီယမ် ၊ သိုင်ရာမင်းနဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေလည်း ပေါပေါများများ ပါရှိပါတယ်။ ဒါကြောင့် ပဲပိစပ် စားသုံးခြင်းဟာ အမျိုးသားတွေရဲ့ နေ့စဉ်ဘဝ ကျန်းမာရေးသာမက လိင်မှုဘဝအတွက်ပါ အရေးပါတဲ့ ကိုယ်ခံအားနဲ့ သက်လုံစွမ်းအား တိုးတက်လာစေဖို့ အထောက်အကူ ပြုပါတယ်။

(၃) ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ချပေးတယ်

 Prostate Cancer
Photo : New Atlas

ဆီးကျိတ်ကင်ဆာဟာ အမျိုးသားတွေမှာ အဖြစ်များဆုံး ကင်ဆာရောဂါတစ်မျိုး ဖြစ်ပါတယ်။ တော်တော်များများ သိမှတ်မှား နားလည်ထားတာက ပဲပိစပ်ဟာ အမျိုးသားတွေမှာ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေကို တိုးစေတယ် ဆိုတာပါ။ တကယ်တော့ ဒါဟာ အမှားကြီးပါ။ ပဲပိစပ် ဟာ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေကို တိုးစေတာမဟုတ်ပဲ ဆန့်ကျင်ဘက်အနေနဲ့ ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချကာကွယ် ပေးတယ်လို့ လေ့လာမှုများစွာက ဆိုထားပါတယ်။

(၄) အိပ်စက်ခြင်းကို ကောင်းမွန်စေတယ်

Sleep Quality
Photo : Hitachi Air Conditioning

ပဲပိစပ်ရဲ့ နောက်ထပ် အကျိုးကျေးဇူးတစ်ခုကတော့ အိပ်စက်မှု အရည်အသွေးကို မြှင့်တင်ပေးရာမှာ များစွာအထောက်အကူ ဖြစ်စေတာပါ။ ပဲပိစပ် မှာ မဂ္ဂနီဆီယမ် ပါဝင်တဲ့အတွက် အိပ်စက်မှု အရည်အသွေးနဲ့ အိပ်စက်မှုစက်ဝန်းကို တိုးတက်ကောင်းမွန်စေဖို့ ကူညီပေးနိုင်တယ်လို့ သုတေသန ပြုချက်တွေအရ တွေ့ရှိထားပါတယ်။ အိပ်စက်ခြင်းဟာ လိင်မှုဘဝကျန်းမာရေးနဲ့ တိုက်ရိုက်သက်ဆိုင်နေပြီး ကောင်းမွန်တဲ့ အိပ်စက်မှု ပုံစံကို ထိန်းထားနိုင်ပါက ကျန်းမာပျော်ရွှင်တဲ့ လိင်မှုဘဝကို ရရှိပိုင်ဆိုင်နိုင်စေမှာပဲ ဖြစ်ပါတယ်။

ပဲပိစပ်ဟာ ကျန်းမာရေးအတွက် အကျိုးများတယ် ဆိုပေမယ့် အလွန်အကျွံတော့ မစားသင့်ပါဘူး။ တန်ဆေးလွန်ဘေးဆိုသလို အာဟာရနဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိပိုင်ဆိုင်နိုင်စေဖို့အတွက် သင့်တင့်မျှတတဲ့ ပမဏကိုသာ မှီဝဲစားသုံးဖို့ အကြံပြုချင်ပါတယ်။

Source : My Fit Brain

Featured Photo : Men’s Journal