ကွီးတို့ရေ တစ်ခါတစ်လေ ကျရင် လုပ်နေကျ အလုပ်တွေ မလုပ်ချင်ဘဲ ပျင်းရိနေပါသလား။ လူတော်တော် များများက အနည်းဆုံး တချို့အချိန်တွေမှာ ပျင်းရိတတ်ပါတယ်။ စိတ်မပူပါနဲ ဒါဟာ လူ့သဘာဝပါပဲ။ ဒါပေမဲ့ ကွီးတို့ရဲ့ ပျင်းရိတာက အချိန်အချို့ပဲ မဟုတ်ဘဲ အမြဲလိုလို ဖြစ်နေပါသလား။ ဒါမှမဟုတ် အချိန်တစ်ခုကစပြီး အကြောင်းအမျိုးမျိုးကြောင့် ပျင်းရိပြီး စိတ်အားတတ်ကြွမှုလည်း မရှိဘဲ လေးလံ ထိုင်းမှိုင်းလာပြီဆိုရင်တော့ ကြီးမားတဲ့ ပြဿနာဖြစ်လာပါပြီ။ ဒီလို ပျင်းရိပြီး ထိုင်းမှိုင်းနေတာ အချိန်ကြာလာပြီ ဆိုရင် ကွီးတို့ရဲ့ ရည်မှန်းချက်တွေ၊ အခွင့်အလမ်းတွေ၊ အောင်မြင်မဲ့လမ်းကြောင်းတွေကို ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် ကွီးတို့ကို ပျင်းရိခြင်း နဲ့ စိတ်အားတက်ကြွမှု မရှိဘဲ လေးလံထိုင်းမှိုင်းနေတာတွေ ရပ်တန့်စေဖို့ ထိရောက်တဲ့ နည်းလမ်းများ ကို မျှဝေပေးချင်ပါတယ်။

(၁) ဘာကြောင့် ပျင်းရိခြင်း နဲ့ စိတ်အားတက်ကြွမှု မရှိတာလဲ

ပျင်းရိခြင်း စိတ်အားတက်ကြွမှု နည်းလမ်းများ

Photo : Freepik

ကွီးတို့ အနေနဲ့ ဘာကြောင့်ပျင်းနေတာလဲ။ ဘာကြောင့် စိတ်အားတတ်ကြွ မရှိတာလဲဆို အရင်လေ့လာပါ။ ပျင်းရိခြင်းဆိုတာ တကယ်တော့ ကွီးတို့ဘဝအတွက် ကြီးမားတဲ့ ရန်သူပါပဲ။ တစ်ခါတစ်လေ လူတချို့က ကိုယ် ဘာတကယ်လိုချင်လဲ၊ ဘာဖြစ်ချင်လဲ၊ ဘယ်လိုဘဝကို ပိုင်ဆိုင်ချင်လဲဆိုတာ မသိတဲ့အခါ ထိုအရာကို ရယူဖို့ စိတ်အားတတ်ကြွမှု ဆိုတာလည်း မရှိတော့ပါဘူး။ ကွီးတို့ကို လှုံ့ဆော်မှုတွေ၊ စိတ်အားတတ်ကြွမှုတွေ မရှိတဲ့အခါ ပျင်းရိပြီး လေးလံထိုင်းမှိုင်း လာပါလိမ့်မယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ အရင်ဆုံး ကွီးတို့ကို ပျင်းရိစေတဲ့ အဖြေကိုရှာပါ။ ကိုယ့်ရဲ့ ပျင်းရိခြင်းကို လက်ခံပါ။ ကွီးတို့လိုချင်တာ၊ ဖြစ်ချင်တာကို သေချာရှာဖွေပါ။

(၂) နေ့စဉ် ဘဝကို ပြောင်းလဲပါ

ပျင်းရိခြင်း စိတ်အားတက်ကြွမှု နည်းလမ်းများ

Photo : Free Press Journal

ကွီးတို့ရဲ့ တူညီတဲ့ အခြေအနေများနဲ့ နေစဉ်ဘဝလည်ပတ်မှုက ကွီးတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ ပျင်းရိပြီး စိတ်အားတက်ကြွမှုတွေကို လျော့နည်းစေပါတယ်။ ဒါကြောင့် ကွီးတို့က နေ့စဉ်ပုံမှန်လည်ပတ်နေတဲ့ ဘဝကို ပြောင်းလဲပါ။ ပတ်ဝန်းကျင်အသစ်၊ လူအသစ်တွေနဲ့ ပြောင်းလဲလုပ်ကိုင်ဖို့ စဉ်းစားကြည့်ပါ။ ဒီလိုမျိုး အလွယ်တကူပြောင်းလဲဖို့ မလွယ်ဘူးဆို ကွီးတို့အနေနဲ့ မနက်ကိုပုံမှန်ထက်စောထတာမျိုး၊ ဝတ်စားဆင်ယင်မှုပြောင်းလဲတာမျိုး၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ကြည့်တာမျိုး၊ မိတ်ဆွေအသစ် ပတ်ဝန်းကျင်အသစ်နဲ့ စတင်ထိတွေ့မျိုး စတဲ့အခြေခံ အချက်လေးတွေက အစပြောင်းလဲကြည့်ပါ။ ဒီလိုပြောင်းလဲမှုသေးသေးလေးတွက ကွီးတို့ရဲ့ပျင်းရိခြင်းနဲ့ စိတ်အားတက်ကြွမှုမရှိခြင်းကို ဖြေဖျောက်ဖို့ အထောက်အကူ ကြီးကြီးမားမားဖြစ်စေပါတယ်။

(၃) လက်တွေ့ကျတဲ့ ပန်းတိုင်များကို ချမှတ်ပါ

goals

Photo : Henery S. Miller

ကွီးတို့ရေ လူတချို့က ကိုယ့်ရဲ့ လက်ရှိအနေအထားထက် ဝေးကွာလွန်းတဲ့ ရည်မှန်းချက် ကြီးကြီးမားမားတွေ ထားရှိကြပါတယ်။ တကယ့် လက်တွေ့မှာတော့  ထိုရည်မှန်းချက် မရောက်ခင်မှာဘဲ ခြေကုန်လက်ပန်းကျပြီး  ဖြစ်အောင်လုပ်နိုင်မှာ မဟုတ်တော့ဘူးလို့ ထင်တတ်ကြပါတယ်။ ထို့အပြင် အောင်မြင်အောင်ကြိုးစားဖို့ စိတ်အားတတ်ကြွမှု နဲ့ လှုံဆော်မှု မရှိတော့ဘဲ ပျင်းရိလာကြပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ လက်တွေ့ကျတဲ့ ပန်းတိုင်းအသေးလေး များထားပါ။ လက်တွေ့ကျတဲ့ ပန်းတိုင် အသေးလေးများက အောင်မြင်ဖို့ ပိုမိုမြန်ဆန်ပါလိမ့်မယ်။ ပန်းတိုင်အသေးများ အောင်မြင်လာတဲ့အခါ စိတ်အားတတ်ကြွလာပြီး ပျင်းရိခြင်းလည်း လျော့ကျလာပါလိမ့်မယ်။ ထိုမှ တဆင့် ပိုမိုကြီးမားတဲ့ ကွီးတို့ရဲ့ပန်းတိုင်တွေဆီ တတ်လှမ်းလိုက်ပါ။

(၄) နေ့စဉ် ဘဝထဲမှာ သက်ရောက်မှုမြင့်မားတဲ့ လှုပ်ရှားမှုတွေ ထည့်သွင်းပါ

goals

Photo : Crushpixel

ကွီးတို့ရဲ့ ပျင်းရိခြင်း နဲ့ စိတ်အားတက်ကြွမှု မရှိဘဲ လေးလံထိုင်းမှိုင်းနေတာတွေ ရပ်တန့်ပစ်ဖို့ နောက် တစ်နည်းကတော့ ကွီးတို့ဘဝထဲကို အပြုသဘောဆောင်တဲ့ လှုပ်ရှားမှုတွေ ထည့်သွင်းတာပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် သူငယ်ချင်းတွေနဲ့နေရာအသစ် ပတ်၀န်းကျင်အသစ်ကို ခရီးထွက်ပါ။ ကွီးတို့ကြိုက်တဲ့ သီချင်းကိုဆိုပြီး ကလိုက်ပါ၊ သူငယ်ချင်းနဲ့ အပြေးပြိုင်ပါ၊ ကွီးတို့ စိတ်ကြိုက်ကိုယ်လက်လှုပ်ရှားမှုကို နေ့စဉ်ထည့်သွင်းပြုလုပ်ပါ။ အထူးသဖြင့် နှလုံးသွေးကြောဆိုင်ရာ လေ့ကျင့်ခန်းများ က ခန္ဓာကိုယ်အတွင်း ကသွေးလည်ပတ်မှုကို ကောင်းစေပြီး တစ်နေ့တာလုံးအတွက် လေးလံထိုင်းမှိုင်းခြင်းမရှိဘဲ စိတ်အားတက်ကြွမှု ကိုမြင့်တတ်စေပါတယ်။ ပျင်းရိခြင်း ကိုလည်းလျော့ကျစေပါတယ်။

(၅) စိတ်အားထက်သန်သူများ နဲ့ ပေါင်းသင်းပါ

goals

Photo : SmallBussiness.co.uk

ကွီးတို့ရေ စိတ်နေစိတ်ထား နဲ့ စွမ်းအင်တွေက ကူးစက်တတ်တဲ့ သဘာဝရှိပါတယ်။ ကွီးတို့ ပတ်ဝန်းကျင်မှာ ညည်းညူတတ်သူ ပျင်းရိသူ၊ အဆိုးမြင်တတ်သူတွေနဲ့  ပြည့်နေပါက ၎င်းတို့ရဲ့ လွှမ်းမိုးမှုက အပြည့်အဝ ဟုတ်သော်လည်း သက်ရောက်မှုကြီးမားပါတယ်။ ကိုယ်ကိုယ်တိုင်က အရေးကြီးဆုံးလို့ ဆိုပေမဲ့လည်း ပတ်ဝန်းကျင်က သက်ရောက်မှုကလည်း ဘဝအတွက် အရေးပါတယ် ဆိုတာသိထားရပါမယ်။ တစ်နည်းအားဖြင့် ကွီးတို့ပတ်ဝန်းကျင်မှာ အကောင်းမြင်တတ်ပြီး စိတ်အားထက်သန် ကြိုးစားသူတွေနဲ့ ဝန်းရံထားပါက ကွီးတို့အပေါ်လည်း လွှမ်းမိုးမှုရှိလာကာ ပျင်းရိခြင်းလျော့နည်းလာပြီး စိတ်အားထက်သန်လာမည် ဖြစ်ပါတယ်။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ပျင်းရိခြင်း နဲ့ စိတ်အားတက်ကြွမှု မရှိဘဲ လေးလံထိုင်းမှိုင်းနေတာတွေ ရပ်တန့်စေဖို့ ထိရောက်တဲ့ နည်းလမ်းများ ဖြစ်ပါတယ်။ ကွီးတို့လည်း ပျင်းရိပြီး လေးလံထိုင်းမှိုင်း နေပါက ဒီအချက်လေးတွေအတိုင်း လိုက်နာကျင့်သုံးကြည့်ပါ။ ကွီးတို့ဘဝ တိုးတက်မြင့်မားရေးအတွက် အထောက်အကူပြုမှာ အသေအချာပင်ဖြစ်ပါတယ်။

 

Source :  Lifehack

Featured Photo : Flexispot