ပျားရည်ကတော့ လည်ချောင်းနာခြင်းကို ကုသပေးနိုင်တဲ့ ဆေးစွမ်းကောင်းတစ်လက်ပဲဖြစ်ပါတယ်။ အိမ်တိုင်း အိမ်တိုင်းရဲ့ မီးဖိုချောင်မှာ ပျားရည်က နေရာယူထားပါတယ်။ သဘာဝ ဆေးစွမ်းကောင်တစ်လက်ဖြစ်တဲ့ ပျားရည် ကို အသားအရေအတွက် အသုံးပြုမယ်ဆိုရင်တော့ ကွီးတို့ရဲ့ အသားအရေက ရွှေ လို ဝင်းလက်တောက်ပလာမှာပဲ ဖြစ်ပါတယ်။

ရှော်တီလေးတဲ့ ချိန်းထားတဲ့ နေ့မတိုင်ခင်မှာ ပျားရည် နဲ့ ပေါင်းတင်ပေးမယ်ဆိုရင်တော့ ကွီးတို့ရဲ့ အသားအရေက ရွှေ အဆင်းလို ဖြစ်သွားမှာ အသေအချာပါပဲ။ ပြုလုပ်ရမယ့် နည်းလမ်းများကလည်း လွယ်ကူပါတယ်။​ မိနစ် အနည်းငယ်လောက် အချိန်ပေးလိုက်ရုံနဲ့ ကိုရီးယားမင်းသားလေးလို ရုတ်ချည်းပြောင်းလဲသွားမှာ မယုံမရှိပါနဲ့။

အရိုးရှင်းဆုံး နည်းလမ်း

ပျားရည် ရွှေ

ဘာ့ကြောင့် အရိုးရှင်းဆုံဂ နည်းလမ်းလို့ နာမည်ပေးထားသးလဲဆိုရင် ကွီးတို့က ပျားရည်တစ်မျိုးတည်း လိုအပ်လို့ပါပဲ။

အရင်ဦးဆုံး မျက်နှာကို ကြက်သီးနွေး ရေနွေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ပါ။ ထို့နောက် ပျားရည်စစ်စစ် စားပွဲတင်ဇွန်း ၁ ဇွန်းခန့်ကို မျက်နှာပေါ်မှာ သုတ်လိမ်းပေးလိုက်ပါ။ ထို့နောက် ၂ မိနစ်၊ ၃ မိနစ်ခန့် ပေါင်းတင်ထားပြီး ကွီးတို့ရဲ့ မျက်နှာကို နူးညံ့ညင်သာစွာ နှိပ်နယ်ပေးလိုက်ပါ။ သတ်မှတ်အချိန် ပြည့်သွားတဲ့အခါမှာတော့ ကြက်သီးနွေး ရေနွေးလေးနဲ့ မျက်နှာသစ်ပေးလိုက်ပါ။ မျက်နှာပေါ်တွင် ပျားရည်များ ကုန်စင်သွားသည်အထိ မျက်နှာသစ်ပေးဖို့ လိုအပ်ပါတယ်။

ထိုအဆင့်များအားလုံး ပြီးသွားတဲ့အခါမှာတော့ အစိုဓာတ်ထိန်းခရင်မ်တစ်မျိုးမျိုးနဲ့ မျက်နှာကို ပြန်လည်လိမ်းကျံပေးလိုက်ပါ။

ဒါဆိုရင်တော့ ကွီးတို့ရဲ့ အသားအရေက ချွေးပေါက်လေးတွေ ကျဥ်းသွားပြီး ရောင်ရမ်း နီမြန်းနေတာမျိုးလည်း ပျောက်ကွယ်သွားမှာပဲ ဖြစ်ပါတယ်။

ပျားရည်နှင့် သံပုယိုရည်

ပျားရည် ရွှေ

နောက်ထပ် နည်းလမ်းကတော့ ပျားရည်နဲ့ သံပုယိုရည်ကို ပေါင်းစပ် အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။

ပထမအဆင့်အနေနဲ့ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းကို လတ်လတ်ဆတ်ဆတ် ညှစ်ထားးသော သံပုယိုရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် မျက်နှာပေါ်မှာ ညင်သာစွာ သုတ်လိမ်းပြီး မိနစ် ၂၀ ခန့် ပေါင်းတင်ပါ။ ထို့နောက် ကြက်သီးနွေး ရေနွေးလေးဖြင့် မျက်နှာပြန်သစ်လိုက်ပါ။

ထိုအဆင့်များ အားလုံးပြီးသွားတဲ့အခါ မိမိအသားအရေနှင့် လိုက်ဖက်တဲ့ Moisturizer တစ်မျိုးမျိုးဖြင့် ပြန်လည်လိမ်းကျံပေးနိုင်ပါတယ်။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ အသားအရေက တင်းတင်းရင်းရင်းလေးနဲ့ ကြည်လင်ဝင်းပနေမှာပဲ ဖြစ်ပါတယ်။

ပျားရည်နှင့် ကော်ဖီမှုန့် အရောအနှော

ကော်ဖီ

သံပုယိုရည် အသုံးမပြုချင်သူများကတော့ သံပုယိုရည်အစား ကော်ဖီ အကြမ်းမှုန့်ကို အသုံးပြုနိုင်ပါတယ်။

အရင်ဦးဆုံး ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းကို ကော်ဖီအကြမ်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ သမအောင် ရောနှာလိုက်ပါ။ ထို့နောက် အနှစ်များရအောင် သေချာ မွှေပေးဖို့ လိုအပ်ပါတယ်။ ရရှိလာတဲ့ အနှစ်ကို မျက်နှာပေါ်မှာ လိမ်းကျံပြီးနောက် ၁၅ မိနစ်ခန့် ပေါင်းတင်ထားလိုက်ပါ။

သတ်မှတ်ချိန်ပြည့်တဲ့ အခါမှာတော့ ကြက်သီးနွေး ရေနွေးလေးနဲ့ မျက်နှာသစ်ချလိုက်ပါ။ ပြီးရင်တော့ Moisturizer ကောင်းကောင်းလေးနဲ့ မျက်နှာကို ပြန်လည် ရေဓာတ် ဖြည့်ပေးနိုင်ပါတယ်။

ဒါဆိုရင်တော့ မျက်နှာပေါ်မှာ ရှိတဲ့ ဆဲလ်သေများ ၊ အမဲစက်များ ပျောက်ကွယ်သွားပြီး ဆဲလ်အသစ်များ ပြန်လည် ပေါက်ဖွားလာမှာပဲဖြစ်ပါတယ်။ အသားအရေလေးက Glow နေစေချင်တယ်ဆိုရင်တော့ ဒီပေါင်းတင်နည်းကို အသုံးပြုသင့်ပါတယ်။

ကွီးတို့ရော ကိုယ့်အသားအရေကို ဘယ်လိုနည်းလမ်းမျိုးတွေနဲ့ ဂရုစိုက်လေ့ရှိပါသလဲ။

Source: Nykaa