ပျော်ရွှင်ခြင်း အစစ်အမှန်သည် ခရီးသွား ခြင်းကနေ ဖြစ်တည်လာတယ်ဆိုတာကို ကွီးတို့ လက်ခံပါသလား။
ခရီးသွားခြင်းသည် ကွီးတို့ရဲ့ စိတ်ခံစားချက်များနှင့် အတွေးအမြင်များကို ပိုမို ပွင့်လင်းမြင်သာလာအောင် ဖန်တီးပေးနိုင်သလို ကွီးတို့ရဲ့ စိတ်ဖိစီးမှုများကို ပြေပျောက်သွားအောင် ဖန်တီးပေးနိုင်တာတော့ အမှန်ပါပဲ။ ဒါ့အပြင် ဒေသတစ်ခုနဲ့ တစ်ခု၊ နိုင်ငံ တစ်နိုင်ငံနဲ့ တစ်နိုင်ငံတို့ရဲ့ ယဥ်ကျေးမှုများကိုလည်း လေ့လာနိုင်ပါသေးတယ်။
ကွီးတို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို တိုးမြှင့်ပေးနိုင်တဲ့အပြင် စိတ်ကျန်းမာရေးအတွက်လည်း အထောက်အကူပြုတဲ့ အတွက်ကြောင့် ပိတ်ရက်ရှည်ရတဲ့အခါ ခရီးသွားသင့်တာပဲ ဖြစ်ပါတယ်။
ခရီးသွားတဲ့အခါ တစ်ယောက်တည်း Solo ခရီးသွားရတာမျိုးလည်း ရှိသလို သူငယ်ချင်းများ၊ မိတ်ဆွေအပေါင်းအသင်းများ၊ မိသားစုဝင်များနဲ့ သွားလာတာမျိုးလည်း ရှိပါသေးတယ်။ ဘယ်လိုမျိုးပဲ ခရီးသွားသွား အဓိကကတော့ ကွီးတို့ စိတ်ပြေလက်ပျောက် ဖြစ်ဖို့ပဲ မဟုတ်လား။
ကွီးတို့ စိတ်ပြေလက်ပျောက်ဖြစ်ပြီး စစ်မှန်တဲ့ ပျော်ရွှင်ခြင်း ကို ခရီးသွား ရင်း ရှာဖွေချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နေရာများဆီသို့ သွားသင့်ပါတယ်။
ဘန်ကောက်
ထိုင်းနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဘန်ကောက်မြို့သည် ရှော့ပင်း ထွက်ချင်တဲ့သူတွေအတွက်တော့ နိဗ္ဗာန်ဘုံပါပဲ။ ကွီးတို့အနေနဲ့ အိမ်နီးချင်း နိုင်ငံဆီ အလည်သွားပြီး သူတို့ရဲ့ ရှော့ပင်းစင်တာတွေဆီမှာ လည်ပတ်ရင်း ခရီးထွက်ချင်တယ်ဆိုရင်တော့ ဘန်ကောက်ကို ရွေးချယ်သင့်ပါတယ်။
လန်ဒန်
လန်ဒန်မြို့လေးကတော့ နိုင်ငံတကာ ယဥ်ကျေးမှု လက်ရာများ၊ ဖက်ရှင်များကို တမေ့တမောကြီး ကြည့်ရှုလေ့လာနိုင်တဲ့ နေရာ တစ်နေရာပဲဖြစ်ပါတယ်။ Thames မြစ်ကြီးပေါ်မှာ လှေစီးရင်း သဘာဝ ရှုခင်း အလှအပကို ကြည့်ရှုခံစားနိုင်သလို မြို့ကြီး ပြကြီးရဲ့ အလှတရားကိုလည်း ငေးမောခံစား နိုင်ပါသေးတယ်။
ပါရီ
ပြင်သစ်နိုင်ငံရဲ့ မြို့တော်ဖြစ်ပြီး ရိုမန့်တစ်ဆန်တဲ့ မြို့လို့တောင် တင်စားခံရတဲ့ ပါရီမြို့ကလည်း ခရီးသွားချစ်သူများအကြား ရေပန်းစား နာမည်ကြီးတဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။ တကယ်လို့ ကွီးတို့က ဥရောပဘက် ခရီးထွက်ဖြစ်တယ်ဆိုရင်တော့ ဒီမြို့ကို မဖြစ်မနေ သွားရောက်လည်ပတ်သင့်ပါတယ်။ မြို့ထဲမှာ လည်ပတ်စရာ ပန်းချီပြခန်းများ၊ ပြတိုက်များအပြင် ရင်သပ်ရှုမောဖွယ်ရာ ရှုခင်းများနဲ့ ပြည့်နှက်နေပါတယ်။
တိုကျို
တိုကျိုမြို့ဆီသို့ သွားရောက်လည်ပတ်မယ်ဆိုရင်တော့ ရှေးခေတ် ယဥ်ကျေးမှု အငွေ့အသက်များနဲ့ ခေတ်ပေါ် အငွေ့အသက်များကို ရောပြွမ်း ကြည့်ရှု ခံစားနိုင်မှာပဲဖြစ်ပါတယ်။ လူအများ အပြား ဥဒဟို သွားလာနေကြတဲ့ မြို့တော်တစ်ခုဖြစ်တဲ့ အတွက်ကြောင့် တကယ်လို့ ကွီးတို့က တစ်ယောက်တည်း Solo ခရီးသွားရင်လည်း လုံခြုံရေးအတွက် ပူစရာ မလိုအောင် လုံခြုံတဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။
ဘာလီ
နောက်ဆုံးပိတ် အိတ်နဲ့ လွယ်ဆိုသလို နောက်ဆုံးနေရာလေးကိုတော့ ကျွန်းတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သဘာဝအလှများနဲ့ ပြည့်နှက်နေပြီး သဲသောင်ပြင် နုနုလေးဆီမှာ ပြေးလွှားဆော့ကစားကာ လမ်းလျှောက်ချင်သူများအတွက် ဘာလီကျွန်းက ကွီးတို့အတွက်ပါပဲ။ ပင်လယ်လေရဲ့ လေကောင်းလေသန့်များကို ရှူရှိုက်ရင်း တန်ဖိုးရှိတဲ့ အချိန်လေးကို ကုန်ဆုံးနိုင်ပါတယ်။
ကွီးတို့ရော ပျော်ရွှင်ခြင်းတွေကို ရှာဖွေဖို့ ဘယ်နေရာတွေဆီသို့ သွားရောက်လည်ပတ် ချင်ပါသလဲ။
Source: Goabroad.com
Featured Image: Nextvacay