လူနှစ်ဦး အတူပေါင်းဖက်နေထိုင်တဲ့ အိမ်ထောင်တစ်ခုကို တည်ထောင်ရာမှာ ထင်သလောက်တော့ မလွယ်ကူပါဘူး။ ချစ်သူဘဝမှာ ချစ်ခြင်းမေတ္တာပေါ်မှာသာ အခြေခံသော်လည်း အိမ်ထောင်သည်ဘဝကတော့ အနည်းငယ်ကွာခြားနိုင်ပါတယ်။ အိမ်ထောင်တစ်ခု ထူထောင်လျှင် နှစ်ဖက်အသိုင်းအဝိုင်းပါ ပေါင်းစပ်ထိတွေ့ရတာ ဖြစ်တဲ့အတွက် ချစ်ခြင်းမေတ္တာအပြင်၊ နားလည်မှု၊ ယုံကြည်မှု စတာတွေပါ လိုအပ်လာပါတယ်။ ဒီဆောင်ပါးလေးမှာတော့ ကွီးတို့အနေနဲ့ ချစ်ရသူလေးနဲ့အတူ ရွှေလက်တွဲပြီး ဘဝခရီလမ်းတစ်လျှောက် အောင်မြင် ပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခု တည်ထောင်နိုင်ဖို့ သိထားရမဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။

ယုံကြည်မှုနဲ့ သစ္စာရှိမှုကို တည်ဆောက်ပါ

ပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခု

Photo : The Power of Silence

အောင်မြင် ပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခု မှာ ချစ်ခြင်းမေတ္တာကဲ့သို့ အရေးကြီးတဲ့ အရာကိုပြောပါဆိုရင် အချင်းချင်းယုံကြည်မှု ရှိဖို့နဲ့ သစ္စာရှိမှု ပဲ ဖြစ်ပါတယ်။ Relationship တစ်ခုဖြစ်စေ၊ အိမ်ထောင်တစ်ခုဖြစ်စေ အချင်းချင်းယုံကြည်မှုမရှိခြင်းဟာ တကယ်ကို လူနှစ်ဦးရဲ့ ဆက်ဆံရေးကို ပျက်စီးစေနိုင်တဲ့ ဆိုးရွားသောခြိမ်းခြောက်မှု တစ်ခုပါ။ ဒါကြောင့် ဘယ်အရာကိုမဆို သံသယအရင်မထားဘဲ တစ်ဖက်လူကို ယုံကြည်ပေးပါ။ မိမိကိုယ်တိုင်လည်း တစ်ဖက်သား ယုံကြည်အောင် ပြုမူနေထိုင်ဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် အိမ်ထောင်တစ်ခုမှာ မိမိရွေးချယ်ထားတဲ့ လူအပေါ် သစ္စာရှိပါ။ ကွီးတို့ဘက်က ဟန်ဆောင်မှုကင်းတဲ့ စစ်မှန်ခြင်းနဲ့ သစ္စာရှိမှုကို အရင်ဆုံးပေးလိုက်ပါ။ တစ်ဖက်သူ ကလည်း ထိုနည်းအတိုင်း ကွီးတို့အပေါ်ရောင်ပြန် ဟပ်ပါလိမ့်မယ်။

ခွင့်လွှတ်တတ်ဖို့ သင်ယူပါ

ပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခု

Photo : HealthShots

လူတိုင်း အမှားတွေ လုပ်တတ်ကြပါတယ်။ ကွီးတိုရဲ့ အိမ်ထောင်ဖက်ကလည်း ကွီးတို့ရဲ့ ခံစားချက်တွေကို ထိခိုက်စေနိုင်တဲ့ အရာ သို့မဟုတ် စိတ်အနှောင့်အယှက်ဖြစ်စေသော တစ်ခုခုကို ပြုလုပ်နိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးဆိုရင် ဒေါသအရင်မထွက်ပါနဲ့။ ကွီးတို့အနေနဲ့လည်း သူမအပေါ် အမှားလုပ်မိနိုင်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောဆို ဆွေးနွေးပါ။ အချင်းချင်းမကြိုက်တဲ့ အချက်တွေကို အတူတကွ ပြုပြင်ပါ။ အမှားလုပ်မိလျှင်လည်း ခွင့်လွှတ်တတ်ဖို့ သင်ယူပါ။ ခွင့်လွှတ်တတ်ဖို့ကလည်း အောင်မြင်ပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခု တည်ထောင်ရာမှာ အရေးပါတဲ့ အချက်တစ်ခုပါ။

အပြန်အလှန် လေးစားမှုရှိပါ

ပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခု

Photo : Crosswalk.com

အိမ်ထောင်တစ်ခုဟာ လူနှစ်ဦးပေါင်းစပ်တာ ဖြစ်တဲ့အတွက် အရာရာတိုင်းတော့ ထပ်တူမကျနိုင်ပါဘူး။ အယူအဆ ကွဲလွဲမှုတွေလည်း ရှိနိုင်ပါတယ်။ အရာရာကို ကွီးတို့အနေနဲ့ သဘောတူနိုင်မှာ မဟုတ်သော်လည်း သဘောထားကွဲလွဲမှုများအတွင်း တရားမျှတပြီး လေးစားမှုရှိရန် အရေးကြီးပါတယ်။ ကွီးတို့ အိမ်ထောင်ဖက်ရဲ့ အမြင်ကို နားထောင်ပေးပါ။ သူမရဲ့ ထင်မြင်ယူဆချက်ကို လေးစားပေးပါ။ ဒါ့အပြင် ကွီးတို့နှစ်ယောက် ဆက်ဆံရေးမှာလည်း တစ်ယောက်နဲ့တစ်ယောက် လေးစားမှုရှိပါစေ။

နားလည်မှု

happy married life

Photo : Tharapy

အိမ်ထောင်တစ်ခု သာယာပျော်ရွှင်ပြီး တည်မြဲစေဖို့ ဆိုရင် အရေးအကြီးဆုံးကတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုပေးနိုင်ဖို့ပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် မကြိုက်တဲ့ အချက်တွေ သို့မဟုတ် ဘယ်လောက်ကြီးမားတဲ့ ပြဿာနာပဲ ဖြစ်ပါစေ၊ ဘယ်လိုအားနည်းချက်ပဲ ဖြစ်ပါစေ တစ်ဦးနဲ့တစ်ဦး ညှိနှိုင်းမှု၊ နားလည်မှုအပြည့်နဲ့ရှေ့ဆက်သွားရင် သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေး တစ်ခုဖြစ်မှာပါ။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုမပေးနိုင်ရင်တော့ ဘယ်လို အသေးအဖွဲ့ ပြဿနာပဲဖြစ်ပါစေ၊ ရှေ့ဆက်ဖို့ခဲယဉ်းမှာပါ။

ကိုယ်ပိုင်အချိန်ထားရှိပါ

happy married life

Photo : Project bold Life

အိမ်ထောင်ပြုပြီးလျှင်လည်း ကိုယ်ပိုင်အချိန် ထားရှိဖို့လိုအပ်ပါတယ်။ လူတိုင်းသည် ကိုယ်ကြိုက်နှစ်သက်တာများ၊ စိတ်ဝင်စားမှုများကို ပြုလုပ်ရန်၊ တွေးတောရန်နှင့် ပျော်ရွှင်ရန် ကိုယ်ပိုင် အချိန်လိုအပ်ပါတယ်။ အထူးသဖြင့် ကလေးရှိလာလျှင် ကိုယ်ပိုင်အချိန်နည်းသွားတတ်ပါတယ်။ ဒါကြောင့် ကွီးတို့ရဲ့ အိမ်ထောင်ဖက်နဲ့ ညှိနှိုင်းပြီး နှစ်ဦးစလုံးအတွက် ကိုယ်ပိုင်အချိန်လေး ထားရှိပါ။ ဒီလိုလုပ်ခြင်းဟာ ကွီးတို့ အချင်းချင်းနားလည်မှုတွေ တိုးလာပြီး ပျော်ရွှင်တဲ့ အိမ်ထောင်ရေးလး ဖြစ်စေဖို့ အထောက်အကူပြုမှာပါ။

ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ အချက်လေးတွေက အောင်မြင် ပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခု တည်ထောင်ရာမှာ အထောက်အကူပြုစေမှာပါ။

Featured Photo : Executive