ကွီးတို့ရေ ကျန်းမာရေး ကောင်းပြီး အမြဲတန်းပျော်ရွှင်နေသူ တစ်ယောက်ကို ကြည့်မယ်ဆိုရင် သူဟာ ပတ်ဝန်းကျင်ကို အပြုသဘောဆောင်တဲ့ စိတ်နဲ့ ဆက်ဆံရေး ရှိပါတယ်။ ရွှင်လန်းတက်ကြွမှု၊ ဖေးမကူညီသော ဆက်ဆံရေးနဲ့ အပြုံးမျက်နှာမျိုး တွေ့ရမှာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ကျန်းမာရေးနှင့် ပျော်ရွှင်မှုဆိုင်ရာ အလေ့အကျင့်တွေကို ကောင်းကောင်းလုပ်လေ့ရှိတဲ့အတွက် ကျန်းမာပျော်ရွှင်တဲ့ ဘဝကို ရရှိခြင်း ဖြစ်ပါတယ်။ ကျန်းမာပျော်ရွှင်နေတဲ့ အမျိုးသားများ ပြုလုပ်လေ့ရှိတဲ့ အလေ့အကျင့် တွေက အောက်မှာ ဖော်ပြထားတဲ့အတိုင်း ဖြစ်ပါတယ်။

(၁) ကျန်းမာသန်မာစေပြီး ပေါ့ပါးကြံ့ခိုင်စေမဲ့ လေ့ကျင့်ခန်းတွေကို အာရုံစိုက် လုပ်လေ့ရှိခြင်း

ပျော်ရွှင်နေတဲ့ အမျိုးသားများ

Photo : JSnewstimes

ကွီးအနေနဲ့ ကျန်းမာပျော်ရွှင်စေဖို့အတွက် ပထမဆုံးအနေနဲ့ နေ့တိုင်း အနည်းဆုံး နာရီဝက်လောက် လေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ တစ်ဦးချင်းပေါ် မူတည်ပြီး လေ့ကျင့်ခန်း အမျိုးအစားကလည်း ကွဲပြားနိုင်ပါတယ်။ ကွီးအနေနဲ့ ပျော့ပျောင်းမှုထက် ကြံ့ခိုင်မှုကို တည်ဆောက်ရန် အာရုံ စိုက်နိုင်ပေမဲ့ ပျော့ပျောင်းမှုက အရိုးနှင့် ကြွက်သားကျန်းမာရေးအတွက် အရေးကြီးပါတယ်။ ‌ရေကူးခြင်း၊ စက်ဘီး စီးခြင်း၊ အလေးမခြင်း တို့လို လေ့ကျင့်ခန်းတွေကို အပတ်စဉ် မှန်မှန်လုပ်ဖို့ လိုတဲ့အပြင် စိတ်ကြံ့ခိုင်မှုနဲ့ အကြောတွေ ပျော့ပြောင်းဖို့အတွက် ယောဂ အလေ့အကျင့်ကို မှန်မှန်လုပ်ရပါမယ်။ ဒီအလေ့အကျင့်တွေက ကွီးတို့ကို ကျန်းမာ ပျော်ရွှင်နေတဲ့ အမျိုးသားများ ဖြစ်စေမှာ အမှန်ပါဘဲ။

(၂) အသက်အရွယ်အလိုက် ပုံမှန် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ခြင်း

ပျော်ရွှင်နေတဲ့ အမျိုးသားများ

Photo : INTEGRIS Health

ကွီးတို့ရေ အမျိုးသားတွေက အမျိုးသမီးတွေနဲ့ ယှဉ်ကြည့်ရင် ကျန်းမာရေးကို လျစ်လျူရှုလေ့ ရှိကြပါတယ်။ ကျန်းမာပျော်ရွှင်ကြတဲ့ အမျိုး သားတွေက ဝှေးစေ့နှင့် ဆီးကျိတ်ကင်ဆာအတွက် ပုံမှန် စစ်ဆေးကြပါတယ်။ အသက်အရွယ်အလိုက် ဆီးချို၊ သွေးတိုးနှင့် နှလုံးရောဂါလို လူနေမှုပုံစံကြောင့် ဖြစ်ပေါ်တတ်တဲ့ ရောဂါများအတွက် ဖြစ်နိုင်ခြေတွေကိုလည်း ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင် တတ်ကြ ပါတယ်။ ကွီးတို့အနေနဲ့လည်း ပုံမှန်စစ်ဆေးမှုအတွက် အလေ့အကျင့် လုပ်ထားမယ်ဆိုရင် ဖြစ်ပေါ်လာမည့် ကျန်းမာရေးပြဿနာတွေကို လျှင်မြန်စွာ တုန့်ပြန်ခြင်းဖြင့် ကျန်းမာ ပျော်ရွှင်နေတဲ့ အမျိုးသားများ ဖြစ်လာပါလိမ့်မယ်။

(၃) ကျန်းမာရေးနဲ့ ညီညွတ်စွာစားသောက်ခြင်း

ပျော်ရွှင်နေတဲ့ အမျိုးသားများ

Photo : BarBend

ကွီးအနေနဲ့ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသောက်မှသာ ရောဂါကင်းပြီး ပျော်ရွှင်မှုကို ရနိုင်ပါမယ်။ ဆန္ဒနဲ့ အတ္တကို ရှေ့တန်းတင်ပြီး စားသောက်တာမျိုးကို ရှောင်ရပါမယ်။ သင့်တင့်သော ပရိုတင်းပါဝင်သော အစာနဲ့ ဟင်းသီးဟင်းရွက် များများစားခြင်းက ကျန်းမာရေးနဲ့ညီညွှတ်ပြီး ပျော်ရွှင်မှုကို ရစေပါတယ်။ အဆီနဲ့ ကာဗိုဟိုက်ဒရိတ်များတဲ့အစာကို ရှောင်ပါ။ ဒါက ကွီးအတွက် ကျန်းမာ ပျော်ရွှင်နေတဲ့ အမျိုးသားများ ထဲက ဖြစ်ဖို့ အခွင့်အလမ်းကောင်းပါ။

(၄) အပန်းဖြေ အနားယူဖို့ အချိန်ပေးခြင်း

ပျော်ရွှင်နေတဲ့ အမျိုးသားများ

Photo : NBC News

ကွီးတို့အနေနဲ့ ကျန်းမာ ပျော်ရွှင်တဲ့ ဘဝအတွက် အနားယူ အပန်းဖြေချိန်ပေးဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ အနားယူအပန်းဖြေချိန်က မှန်ကန်ဖို့ လိုပါတယ်။ အရက်ဆိုင်ထိုင်တာ ဒါမှမဟုတ် ကွန်ပျူတာဂိမ်း ကစားတာက ပျော်စရာကောင်းပေမယ့် ကွီးကို စစ်မှန်တဲ့ အပန်းဖြေမှုမျိုး မဟုတ်ပါဘူး။ ယင်းအစား အပြင်ထွက်လမ်းလျှောက်တာ၊ ခရီးထွက်တာ၊ တီထွင်ဖန်တီးမှု တစ်ခုခုလုပ်တာ သို့မဟုတ် တရားထိုင် တာတွေက ကျန်းမာပျော်ရွှင်မှု အတွက် အလေ့အကျင့် ကောင်းများ ဖြစ်ပါတယ်။

(၅) အခြားသူတွေနဲ့ အပြုသဘောဆောင်သော ဆက်ဆံရေးဖြင့် တည်ဆောက်ခြင်း

Healthy and happy man

Photo : Romantifi

(၇၅)နှစ်ကြာ Harvard လေ့လာမှုတစ်ခုက ပျော်ရွှင်မှုနှင့် ကျန်းမာရေးကြား ဆက်စပ်မှုကို ရှာဖွေ ဖော်ထုတ်ခဲ့ပါတယ်။ ကျန်းမာသော အမျိုးသားများနှင့် မကျန်းမာသော အမျိုးသားများကြား ကွဲပြား စေသည့် အချက်တစ်ခုမှာ အပြုသဘောဆောင်သော၊ ရေရှည်ဆက်ဆံရေး ရှိမရှိ ဆိုတာဘဲ ဖြစ်ပါတယ်။ အပြုသဘောဆက်ဆံရေးနဲ့ ဖော်ရွေမှုက ကျန်းမာပျော်ရွှင်မှုရဲ့ အဓိကအချက်ဖြစ်ပါတယ်။ အခြားသူတွေ အပေါ် အပြုသဘောဆက်ဆံရေးနဲ့ ဖော်ရွေမှုက ကွီးအတွက် ကျန်းမာပျော်ရွှင်နေတဲ့ အမျိုးသား ဖြစ်ဖို့ အလေ့အကျင့် တစ်ခု ဖြစ်ပါတယ်။

(၆) လုံလောက်စွာအိပ်စက်ခြင်း

Healthy and happy man

Photo : ShaddiWish

ကျန်းမာပျော်ရွှင်ဖို့ လုံလောက်သော အိပ်စက်အနားယူခြင်းဟာလည်း အရေးကြီးပါတယ်။ ‌ကောင်းစွာအိပ်စက်ခြင်း မလုပ်နိုင်တဲ့ အကြောင်းတွေဖြစ်တဲ့ စိတ်ဖိစီးမှုအကြောင်းအရားတွေ၊ ကဖင်းဓါတ်များတဲ့ အစားအစာတွေ စားသုံးမှုများတာတွေကို ဖယ်ရှားဖို့ လိုပါတယ်။ တစ်ညကို (၈)နာရီ ကောင်းကောင်းအိပ်စက်ခြင်းက ကျန်းမာပျော်ရွှင်ဖို့ အထောက်အပံ့ပေးပါတယ်။

(၇) စိတ်ဖိစီးမှုအပေါ်မှာ အာရုံမထားခြင်း

Healthy and happy man

Photo : HealthifyMe

ကွီးအနေနဲ့ ဖိစီးမှုတွေကြောင့် လူမှုဘဝကို ထိခိုက်စေဖို့ မသင့်ပါဘူး။ ယနေ့အချိန်မှာ ရုပ်ပိုင်း ဆိုင်ရာ၊ လူမှုရေး၊ ပရော်ဖက်ရှင်နယ်၊ မိသားစုနှင့် အပန်းဖြေမှုဆိုင်ရာ တောင်းဆိုချက် အားလုံးကို တုံ့ပြန်ရန် ခက်ခဲပါတယ်။ တဖြည်းဖြည်းနဲ့ စိတ်ဖိစီးမှု ခံစားလာကြပါတယ်။ ရေရှည်စိတ်ဖိစီးရတဲ့ အကြောင်းရင်းတွေကို ကိုင်တွယ်ဖြေရှင်းပြီး ကျန်းမာပျော်ရွှင်အောင် နေဖို့ လိုပါတယ်။

ကွီးတို့အားလုံး ဒီအလေ့အကျင့် တွေကို လုပ်ခြင်းဖြင့် ကျန်းမာပျော်ရွှင်နေတဲ့ အမျိုးသားတွေ ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။

Source : 1Life

Featured Photo : Health Care