လူတစ်ယောက်ရဲ့ ပျော်ရွှင်မှုဟာ အဲ့ဒီလူပေါ်မှာပဲ အများကြီး မူတည်နေတယ်ဆိုတာ သင် သိပါသလား။ ကိုယ့်ကို ပျော်ရွှင်အောင် ထားနိုင်တာကလည်း ကိုယ်တိုင်ပဲ ဖြစ်သလို ၊ ကိုယ့်ကို ပျော်ရွှင်မှုနဲ့ ဝေးကွာစေတာလည်း သင် ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ ပျော်ရွှင်မှု က လက်တစ် ကမ်းအလိုမှာ ရောက်နေပေမယ့် ကိုယ်တိုင် ဝင်လာဖို့ခွင့်မပေးတာကြောင့် ပျော်ရွှင်မှုကို မခံစားကြရတာမျိုးလည်း ဖြစ်တက်ပါတယ်။ ဒီတစ်ခေါက်မှာတော့ ကွီးတို့ဘဝထဲက ပျော်ရွှင်မှု တွေကို ဟန့်တားနေတဲ့ အလေ့အကျင့်ဆိုးတွေအကြောင်းပြောပြပေးချင်ပါတယ်။

(၁) ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း

Photo : iStock

တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်ရသူတွေအနေနဲ့ သတိထားသင့်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု မရှိတဲ့အခါ ခန္ဓာကိုယ်က သွေးလည်ပတ်မှုလည်း မကောင်းတော့သလို စိတ်ပိုင်း/ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေမှာ အားလျော့လာပြီး ကျန်းမာပျော်ရွှင်နဲ့ ဘဝနဲ့ ဝေးကွာသွားပါလိမ့်မယ်။ ဒါကြောင့် နေ့စဉ်ပုံမှန် ကိုယ်ကာယ လေ့ကျင့်ခန်းလေးတွေကို တက်နိုင်သလောက် လုပ်ပေးသင့်ပါတယ်။

(၂) ခံစားချက်ကို ထိန်းချုပ်ထားခြင်း

Photo : iStock

ပျော်ရွှင်မှုကိုတာဆီးနေတဲ့ အကြီးဆုံးရန်သူကတော့ မိမိရဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်ထားခြင်းပါပဲ။ စိတ်ထဲမှာ ဘာဖြစ်နေလဲဆိုတာ အပြင်ကို ထုတ်ပြဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် တစ်ချို့ တစ်စုံတစ်ယောက်ကို ထိခိုက်စေမယ့်အရာမျိုးကိုတော့ ထုတ်ပြဖို့ မလိုအပ်ပါဘူး။

(၃) လူတွေနဲ့ ပေါင်းသင်းဆက်ဆံမှု မရှိခြင်း

Photo : iStock

တစ်ခါတစ်လေမှာ တစ်ယောက်တည်းနေရတာ ကောင်းပါတယ်။ ဒါပေမယ့် လူရယ်လို့ဖြစ်လာပြီဆိုရင်တော့ လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းကို ချန်လှပ်ထားလို့ မရပါဘူး။ ဘယ်သူ့ကိုမှ အရေးတယူလုပ်ပြီး ပတ်သက်နေစရာလိုဘူးလို့ တွေးမိနေရင် အကြီးကြီးမှားတာပါပဲ။ လူတွေနဲ့ ထိတွေ့ပေါင်းသင်းပါ။ လူမှုကွန်ရက်ပေါ်ကမဟုတ်ဘဲ အပြင်မှာပါ တွေ့ဆုံကြတဲ့အခါ စိတ်တွေလန်းဆန်းပျော်ရွှင် လာပါလိမ့်မယ်။

(၄) နည်းပညာပစ္စည်းတွေနဲ့ပဲ အချိန်ကုန်နေခြင်း

Photo : iStock

စမတ်ဖုန်း / လက်ပ်တော့တွေက ဒီဘက်ခေတ်လူတွေရဲ့ နေ့စဉ်ဘဝထဲက အရေးပါတဲ့ ပစ္စည်းတွေပါပဲ။ ဒါပေမယ့် ကွီးတို့ရဲ့တစ်နေ့တာမှာ လက်ပ်တော့တွေ၊ ဖုန်းတွေကို အသုံးပြုချိန်ဟာ ဘယ်လောက်ထိရှိနေလဲဆိုတာ ပြန်ဆန်းစစ်ပါ။ နည်းပညာတွေနဲ့ပဲ အချိန်ကုန်နေတာက စိတ်ရောလူပါ ထိုင်းမှိုင်းလေးလံစေပြီး တကယ့်အပြင်လောကကြီးနဲ့ အဆက်အသွယ်ပျက်စေပါတယ်။ ဘဝရဲ့ ပျော်ရွှင်မှုဆိုတာ တကယ့်အပြင်လက်တွေ့ဘဝထဲမှာ ရှာဖွေရတာ ဖြစ်ပါတယ်။

Featured Photo : Inc. Russia