ခရီးသွားတယ်ဆိုတာ ပင်ပန်းသမျှတွေကို ပြေပျောက်ချင်လို့အတွက် သွားကြတာပဲဖြစ်ပါတယ်။ တချို့ကလည်း မိသားစုလိုက် ခရီးသွားရတာကို နှစ်ခြိုက်ကြသလို၊ တချို့ကတော့ သူငယ်ချင်း ဘော်ဒါတွေနဲ့အတူတူ ခရီးသွားရတာကို သဘောတွေ့ကြပါတယ်။ ဘယ်သူနဲ့ပဲ ခရီးသွားသွား ဒီအချက်တွေကို မ ပြင်ဆင် ထားဘဲ ခရီးသွား မယ်ဆိုရင်တော့ ထိုခရီးစဥ်က အဆင်ပြေမှာ မဟုတ်ပါဘူး။ ခရီးစဥ် ပျက်သွားတာမျိုးတောင် ဖြစ်နိုင်ပါတယ်။

ဒါ့ကြောင့် ကွီးတို့ စီစဥ်ထားတဲ့ ခရီးစဥ်တွေ အစ အလယ် အဆုံး အဆင်ပြေဖို့ရန်အတွက် အခုဖော်ပြပေးမယ့် အချက်များကို မသွားခင်ကတည်းက တစ်ခါတည်း ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။

ကြိုတင်ဘိုကင် လုပ်ထားပါ၊ လက်မှတ်တွေကိုလည်း ကြိုဝယ်ထားပါ

ကြိုတင်ဘိုကင်

ခရီးသွားခြင်းကို ပိုမိုစိတ်လှုပ်ရှားဖွယ်ဖြစ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ ကြိုတင်စီစဉ်ထားခြင်းပဲ ဖြစ်ပါတယ်။ ဒါမှသာ ခရီးစဉ်အတွင်း အဆင်မပြေမှုတွေ၊ စိတ်ဖိစီးမှုတွေ ကင်းဝေးပြီး ခရီးစဉ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကြိုတင်စီစဉ်ထားခြင်းဖြင့် ခရီးစဉ်အတွင်း ပြုလုပ်လို့ရတဲ့ လှုပ်ရှားမှုအားလုံးကို သေချာပြုလုပ်နိုင်ပြီး ပျော်ရွှင်စရာကောင်းတဲ့ အမှတ်တရတွေ ဖန်တီးနိုင်မှာပါ။

လေယာဥ် လက်မှတ်၊ ရထား လက်မှတ်၊ ကားလက်မှတ် စတာတွေကို ကြိုတင်ပြင်ဆင်ကာ ဝယ်ယူထားပါ။ ဟိုတယ်ကိုလည်း ကြိုတင် ဘိုကင်ချိတ်ထားဖို့ လိုအပ်ပါမယ်။ ဒါမှသာ စိတ်ပင်ပန်းစရာ တစ်ခု လျော့သွားမှာပါ။

ပိုက်ဆံတွေ တစ်ခါတည်း လဲသွားပါ

ပြင်ဆင် ခရီးသွား

ကွီးတို့အနေနဲ့ ပြည်တွင်းကို ခရီးထွက်ရင်တော့ ကိစ္စမရှိပေမယ့်၊ ပြည်ပကို ခရီးထွက်မယ်ဆိုရင် ထိုနိုင်ငံရဲ့ ငွေကြေးကို ဒီမှာကတည်းက အနည်းငယ်လဲလှယ်သွားပါ။ ဒါမှမဟုတ် ကိုယ့်ရဲ့ Visa ကဒ်များမှ ငွေဖြည့်တင်းသွားပါ။ ဒေါ်လာများသယ်ဆောင်သွားပြီး ကိုယ်သွားရောက်မယ့်နိုင်ငံမှာ လဲလှယ်နိုင်သော်လည်းပဲ အလုပ်အနည်းငယ်ပိုစေပါတယ်။

ခရီးဆောင်အိတ်ထဲကို လိုအပ်မယ့် အဝတ်အစားများသာ ထည့်သွားပါ

ပြင်ဆင် ခရီးသွား

ဖက်ရှင်ချစ်သူတစ်ချို့ရှိပါတယ်။ ၂ ညအိပ်၊ ၃ ရက် ခရီးလောက်ကို ၁ လစာ အဝတ်အစားတွေ ထည့်သွားတာမျိုးပါ။ အဲ့ဒီလိုမျိုး ထည့်သွားမယ်ဆိုရင် ဘယ်သူပဲ ဒုက္ခရောက်မလဲဆိုရင် ကွီးတို့ပဲ ဒုက္ခရောက်မှာပါ။ ခရီးဆောင်အိတ် အတင် အချ ပြုလုပ်ရတဲ့အခါမျိုးမှာ၊ တစ်နေရာကနေ တစ်နေရာ သွားလာရတဲ့အခါမျိုးမှာ အရမ်းပဲ စိတ်ညစ်ဖို့ ကောင်းလှပါတယ်။ ဒါ့ကြောင့်မို့လို့ ကွီးတို့သည် ခရီးဆောင်အိတ်ထဲမှာ လိုအပ်တဲ့ အဝတ်အစားများပဲ ထည့်သွားသင့်ပါတယ်။

ကိုယ် သွားမယ့် နေရာက ဘေးကင်းရဲ့လား ကြိုတင် လေ့လာထားပါ

ပြင်ဆင် ခရီးသွား

ကိုယ် သွားမယ့် နေရာနဲ့ ပတ်သက်ပြီး သေသချာချာ လေ့လာ ထားဖို့လည်း အရေးကြီးပါတယ်။ ဘာသာစကား တစ်ခုတည်းကို ဆိုလိုတာမဟုတ်ပါဘူး။ ထိုနိုင်ငံရဲ့ ယဥ်ကျေးမှု ၊ ဓလေ့ထုံးတမ်းများ ၊ ဘယ်အရာက တရားမဝင်ဘူးလဲ ဆိုတာကို သိထားသင့်ပါတယ်။ ဥပမာ စင်ကာပူမှာ ပီကေ ဝါးခြင်းက တရားဝင် ဖြစ်ပါသလား။ ဗင်းနစ်မြို့မှာ ခိုငှက်တွေကို အစား ကျွေးလို့ရော ရရဲ့လား။ စကော့တလန်နိုင်ငံမှာ နွားတွေကို စီးလို့ရရဲ့လား အစရှိတဲ့ ကိုယ်သွားမယ့် နေရာနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်ကအစ လေ့လာထားမှသာ တော်ရာကျမှာပဲ ဖြစ်ပါတယ်။

ဒီအချက်တွေကတော့ ခရီးမသွားခင်မှာ ပြင်ဆင်သွားသင့်တဲ့ အချက်တွေပဲဖြစ်ပါတယ်။ အခြားအရေးကြီးတဲ့အချက်တွေဖြစ်တဲ့ လိုအပ်တဲ့ ဆေးဝါးများ သယ်ဆောင်သွားခြင်း၊ ခရီးမသွားခင်မှာ ကိုယ်က ခရီးသွားမှာဖြစ်ကြောင်းကို မိသားစုဝင်များအား အကြောင်းကြားထားခြင်း အစရှိတဲ့ အချက်များကို ပြုလုပ်သင့်ပါတယ်။

ကွီးတို့ရော ခရီးမသွားခင်မှာ ဘယ်လိုမျိုး ပြင်ဆင်သွားလေ့ရှိပါသလဲ။

Source: Solotravellerworld

Featured Image: Freepik