ကွီးတို့ရဲ့ အိမ်ကို ပြီး ပြည့်စုံ တဲ့ နောက်ဆုံးပေါ် စမတ် အိမ် တစ်လုံးအဖြစ် ဖန်တီး ပြောင်းလဲဖို့ အကြံအစည် ရှိနေပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းများကို အသုံးပြုဖို့တော့ လိုအပ်ပါလိမ့်မယ်။ အခုဖော်ပြပေးမယ့် ပစ္စည်းများသာ ဝယ်ထည့်ထားကြည့်လိုက်ပါ။ ကွီးတို့ အိမ်က ပြီး ပြည့်စုံ တဲ့ နောက်ဆုံးပေါ် စမတ် အိမ် တစ်လုံး ဖြစ်သွားမှာ အသေအချာပါပဲ။

ဒါဆိုရင် ကွီးတို့ အိမ်အတွက် ဘယ်လိုပစ္စည်းတွေက မရှိမဖြစ် လိုအပ်မလဲ။

စမတ် တံခါးလော့ခ်များ

စမတ် တံခါးလော့ခ်များ

ကိုရီးယား ကားတွေထဲမှာ စမတ် တံခါးလော့ခ်တွေ အသုံးပြုပြီး အိမ်ကို သော့ခတ်ထားတာ ကွီးတို့ မြင်ဖူးကြပါလိမ့်မယ်။ ထိုစမတ် တံခါးလော့ခ်သာ အသုံးပြုရင် ကွီးတို့ သော့တွေ အိမ်ထဲမှာ မေ့ကျန်ခဲ့တာမျိုး၊ တစ်နေရာရာမှာ မေ့ကျန်ခဲ့လို့ သော့ပြင်ဆရာ ခေါ်နေရတဲ့ ဒုက္ခကနေ ကင်းဝေးသွားမှာပဲဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာကတော့ ကွီးတို့ရဲ့ စမတ် တံခါးလော့ခ်ရဲ့ လျှို့ဝှက် နံပါတ်များကို သေချာ မှတ်မိဖို့လည်း လိုအပ်သလိုပဲ ကွီးတို့ရဲ့ လျှို့ဝှက်နံပါတ်ကိုလည်း တခြားသူတွေ မသိစေဖို့ လိုအပ်ပါတယ်။ ခန့်မှန်းရလွယ်တဲ့ နံပါတ်တွေကို လျှို့ဝှက်နံပါတ်အဖြစ် မထားပါနဲ့။

စမတ်အပူချိန်ပြ ကိရိယာများ

ပြည့်စုံ စမတ် အိမ်

ကွီးတို့ အိမ်တွင်းပတ်ဝန်းကျင်က အပူချိန် ဘယ်လောက်ရှိသလဲ အေးလွန်းနေသလား၊ ပူလွန်းနေသလား၊ ဘာတွေ Update ပြုလုပ်ဖို့ လိုအပ်မလဲ စတာတွေကို ပြသပေးမယ့် တစ်ခုတည်းသော စက်ပစ္စည်းပဲ ဖြစ်ပါတယ်။ ဒီပစ္စည်းကို တပ်ဆင်ထားမယ်ဆိုရင် လေကောင်း လေသန့် ရရှိလား မရရှိဘူးလားဆိုတာကိုပါ သိရှိနိုင်ပါတယ်။

စက်ရုပ်ဖုန်စုပ်စက်များ

ပြည့်စုံ စမတ် အိမ်

အလုပ်တွေ များလွန်းလို့ အိမ်သန့်ရှင်းရေးလည်း တစ်ခါမှ မလုပ်ဖြစ်လို့ စိတ်ရှုပ်နေပါသလား။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ အမ်အတွက် စက်ရုပ် ဖုန်စုပ်စက်များကို အသုံးပြုဖို့ လိုအပ်လာနေပါပြီ။ စက်ရုပ် ဖုန်စုပ်စက်သာ ရှိမယ်ဆိုရင် ကွီးတို့က ဘယ်လောက်ပဲ အလုပ်များများ စိတ်ပူစရာမလိုအပ်တော့ပါဘူး။ ကွီးတို့ရဲ့ အိမ်တွင်း ပတ်ဝန်းကျင်က အမှိုက် ကင်းစင်ပြီး သပ်ရပ် သန့်ရှင်းတဲ့ နေရာတစ်ခု ဖြစ်သွားပြီပဲ ဖြစ်ပါတယ်။

စမတ်မီးအိမ်များ

ပြည့်စုံ စမတ် အိမ်

ယနေ့ခေတ်မှာတော့ စမတ်မီးလုံးတွေ မီးအိမ်တွေသည် ဒီဇိုင်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုး ရှိပါတယ်။ ကွီးတို့က မီးလုံးလေးကို မကြိုက်ဘူးဆိုရင်လည်း မီးချောင်းလေးကို ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ လှပတဲ့ ဒီဇိုင်းမျိုးစုံလည်း ရှိပြီး ဖန်ရှင်လည်း အမျိုးအစား စုံလင်ပါတယ်။ တချို့ စမတ် မီးလုံးတွေဆိုရင် အသံနဲ့ အမိန့်ပေးနိုင်တဲ့ ဖန်ရှင်တွေတောင် ပါရှိပါတယ်။ ကွီးတို့ အိမ်မှာသာ ဒီလို စမတ် မီးအိမ်လေးတွေ တပ်ထားမယ်ဆိုရင်တော့ အဆင့်မြင့်တဲ့ အိမ်တစ်လုံးကို ပိုင်ဆိုင်နိုင်မှာ အသေအချာပါပဲ။

ကွီးတို့ အိမ်ထဲမှာရော အခုဖော်ပြသွားတဲ့ ပစ္စည်းတွေထဲက ဘယ်အမျိုးအစားတွေ တပ်ဆင်ထားပါသလဲ။ ကွီးတို့ အိမ်ကို ပြီး ပြည့်စုံ တဲ့ စမတ် အိမ် တစ်လုံးအဖြစ် မပြောင်းလဲ ပစ်ချင်ဘူးလား။

Source: Theverge

Featured Image: Molekule