ပြေးခြင်း တစ်နည်းအားဖြင့် အပြေးလေ့ကျင့်ခန်းတွေ ပြုလုပ်ခြင်းက ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်ရေးအတွက် အကျိုးပြုသည်သာမက ကယ်လိုရီတွေ လောင်ကျွမ်းစေပြီး ခန္ဓာကိုယ်ပုံသဏ္ဍန်ကို ထိန်းသိမ်းရန် အကောင်းဆုံး နည်းလမ်းများထဲက တစ်ခုပါ။ ဒါ့အပြင် ရိုးရှင်းပြီး လွယ်ကူတဲ့ ကိုယ်လက်လှုပ်ရှားမှု တစ်ခုဖြစ်တဲ့ ပြေးခြင်းကနေ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကြီးမားတဲ့ အကျိူးကျေးဇူးတွေ ဆောင်ကျဉ်းပေးနိုင်ပါတယ်။ ပြေးခြင်းကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများထဲက အချို့ကတော့

  • ကျန်းမာကြံ့ခိုင်စေပါတယ်
  • အရိုးအဆစ်တွေကို ကြံ့ခိုင်သန်မာစေပါတယ်
  • ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို တိုးတက်စေပါတယ်
  • အရိုးပွရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်
  • စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်
  • ကိုယ်အလေးချိန်ကို ကျစေပါတယ် စတာတွေပဲ ဖြစ်ပါတယ်။

ပြေးခြင်းကနေ ဒီလိုအကျိုးကျေးဇူးတွေ ရတယ်ဆိုတာ ကွီးတို့ နားလည်ပြီဆိုရင် အပြေးလေ့ကျင့်ခန်းကို အခုပဲ ထလုပ်ဖို့ စဉ်းစားလိုက်ပါ။ တကယ်လို့ ကွီးတို့က ပြေးဖို့အတွက် စိတ်အားထက်သန်မှုမရှိဘူး ဖြစ်နေတယ်ဆိုရင် တေးဂီတသံစဉ်လေးတွေက ကူညီပေးနိုင်ပါတယ်။ တေးဂီတ သံစဉ်များနဲ့ ပြေးခြင်း က ကွီးတို့ရဲ့ စိတ်ကို ပိုမိုတတ်ကြွလာစေပြီး စီးချက်များနဲ့အတူ ခန္ဓာကိုယ်လှုပ်ရှားဖို့ ပိုပြီး လွယ်ကူလာပါလိမ့်မယ်။ ဒါ့တင်မကသေးဘဲ တေးဂီတသံစဉ်လေးတွေ နားထောင်ရင်း အပြေးလေ့ကျင့်ခန်းကို ပြုလုပ်ခြင်းက ကောင်းမွန်သော စိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်ကာ စိတ်အားထက်သန်မှုလည်း ရရှိလာပါလိမ့်မယ်။ ဒါကြောင့် ကွီးတို့ အပြေးလေ့ကျင့်ခန်း လုပ်ရင်းဖြစ်ဖြစ်၊ Workout လုပ်ရင်းပဲ ဖြစ်ဖြစ် ပိုမိုတတ်ကြွစွာ လုပ်ဆောင်နိုင်စေရန် နားထောင်နိုင်ဖို့ သီချင်းကောင်းလေးတွေကို ဝေမျှသွားမှာ ဖြစ်ပါတယ်။

“Facehopping” by SOPHIE

Source : SOPHIE

“Vroom Vroom” by Charli XCX

Source : Vroom Vroom Recordings

“Rich Bitch Juice (Laura Les Remix)” by Alica Longyu Gao

Source : Alica Longyu Gao

“Lose Control” by Missy Elliot (Feat. Ciara,Fatman Scoop)

Source : Missy Elliott

“Ruff Ryders’ Anthem” by DMX

Source : DMX

“Brutal” by Olivia Rodrigo

Source : Olivia Rodrigo

“No Control” by One Direction

Source :One Direction

 “Hot Girl Bummer” by Blackbear

Source : blackbear

“Need to Know” by Doja Cat

Source : Doja Cat

“Intentions” by Justin Bieber feat. Quavo

Source : Justin Biber

“The Edge Of Glory” by Lady Gaga

Source : Lady Gaha

“Durag Activity” by Baby Keem feat. Travis Scott

Source : Baby Keem

အခုဖော်ပြပေးလိုက်တဲ့ မြူးမြူကြွကြွ သီချင်းကောင်းလေးတွေကို Playlist လုပ်ပြီး သံစဉ်များနဲ့ အထာကျကျ ပြေးခြင်း ကို အခုပဲ ပြုလုပ်လိုက်ပါ။ ပြေးတာတင်မဟုတ်ဘဲ ဘယ်လို Workout ပဲလုပ်လုပ် ဒီသီချင်းလေးတွေက ကွီးတို့ တတ်ကြွနေဖို့ ကူညီပေးမှာပါ။ ကွီးတို့ သတိပြုရမယ့် အချက်ကတော့ ပြေးစက်ပေါ်မှာ မဟုတ်ဘဲ Outdoor မှာ ပြေးမယ်ဆိုရင် လမ်းမများပေါ်မှာပြေးခြင်းထက် ကားအန္တရာယ် ကင်းရှင်းတဲ့ ပန်းခြံများ၊ ကန်ဘောင်များမှာ ပြေးခြင်းက ပိုပြီး သင့်တော်ပါတယ်။

Source : Cosmopolitan

Featured Photo : Men’s Journal