လိင်မှုကိစ္စလို့ ပြောလိုက်တာနဲ့ ချစ်တင်းနှောတဲ့ အပိုင်းကိုပဲ အမြဲတမ်း ဦးတည်သွားနေတာ ငြီးငွေ့စရာ ကောင်းပါတယ်။ တစ်ခါတစ်လေမှာ ကိုယ့်ပါတနာကို ထိုးသွင်းဆက်ဆံမှုမပါပဲ ပွတ်သီးပွတ်သပ် လက်ချည်းသီးသန့် လက်သိုင်း ကစားပေးဖို့လည်း လိုအပ်ပါတယ်။ အတူနေတဲ့အခါ ကွီးတို့ရဲ့ ဖွားဖက်တော် ညီလေးကို ခဏအနားပေးပြီး ဘာကြောင့် လက်ချောင်းလေးတွေနဲ့ပဲ ကစားပေးသင့်လဲဆိုတာ ဒီဆောင်းပါးမှာ ပြောပြပေးပါမယ်။

(၁) အပြောင်းအလဲဖြစ်တဲ့ ခံစားမှုတစ်ခုကို ရစေတယ်

orgasm

Photo : IWannaKnow.org

ပုံမှန် ထိုးသွင်းဆက်ဆံမှုပုံစံနဲ့ ချစ်တင်းနှောတာထပ် လက်ချောင်းတွေကိုပဲသုံးပြီး အထွတ်အထိပ်ရောက်သည်အထိ လက်သိုင်း ကစားပေးတာဟာ မတူညီတဲ့ အပြောင်းအလဲ ခံစားမှုတစ်ခုကို ခံစားရစေမှာ ဖြစ်ပါတယ်။ များသောအားဖြင့် Foreplay အဆင့်မှာ လက်ချောင်းတွေနဲ့ ပွတ်သပ်နှိုးဆွမှု လုပ်တယ်ဆိုပေမယ့် အထွတ်အထိပ်ရောက် ပြီးမြောက်သည်အထိ မသွားကြပါဘူး။ ဒါကြောင့် ကွီးတို့ရဲ့ လက်သိုင်းအစွမ်း ကောင်းကောင်းပြပြီး လက်ချောင်းတွေနဲ့လည်း ကွီးတို့ ပါတနာကို အထွတ်အထိပ် အော်ဂဇင်ခံစားမှု ပေးနိုင်တယ်ဆိုတာ ပြသလိုက်ပါ။

(၂) ထိုးသွင်းဆက်ဆံမှုထက် အော်ဂဇင်ရဖို့ ပိုလွယ်တယ်

orgasm

Photo : Mundo NOW

အတူနေတဲ့အခါ အချိန်ဘယ်လောက်ကြာကြာ စွမ်းဆောင်နိုင်သည်ဖြစ်စေ သိုင်းကောင်းကောင်း မတက်ထားရင် ကိုယ့်ပါတနာကို အထွတ်အထိပ် ခံစားမှုပေးနိုင်မှာ မဟုတ်ပါဘူး။ လက်သိုင်း ကတော့ ထိုးသွင်းဆက်ဆံမှုထက် အော်ဂဇင် ပိုရနိုင်ခြေ များတယ်လို့ ပြောနိုင်ပါတယ်။ ဘာလို့ဆို အမျိုးသမီး ၇၀ ရာခိုင်နှုန်းလောက်ဟာ အထွတ်အထိပ် ခံစားမှု အော်ဂဇင်ရောက်ရှိဖို့အတွက် Clitoral Stimulation လို့ခေါ်တဲ့ မိန်းမကိုယ်အစေ့ကို နှိုးဆွလှုံ့ဆော်ပေးရတာ ဖြစ်ပါတယ်။ ဒါကြောင့် ကွီးတို့ရဲ့ လက်ချောင်းတွေကို အသုံးပြုပြီး Clitoral Stimulation ကောင်းကောင်းပေးမယ်ဆိုရင် သေချာပေါက် အော်ဂဇင် ရစေမှာ ဖြစ်ပါတယ်။

(၃) လက်သိုင်းမကြိုက်တဲ့သူ မရှိသလောက်ရှားတယ်

orgasm
Photo : Medical News Today

အမျိုးသမီးတိုင်း တစ်ယောက်နဲ့တစ်ယောက် အကြိုက်တွေ မတူနိုင်ကြပေမယ့် လက်တွေနဲ့ ပွတ်သပ်နှိုးဆွပေးတာကို မကြိုက်တဲ့သူ ခပ်ရှားရှားရယ်ပါ။ လက်ချောင်းတွေဟာ လေဒီတို့ရဲ့ ခန္ဓာကိုယ်ပေါ်က ခံစားမှုအမြင့်ဆုံး အစိတ်အပိုင်း ဧရိယာတွေကို ထိထိမိမိ လှုံ့ဆော်နှိုးဆွမှုပေးနိုင်သလို တစ်ချိန်တည်းမှာပဲ ရင်သား ၊ မိန်းမကိုယ် ၊ စအို စသည်ဖြင့် မတူညီတဲ့ နေရာအစိတ်အပိုင်းတစ်ခုထက်ပိုပြီး တစ်ပြိုင်နက်တည်း နှိုးဆွပေးနိုင်ပါတယ်။ ဒီလို မတူညီတဲ့ ခံစားမှုအစုံကို တစ်ပြိုင်နက်တည်း ခံစားရစေတာဟာ အထွတ်အထိပ် ရောက်စေဖို့အတွက် များစွာ အထောက်အကူ ဖြစ်စေပါတယ်။

Source : Lifehacker

Featured Photo : VICE