ကမ္ဘာနှင့်တစ်ဝှမ်းမှာ အထင်ကရ ပွဲတော် များနှင့် ပါတီပွဲ အမျိုးအစားမျိုးစုံကို အများအပြားကျင်းပလျက်ရှိပါတယ်။ ပျော်ပွဲရွှင်ပွဲများကို နှစ်သက်သူများကလည်း ထိုကဲ့သို့သော ပွဲတော် ရက်များနှင့် ပါတီပွဲ ရက်များကို ရွေးချယ်ကာ ခရီးသွားလေ့ရှိကြပါတယ်။

ကွီးတို့လည်း ကမ္ဘာတစ်လွှား ခရီးသွားချင်တယ် ၊ ဘယ်အချိန်သွားရမလဲမသိဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် ဆောင်းပါးလေးကို လေ့လာဖတ်ရှုနိုင်ပါတယ်။

ဖင်လန်နိုင်ငံ

ပွဲတော် ပါတီပွဲ

ဖင်လန်နိုင်ငံတွင် မေလ ၁ ရက်နေ့ဆိုလျှင် Vappu ဆိုတဲ့ ပွဲတော်ကို ကျင်းပလေ့ရှိ ကြပါတယ်။ နိုင်ငံရဲ့ အလုပ်သမားနေ့ဖြစ်သလို ဆောင်းရာသီကုန်ဆုံးပြီဖြစ်ကြောင်းကို ကျင်းပဖို့ရန်အတွက် နိုင်ငံသူ၊ နိုင်ငံသားများသည် လမ်းမထက်ဆီသို့ ထွက်လာကာ လည်ပတ်ကြခြင်း၊ ပျော်ပွဲစားထွက်ကြခြင်းများ ပြုလုပ်လေ့ရှိကြပါတယ်။

သြစတျေးလျနိုင်ငံ

ပွဲတော် ပါတီပွဲ

သြစတျေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် မီးအလှဆင်ပွဲတောါကို ရက်သတ္တပတ် သုံးပတ်ကြာ ကျင်းပလေ့ရှိကြပါတယ်။ မေလ ၂၇ ရက်နေ့ကနေ ဇွန်လ ၁၈ ရက်နေ့အထိ ကျင်းပတာဖြစ်ပြီး သီချင်းသံများ၊ ဖျော်ဖြေတင်ဆက်မှုပေါင်းစုံကို ရှုမြင်ခံစားနိုင်မှာဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံ

ပွဲတော် ပါတီပွဲ

ဇူလိုင်လ ၁၄ ရက်နေ့ကတော့ ပြင်သစ်နိုင်ငံသူ၊ နိုင်ငံသားများအတွက် အမျိုးသားနေ့ဖြစ်ပါတယ်။ ထို့နေ့သည် လူအများသည် လမ်းမတစ်လျှောက် ချီတက်ကြပြီး သူတို့ရဲ့ အမျိုးသားစိတ်ကို မြှင့်တက်လာအောင် ဆောင်ရွက်ကြပါတယ်။ ညနေခင်းမှာတော့ အီဖယ်မျှော်စင်အနီးတွင် မီးရှူးမီးပန်းများကို ကြည့်ရှုဖို့ရန်အတွက် လူအများသည် စုဝေးလာကြပါတယ်။ ပျော်ရွှင်ဖွယ်ကောင်းတဲ့ ပွဲတော်နေ့တစ်ရက်ပဲဖြစ်ပါတယ်။

ကနေဒါနိုင်ငံ

festival around the world

ကနေဒါနိုင်ငံ၊ Montreal မြို့တွင် ဇူလိုင်လ ၂၉ ရက်နေ့နှင့် သြဂုတ်လ ၃၁ ရက်နေ့တွင် ကမ္ဘာ့အကြီးဆုံး ဂီတပွဲတော်ကို ကျင်းပလေ့ရှိကြပါတယ်။ လူများကြိတ်ကြိတ်တိုးနေကြပြီး ကမ္ဘာကျော်အဆိုတော်များလည်း လာရောက်သီဆိုဖျော်ဖြေလေ့ ရှိကြပါတယ်။

ဂျာမနီနိုင်ငံ

festival around the world

ကွီးတို့အနေနဲ့ ဂျာမနီနိုင်ငံ Munich မြို့ဆီ အလည်အပတ်သွားချင်တယ်ဆိုရင်တော့ စက်တင်ဘာလ ၁၇ ရက်နေ့ကနေ အောက်တိုဘာလ ၃ ရက်နေ့များအတွင်း သွားလည်သင့်ပါတယ်။ ထိုအချိန်မှာ ကမ္ဘာ့အကြီးကျယ်ဆုံး ဘီယာပွဲတောင်ကြီး ကျင်းပလို့ပဲ ဖြစ်ပါတယ်။ လူပေါင်း သိန်းနှင့်ချီပြီး ထိုပွဲတော်ကို တက်ရောက်ကြပြီး ဘီယာများကို စည်လိုက် သောက်သုံးကြတာဖြစ်ပါတယ်။ ကွီးတို့လည်း တဝကြီး သောက်ချင်တယ်ဆိုရင်တော့ ထိုပွဲတော်ကို သွားရောက်ဆင်နွှဲသင့်ပါတယ်။ ပွဲတော်နာမည်ကတော့ Oktoberfest ဖြစ်ပါတယ်။

အခုဖော်ပြသွားတဲ့ ပွဲတော်များအနက် ကွီးတို့အကြိုက်ဆုံး ပွဲတော်တွေက ဘယ်ပွဲတော်ဖြစ်မလဲ။

Source: Thrillist

Featured Image: Anarapublishing