ကမ္ဘာတဝှမ်း လူကြိုက်များတဲ့ သောက်စရာ အဖျော်ယမကာ တွေထဲမှာ ပြင်သစ်အရှေ့မြောက်ပိုင်းက အစပြုခဲ့တဲ့ ရှန်ပိန် တွေဟာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ရှန်ပိန်တွေကို များသောအားဖြင့် အရေးကြီးတဲ့ အချိန်အခါတွေနဲ့ ပွဲအခမ်းအနားတွေမှာ သောက်လေ့ရှိပါတယ်။ ရှန်ပိန်တွေဟာ ရှေးရာစုနှစ်များစွာကတည်းက မင်းမျိုးမင်းနွယ်နဲ့ ဂုဏ်သရေရှိ လူကြီးလူကောင်းတွေကြားမှာ အထင်ကရဖြစ်ခဲ့ပြီး ဂုဏ်ပြုပွဲအခမ်းအနားတွေ ၊ ကြီးကျယ်မြင့်မြတ်တဲ့ အထက်တန်းလွှာ ပွဲလမ်းသဘင်တွေမှာ ရှန်ပိန် တွေက မပါမဖြစ်တဲ့ ယမကာတစ်မျိုး ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဂုဏ်ပြုပွဲအခမ်းအနားတွေ ၊ မွေးနေ့ပါတီနဲ့ ချစ်သူနှစ်ဦးရဲ့ အထိမ်းအမှတ်နေ့တွေလို အရေးကြီးတဲ့ ပွဲအခမ်းအနား တွေအတွက် အသင့်တော်ဆုံးဖြစ်စေမယ့် ရွေးချယ်စရာ ရှန်ပိန် ၅ မျိုးကို ပြောပြပေးချင်ပါတယ်။

(၁) Piper-Heidsieck Cuvee Brut

Photo : Vinepair

Piper-Heidsieck Cuvee Brut ရှန်ပိန်ဟာ ဈေးနှုန်းသင့်တင့်ပြီး အရည်အသွေးကောင်းတဲ့ ရှန်ပိန်အမျိုးအစား တစ်ခုဖြစ်ပါတယ်။ ပန်းသီးစိမ်း အရသာ ၊ လီမွန်ရနံ့တို့ ပေါင်းစပ်ထားပြီး အဆုံးသတ်မှာ နူးညံ့ချောမွေ့တဲ့ ခံစားမှုကို ရရှိစေမှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၄၄ ဒေါ်လာ ကျသင့်မှာဖြစ်ပြီး ဒေါ်လာ ၅၀ အောက် ရှန်ပိန်တွေထဲမှာတော့ ရွေးချယ်စရာ အကောင်းဆုံး ရှန်ပိန်တစ်မျိုး ဖြစ်ပါတယ်။

(၂) Champagne Valentin Leflaive CV 17 50 NV

Photo : Vinepair

Champagne Valentin Leflaive CV 17 50 (NV) ရှန်ပိန်ကတော့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ ၁၀၀ ရာခိုင်နှုန်း Chardonnay Champagne အမျိုးအစား ဖြစ်ပါတယ်။ ရှန်ပိန်ရဲ့ နှစ်လိုဖွယ်အရသာက စိတ်အာရုံကို နိုးကြားစေပြီး ပျော်ရွှင်တဲ့ ခံစားမှုကို အပြည့်အဝပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၆၅ ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။

(၃) Perrier-Jouët Blanc De Blancs

Photo : Vinepair

Perrier-Jouët Blanc De Blancs ကတော့ ပန်းရနံ့တို့ သင်းပျံ့မွှေးကြိုင်ပြီး လျှာပေါ်မှာ ငြိမ့်ငြိမ့်လေး စီးမြောသက်ဝင်တဲ့ အရသာကို ရရှိခံစားနိုင်မယ့် အကောင်းစား ရှန်ပိန်တစ်မျိုး ဖြစ်ပါတယ်။ ပုလင်းဒီဇိုင်းက ဆွဲဆောင်မှုရှိသလို အနံ့အရသာနဲ့ ပြည့်စုံတဲ့ ရှန်ပိန်တစ်မျိုး ဖြစ်တာကြောင့် လက်ဆောင်ပေးမယ်ဆိုလည်း မျက်နှာပန်းလှစေပါတယ်။ ဈေးနှုန်းကတော့ ၈၅ ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။

(၄) Champagne Bollinger La Grande Année 2012

Photo : Vinepair

Champagne Bollinger La Grande Année 2012 ရှန်ပိန်ကတော့ ဇီယာစေ့ ၊ သံပုရာနဲ့ Capers တို့ ပေါင်းစပ်ထားတာကြောင့် သစ်သီးတွေထက် ပိုမိုထူးကဲတဲ့ အရသာကို ခံစားရစေမှာ ဖြစ်ပါတယ်။ ပျားရည်နဲ့ အခွံမာသီးတွေရဲ့ ပေါင်းစပ်ထားတဲ့ နွေးထွေးတဲ့ ရနံ့နဲ့ ပြင်းရှရှ လက်ဆတ်မှုရဲ့ အရသာက ရှန်ပိန်ကို ပိုမိုလေးနက်ထူးခြား သွားစေပါတယ်။ အငံဓာတ်ကဲတဲ့ Salty Snacks တွေနဲ့ မြည်းလို့ အလိုက်ဖက်ဆုံးဖြစ်ပြီး ဈေးနှုန်းကတော့ ၁၅၅ ဒေါ်လာကျသင့်မှာ ဖြစ်ပါတယ်။

(၅) Champagne Louis Roederer Cristal 2013

Photo : Vinepair

Champagne Louis Roederer Cristal 2013 ကတော့ ဈေးကြီးသလို အနံ့အရသာလည်း ထူးခြားတဲ့ အရည်အသွေးမြင့် ရှန်ပိန်တစ်မျိုး ဖြစ်ပါတယ်။ သစ်သီးတွေရဲ့ လတ်ဆတ်တဲ့ရနံ့နဲ့ အဆုံးအစမဲ့ ငြိမ့်ငြောင်းသာယာမှုကို စီးမြောခံစားရစေမယ့် ရှန်ပိန် ဖြစ်ပါတယ်။ စားစရာတော် တော်များများနဲ့ တွဲဖက်သုံးဆောင်လို့ အဆင်ပြေပြီး ဆူရှီကနေ Soufflés အထိ အရသာရှိရှိ သုံးဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၂၇၉ ဒေါ်လာ ကျသင့်မှာ ဖြစ်ပါတယ်။

Featured Photo : House Beautiful