အဝလွန်နေသူတွေ ၊ ကိုယ်အလေးချိန် အရမ်းများနေသူတွေ အနေနဲ့ ချစ်တင်းနှောတဲ့အခါမှာ သာယာမှုအပြည့်အဝ မရနိုင်ဘူးလို့ ပြောကြပါတယ်။ တကယ်တော့ ဒါဟာ မှန်သင့်သလောက် မှန်ပေမယ့် လိင်မှုဆိုင်ရာ သာယာတဲ့ အထိအတွေ့ခံစားမှုကို အပြည့်အဝ မခံစားနိုင်ဘူးဆိုတာတော့ မဟုတ်ပါဘူး။ အခုပြောပြမယ့် သိုင်းကွက် ၃ ကွက်နဲ့ ဆိုရင်တော့ ကိုယ်အလေးချိန်များပြီး အဝလွန်နေတဲ့ ဖက်တီးလေး တွေအနေနဲ့လည်း အခြားသူတွေနည်းတူ သာယာပျော်ရွှင်တဲ့ အတွေ့အကြုံ ခံစားမှုကို ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။
(၁) လှေကြီးထိုးရိုးရိုး သိုင်းကွက်
Photo : Freepik
လှေကြီးထိုးရိုးရိုး (Missionary) သိုင်းကွက်ကတော့ လူတိုင်းလူတိုင်းအတွက် အခြေခံအကျဆုံးနဲ့ စိတ်လှုပ်ရှားစရာအကောင်းဆုံး သိုင်းကွက်တစ်ခု ဖြစ်ပါတယ်။ ကိုယ်အလေးချိန်များတဲ့ ဖက်တီးလေး တို့အတွက်လည်း ဒီသိုင်းကွက်ဟာ သိပ်ကိုအသုံးတည့်ပါတယ်။ ခပ်ပြည့်ပြည့် ခပ်ဝဝစုံတွဲတွေအနေနဲ့ လှေကြီးထိုးရိုးရိုး သိုင်းကွက်သုံးပြီး ချစ်တင်းနှောတဲ့အခါ အမျိုးသမီးရဲ့ တင်ပါးတစ်ဖက်တစ်ချက်အောက်မှာ ခေါင်းအုံးတစ်ခုစီ ခုထားပြီး ဆက်ဆံတာက သိုင်းကွက်ကို ပိုမိုထိရောက်မှုရှိစေပြီး ထည်ထည်ဝင်ဝင် ထိုးဖောက်ဝင်ရောက်မှုပြုနိုင်အတွက် ပိုမို လွယ်ကူသွားမှာ ဖြစ်ပါတယ်။
(၂) ရင်ချင်းအပ် ထိုင်လျက် သိုင်းကွက်
Photo : Freepik
ဖက်တီးလေး တို့အတွက် နောက်ထပ်အကောင်းဆုံးသော သိုင်းကွက်တစ်ခုကတော့ ရင်ချင်းအပ် ထိုင်လျက် (Seated Position) သိုင်းကွက် ဖြစ်ပါတယ်။ ဒီသိုင်းကွက်ဟာ အမျိုးသားဖြစ်သူက ထိုင်ခုံ သို့မဟုတ် ဆိုဖာပေါ်မှာ ထိုင်လျက်အနေအထား နေရာယူပြီး ဆန့်ကျင်ဘက်ပါတနာကို ကိုယ်နဲ့မျက်နှာချင်းဆိုင် အပေါ်ကနေ ထိုင်ခိုင်းကာ နှစ်ပါးသွားရမယ့် သိုင်းကွက်ပုံစံ ဖြစ်ပါတယ်။ အမျိုးသမီးရဲ့ ခန္ဓာကိုယ်လှုပ်ရှားမှု ပိုမိုကောင်းမွန်လွယ်ကူစေဖို့ သူမရဲ့ခြေဖဝါးတစ်ဖက်ကို ကြမ်းပြင်ပေါ်မှာ ချထားခိုင်းလို့ ရပါတယ်။ ဒါက ဆက်ဆံချိန်မှာ ထိုးဖောက်ဝင်ရောက်ဖို့ ပိုမိုလွယ်ကူစေပြီး ခံစားမှုအထွတ်အထိပ်ကို ရစေမှာ ဖြစ်ပါတယ်။
(၃) မြင်းစီး သိုင်းကွက်
Photo : Freepik
နောက်ဆုံးပြောပြပေးမယ့် မရိုးနိုင်တဲ့အကောင်းဆုံး သိုင်းကွက်တစ်ခုကတော့ မြင်းစီး (Woman On Top) သိုင်းကွက် ပါပဲ။ ဒီသိုင်းကွက်ဟာ ဆန့်ကျင်ဘက်ပါတနာ အမျိုးသမီးကို ကိုယ့်ရဲ့အပေါ်ကနေ ဦးဆောင်ခိုင်းပြီး သိုင်းကွက်နင်း ကစားခိုင်းရမယ့် Position ဖြစ်ပါတယ်။ မြင်းစီး သိုင်းကွက်က အမျိုးသမီးတို့ရဲ့ မိန်းမကိုယ်လိင်အင်္ဂါအစေ့ (Clitoris) ကို လှုံ့ဆော်နိုင်မယ့် အထိရောက်ဆုံး သိုင်းကွက်တစ်ခု ဖြစ်ပြီး အမျိုးသားတွေအနေနဲ့ ကိုယ့်ရဲ့ခြေထောက် ၂ ဖက်ကို အိပ်ရာပေါ်မှာ ဖြောင့်ဖြောင်းတန်းတန်း ချခင်းထားခြင်းဖြင့် ပါတနာရဲ့အတွင်းကို နက်နက်ရှိုင်းရှိုင်း ၊ ထည်ထည်ဝင်ဝင် ထိုးဖောက်ဝင်ရောက်နိုင်ဖို့ ကူညီပေးနိုင်ပါတယ်။
Featured Photo : Delicious Living