အမျိုးသားတွေအနေနဲ့ အဝတ်အစားဝတ်တဲ့အခါ လွတ်လပ်ပေါ့ပါးပြီး သက်တောင့်သက်သာရှိရင်ပဲ ပြည့်စုံပြီလို့ အများစု သတ်မှတ်တက်ကြပါတယ်။ ဖက်ရှင်နဲ့ပတ်သတ်ရင် အသေးအဖွဲကလိုက်ပြီး အလေးထားအာရုံစိုက်တာမျိုး တော်တော်ကို ရှားပါတယ်။ ဒီနေရာမှာ ပြောချင်တာက ဖက်ရှင်နဲ့ဆက်စပ်နေတဲ့ Accessories တွေအကြောင်းပါ။ ဖက်ရှင် Accessories ပစ္စည်းတွေက ကွီးတို့ရဲ့ စတိုင်နဲ့ ဝတ်စားဆင်ယင်မှုကို အများကြီး ပုံစံပြောင်းပေးနိုင်စွမ်း ရှိပါတယ်။ ဒီတစ်ခေါက်တော့ ဖက်ရှင်ကျ တဲ့ ကွီးတစ်ယောက်ဖြစ်ချင်ရင် မဖြစ်မနေဆောင်ထားရမယ့် ဖက်ရှင် Accessories ပစ္စည်းတွေကို မျှဝေပေးပါမယ်။

(၁) လက်စွပ်

Ring

Photo : NEXTLUXURY

အမျိုးသားတွေအတွက် မရှိမဖြစ်တဲ့ ဖက်ရှင်အသုံးအဆောင်တွေထဲမှာ လက်စွပ်တွေကို ထည့်ထားရပါမယ်။ လက်စွပ်တွေဟာ ကွီးတို့ရဲ့ ပင်ကိုယ်အရည်အသွေးနဲ့ စိတ်ဝင်စားမှုတွေကို ဖော်ပြနေပါတယ်။ လူငယ်ပိုင်းကနေ လူကြီးပိုင်းအထိ အသက်အရွယ်အပိုင်းအခြားမရွေးဝတ်ဆင်နိုင်ပြီး ရွေးချယ်စရာ လက်စွပ်အမျိုးအစားတွေကလည်း အမျိုးမျိုးရှိတာကြောင့် ကိုယ့်ရဲ့စတိုင်နဲ့ ကိုက်ညီမယ့် လက်စွပ်ပုံစံကိုတော့  သေချာရွေးချယ် ဝတ်ဆင်တက်ဖို့ လိုပါမယ်။

(၂) Bracelets

Bracelets

Photo : NEXTLUXURY

ဒီဘက်ခေတ် ဖက်ရှင်ရေစီးကြောင်းပေါ်မှာတော့ အမျိုးသားဝတ် လက်ပတ် Bracelets တွေ ဝတ်ဆင်တဲ့ အလေ့အထက တော်တော်လေး ရေပန်းစားလာပါတယ်။ သားရေကြိုး Bracelets တွေကတော့ ဖက်ရှင်ကျ ပြီး လူကြိုက်လည်း အရမ်းကိုများပါတယ်။ အရမ်းကြီး ရှုပ်ရှက်ခတ်နေတဲ့ လက်ပတ်ဒီဇိုင်းတွေကိုတော့ ရှောင်ပါ။ ပုတီးလုံးလက်ပတ် ၊ စတီးလက်ပတ်တွေလည်း ယောကျာ်းလေးတွေကြားမှာ အဝတ်များပါတယ်။

(၃) ခါးပတ်

Belt

Photo : NEXTLUXURY

ခါးပတ်တွေကတော့ Suit တွေဝတ်တဲ့အခါ ဒါမှမဟုတ် စမတ်ကျတဲ့ ဖက်ရှင်တွေဝတ်ဆင်တဲ့အခါမျိုးမှာ မရှိမဖြစ်အရေးပါတဲ့ Accessories တစ်ခုပါ။ ခါးပတ်တွေ ဝတ်ဆင်တဲ့အခါ အရေးကြီးဆုံး တစ်ခုတည်းသော စည်းမျဉ်းက ဖိနပ်နဲ့ လိုက်ဖက်အောင် ရွေးချယ်ဝတ်ဆင်ဖို့ပါပဲ။ ဖိနပ်နဲ့ ခါးပတ်ကို အတွဲအစပ်မိမိ ဝတ်ဆင်ထားရင်ပဲ ကွီးတို့က ဖက်ရှင်ကျ တဲ့ ဘဲတစ်ပွေလုံးဝ ဖြစ်ပါပြီ။

(၄) ပိုက်ဆံအိတ်

Wallet

Photo : NEXTLUXURY

အမျိုးသားတွေအတွက် အများကြီးမရှိတဲ့ ဖက်ရှင် Accessories တွေထဲမှာ ပိုက်ဆံအိတ်တွေလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။ ပိုက်ဆံအိတ်ကို ပထမအချက်အနေနဲ့ ပိုက်ဆံ ၊ မှတ်ပုံတင် /လိုင်စင်နဲ့ ဘဏ်ကဒ်တွေလို အရေးကြီး ပစ္စည်းတွေထည့်ဖို့ ရည်ရွယ်ချက်နဲ့ သုံးကြသလို နောက်တစ်ချက်ကတော့ ဖက်ရှင်ကျဖို့ ပိုက်ဆံအိတ်တွေကို ကိုင်ကြပါတယ်။ လည်သာနဲ့ ပြုလုပ်ထားတဲ့ ပိုက်ဆံအိတ်တွေက ယောကျာ်းလေးတွေကြားမှာ အသုံးအများဆုံး ဖြစ်ပြီး အနက်ရောင် ၊ အညိုရောင်နဲ့ ကြက်သွေးရောင်တွေကို ပိုပြီး လူကြိုက်များပါတယ်။

(၅) နာရီ

Photo : NEXTLUXURY

ရိုးရိုးရှင်းရှင်းနဲ့ ဖက်ရှင်ကျ ချင်ရင်တော့ နာရီကောင်းကောင်းတစ်လုံး ဝတ်ဖို့လိုပါတယ်။ ယောကျာ်းလေး အများစုကတော့ သားရေကြိုးတပ်နာရီတွေကို ဝတ်ဆင်လေ့ ရှိပါတယ်။ နာရီကြိုးကို ခါးပတ်နဲ့ တွဲပြီး လိုက်ဖက်မှုရှိအောင် ဝတ်ဖို့လိုပါတယ်။ ဒိုင်ခွက်ရှင်းရှင်းနဲ့ ရိုးရှင်းတဲ့ ဒီဇိုင်း နာရီတွေက ဘယ်နေရာမှာပဲ ဝတ်ဝတ် ရှင်းရှင်းသန့်သန့်နဲ့ ဖက်ရှင်ကျ နေစေမှာ ဖြစ်ပါတယ်။

ဒါကတော့ ဖက်ရှင်ကျချင်တဲ့ ကွီးတို့ရှိထားရမယ့် Accessories တွေပဲ ဖြစ်ပါတယ်။ ကွီးတို့ရော ဘယ်လို ဖက်ရှင် Accessories တွေကို သုံးလေ့ရှိပါသလဲ?

Featured Photo : HiConsumption