Suspenders လို့ခေါ်တဲ့ ကြိုးသိုင်းဖက်ရှင်တွေသည် တစ်ခေတ်တစ်ခါက အင်မတန်မှ ရေပန်းစား လူကြိုက်များခဲ့တဲ့ ဖက်ရှင်အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။ ယနေ့ခေတ်မှာဆိုရင်တော့ မော်ဒယ်တွေ မင်းသားတွေသာ ရှိုးလျှောက်တဲ့အခါမှာ ပွဲတက်တဲ့အခါမျိုးတွေမှာသာ ဝတ်ဆင်တာကို တွေ့မြင်ရပါလိမ့်မယ်။ မော်ဒယ်မဟုတ်တဲ့ သာမန် ပုရိသတစ်ယောက်အနေနဲ့ ထိုဖက်ရှင်မျိုး ဝတ်ဆင်ရင် အနည်းဆုံးတော့ အထူးအဆန်းသဖွယ် ဝိုင်းကြည့်ခံရပါလိမ့်မယ်။ ဒါက ဘာ့ကြောင့်လဲဆိုတော့ ကွီးတို့ရဲ့ ဖက်ရှင် ကို Suspenders ကြိုးသိုင်း များက Next Level ရောက်အောင် ကူညီပေးနိုင်လို့ပဲဖြစ်ပါတယ်။​

ကွီးတို့လည်း ကိုယ့်ရဲ့ ဖက်ရှင် ကို Suspenders ကြိုးသိုင်း များနဲ့ ကြည့်ကောင်းလာအောင် ဖန်တီးချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဖက်ရှင်များကို လိုက်လေ့လာကြည့်နိုင်ပါတယ်။

Suspenders ကြိုးသိုင်းများကို ဂျင်းဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်ကြည့်ပါ

Suspenders

ကွီးတို့က ကိုယ့်ရဲ့ ဖက်ရှင်ကို ထသွားထလာ ပေါ့ပေါ့ပါးပါး ဖက်ရှင်မျိုး ဖြစ်ချင်တယ်။ တစ်ချိန်တည်းမှာပဲ ကြည့်ကောင်းတာမျိုးလည်း ဖြစ်ရမယ်ဆိုရင်တော့ Suspenders ကြိုးသိုင်းများကို ဂျင်းဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။

ဒီဖက်ရှင်လေးက ၂၀၂၀ ခုနှစ်တုန်းက တစ်ဖန်ပြန်လည် ရေပန်းစားခဲ့ပါသေးတယ်။ တကယ်လို့ ကွီးတို့လည်း ထိုဖက်ရှင်ကို ပြန်လည် အသက်သွင်းချင်တယ်ဆိုရင်တော့ ဂျင်းဘောင်းဘီကို ကြိုးသိုင်းနဲ့ အတူတူ တွဲဖက်ဝတ်ဆင်ကြည့်လိုက်ပါ။

ကြိုးသိုင်း အရောင်များ ရွေးချယ်တဲ့အခါ

ဖက်ရှင် ကြိုးသိုင်း

အရောင် ရွေးချယ်မှုကလည်း အင်မတန်မှ အရေးကြီးပါတယ်။ ကွီးတို့ ရွေးချယ်လိုက်တဲ့ ကြိုးသိုင်းအရောင်နဲ့ အောက်က ရှပ်အင်္ကျီ အရောင်တို့က လိုက်ဖက်နေဖို့ လိုအပ်ပါတယ်။ ဥပမာ ပြောရရင် အနီရောင် (သို့) အနက်ရောင် ကြိုးသိုင်းများက အဖြူရောင် (သို့) အရောင်တောက်တဲ့ ရှပ်အင်္ကျီများနဲ့အတူတူ ဝတ်ဆင်သင့်ပါတယ်။ ကြိုးသိုင်းအရောင်နဲ့ ရှပ်အင်္ကျီအရောင်တို့က လိုက်ဖက်နေမှသာလျှင် ကွီးတို့ ဖက်ရှင်ကလည်း ကြည့်ကောင်းကာ ဆွဲဆောင်မှု တိုးနေမှာပါ။

ပွဲတက် အခမ်းအနားတွေအတွက် ကြိုးသိုင်းကို ရွေးချယ်တဲ့အခါ

ဖက်ရှင် ကြိုးသိုင်း

ကိုယ်တက်တဲ့ ပွဲအခမ်းအနားပေါ် မူတည်ပြီး အရောင် ရွေးချယ်မှုကို ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဆိုကြပါစို့။ ကွီးတို့က သတို့သားတစ်ယောက်ဆိုရင် ကွီးတို့ Suspenders ကြိုးအရောင်သည် သတို့သမီးရဲ့ ဖိနပ်အရောင် (သို့) ပန်းစည်း အရောင်နဲ့ လိုက်ဖက်နေဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ကွီးတို့ရဲ့ ကြိုးသိုင်းကို အရောင် ငြိမ်တာမျိုး ရွေးချယ်သင့်ပါတယ်။ ဒါမှသာလျှင် ကွီးတို့က Gentleman ဆန်ဆန်နဲ့ ခန့်ညားတဲ့ အသွင်ကို ပိုင်ဆိုင်နိုင်မှာပဲဖြစ်ပါတယ်။

နောက်တစ်ချက် သတိထားရမှာကတော့ Suspenders ကြိုးသိုင်း ဝတ်မယ်ဆိုရင် ခါးပတ် မဝတ်မိပါစေနဲ့။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ နှစ်ခုကို ဝတ်ဆင် အသုံးပြုရတဲ့ ရည်ရွယ်ချက်ချင်းက အတူတူပဲမို့လို့ တစ်ခုကိုသာ ရွေးချယ်သင့်ပါတယ်။

ကွီးတို့ရော Suspenders ကြိုးသိုင်းနဲ့ ခါးပတ်နဲ့ဆို ဘယ်အမျိုးအစားကို ရွေးချယ်မှာပါလဲ။

Source: Fashionbeans

Featured Image: Pinterest