ပူပြင်းခြောက်သွေ့တဲ့ နွေရာသီမှာ စတိုင်လ်ကျပြီး ဆွဲဆောင်မှုရှိတဲ့အမျိုးသားတစ်ယောက်ဖြစ်အောင် ဘယ်လိုရှိုးထုတ်ရမလဲဆိုတာ စဉ်းစားမရဖြစ်နေပြီး အကြံအိုက်နေပါသလား။ ဒီဆောင်းပါးလေးကို လေ့လာကြည့်မယ်ဆိုရင် ဖက်ရှင် ကျချင်တဲ့ ကွီး တို့အတွက် မရှိမဖြစ်လိုအပ်တဲ့ နွေရာသီ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများအကြောင်းကို သိရှိသွားမှာပဲဖြစ်ပါတယ်။

ထိုဖက်ရှင်အသုံးအဆောင်များနဲ့ ရှိုးထုတ်လိုက်မယ်ဆိုရင်တော့ သင့်ရဲ့ ဖက်ရှင် သည် ပျိုမေတိုင်း ငေးမောရလောက်တဲ့ ကွီး တစ်ယောက်ပိုင်ဆိုင်ထားတဲ့ ဖက်ရှင်မျိုးဖြစ်သွားပြီး နွေရာသီ မှာ စတိုင်လ်ကျလှပနေမှာဖြစ်ပါတယ်။

ဘယ်လို ဖက်ရှင် အသုံးအဆောင်ပစ္စည်းများကို ကွီး တို့ကို နွေရာသီ မှာ စတိုင်လ်ကျအောင် ကူညီပေးမလဲဆိုတော့ …

ပိုလိုတီရှပ်

ဖက်ရှင် ကွီး နွေရာသီ

ပိုလိုတီရှပ်များကတော့ စမတ်ကျကျနဲ့ လူငယ်ဆန်တဲ့အသွင်ကို ကူညီပေးမှာဖြစ်ပါတယ်။ ကွီးတို့ရဲ့ အဝတ်ဘီဒိုထဲမှာ မရှိမဖြစ် ဝယ်ထည့်ထားသင့်တဲ့ အဝတ်အထည်တစ်ခုဖြစ်ပါတယ်။

ကိုယ်တိုင်းနဲ့ ချုပ်ထားတဲ့ ဘောင်းဘီတို

ဖက်ရှင် ကွီး နွေရာသီ

ကိုယ့်ကိုင်တိုင်းနဲ့ ကွက်တိကျအောင် ချုပ်ထားတဲ့ ဘောင်းဘီတိုတစ်ထည်ကိုလည်း ကွီးတို့ပိုင်ဆိုင်ထားသင့်ပါတယ်။

ပေါ့ပေ့ါပါးပါး ခရီးဆောင်အိတ်တစ်လုံး

ဖက်ရှင် ကွီး နွေရာသီ

ခရီးသွားလို့ အကောင်းဆုံးရာသီကို ပြောပါဆိုရင်တော့ နွေရာသီပဲဖြစ်ပါတယ်။ သွားရလာရတဲ့ အဆင်ပြေတဲ့ နွေရာသီမှာ ဖက်ရှင်ကျကျနဲ့ ခရီးသွားချင်တယ်ဆိုရင်တော့ ပေါ့ပေါ့ပါးပါးနဲ့ သယ်ဆောင်ရလွယ်ကူပြီး ဖက်ရှင်လည်းကျစေတဲ့ ခရီးဆောင်အိတ်တစ်လုံး ပိုင်ဆိုင်ထားသင့်ပါတယ်။ ဒါမှ အဝတ်အစားတွေ ထည့်ပြီး သယ်ယူတဲ့အခါ စမတ်ကျကျနဲ့ သွားလာနိုင်မှာပဲဖြစ်ပါတယ်။

Boat Shoes ဖိနပ်တစ်ရံ

ဖက်ရှင် ကွီး နွေရာသီ

သားရေရှူးဖိနပ်ကြီးတွေကျတော့ အရမ်း Formal ဆန်လွန်းပြီး Sneakers ဖိနပ်များကျပြန်တော့လည်း လူငယ်ဆန်သွားတတ်ပါတယ်။ နွေရာသီမှာ ရှိုးထုတ်လို့အကောင်းဆုံး ဖိနပ်ကတော့ Boat Shoes အမျိုးအစားပဲဖြစ်ပါတယ်။

ပွင့်ရိုက် ရှပ်အင်္ကျီအဆင်

summer fashion for kwee

အပွင့်အဆင်များနဲ့ လှလှပပ ထုတ်လုပ်ထားတဲ့ ရှပ်အင်္ကျီအဆင်များကတော့ ပေါ့ပါးလွတ်လပ်တဲ့ နွေရာသီဖက်ရှင်မျိုးကို ပိုင်ဆိုင်နိုင်အောင် ကူညီပေးပါလိမ့်မယ်။

အရည်အသွေးကောင်းသော နေကာမျက်မှန်တစ်လက်

summer fashion for kwee

ကွီးတို့ရဲ့ မျက်လုံးများကို နွေရာသီရဲ့ ပူပြင်းခြောက်သွေ့တဲ့ဒဏ်ကို ကာကွယ်ချင်တယ်ဆိုရင်တော့ နေကာမျက်မှန်သည်လည်း မရှိမဖြစ် ဆောင်ထားသင့်တဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းစာရင်းထဲမှာ ပါဝင်ပါတယ်။

မဆန်းမပြားဘောင်းဘီတိုတစ်ထည်

summer fashion for kwee

ဘောင်းဘီတိုရွေးချယ်တဲ့အခါ အရောင်တောက်လွန်းတာ ရွေးချယ်ပြန်ရင် ကိုယ့်ရဲ့ဖက်ရှင်က ပုံတုံးတုံးဖက်ရှင်နဲ့ လူဟားစရာပဲဖြစ်သွားပါလိမ့်မယ်။ တိုလွန်းပြန်ရင်လည်း နေရတာ သက်သောင့်သက်သာရှိမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် အရောင်ကို မဆန်းမပြားအရောင်မျိုး ရွေးချယ်ပြီး မတိုလွန်း မရှည်လွန်းတဲ့ဘောင်းဘီမျိုး ရွေးချယ်သင့်ပါတယ်။

လူငယ်ဆန်စေမယ့် လက်ပတ်နာရီတစ်လုံး

summer fashion for kwee

နွေရာသီနဲ့ လိုက်ဖက်တာကတော့ အခုလိုလူငယ်ဆန်စေတဲ့ လက်ပတ်နာရီပဲဖြစ်ပါတယ်။

ဟူဒီအပါးတစ်ထည်

summer fashion for kwee

တချို့နွေရာသီတွေမှာလည်း နေရာကွက်ကျား မိုးရွာသွးန်တတ်ပါတယ်။ ဒါ့ကြောင့် ချမ်းအေးတဲ့အချိန်မျိုးမှာ ဟူဒီအပါးတစ်ထည်ကလည်း မရှိမဖြစ်ပါပဲ။

ချီနိုဘောင်းဘီများ

summer fashion for kwee

ချီနိုဘောင်းဘီများကတော့ ကွီးတို့ကို နွေရာသီမှာ စမတ်ကျနေစေမှာအမှန်ပါပဲ။

သက်သောင့်သက်သာရှိစေမယ့် ညှပ်ဖိနပ်တစ်ရံ

summer fashion for kwee

ခြေညှပ်ဖိနပ်များသည် ဘယ်တော့မှ ရိုးမသွားမယ့် ဖိနပ်အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။ မြန်မာ့ယဉ်ကျေးမှုအရလည်း ရှူးဖိနပ်များထက်စာရင် ခြေညှပ်ဖိနပ်ကို အများဆုံးဝတ်ဆင်ကြတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် သက်သောင့်သက်သာရှိပြီး ဖက်ရှင်ကျစေမယ့် ညှပ်ဖိနပ်တစ်ရံလည်း လိုအပ်ပါသေးတယ်။

ပေါ့ပေါ့ပါးပါးတီရှပ်အင်္ကျီ

summer fashion for kwee

ပေါ့ပေ့ါပါးပါးတီရှပ်နဲ့ နွေရာသီကတော့ ခွဲလို့ရမယ်မထင်ပါဘူး။

ကွီးတို့အတွက် အခုဖော်ပြသွားတဲ့ ဖက်ရှင်အသုံးအဆောင်များကတော့ နွေရာသီမှာ ဆွဲဆောင်မှုရှိအောင် ကူညီပေးမယ့်ဖက်ရှင်အသုံးအဆောင်တွေပဲဖြစ်ပါတယ်

Source: Insider

Featured Image: Styleturner