ဖက်ရှင် အသုံးအဆောင် ပစ္စည်းတွေထဲမှာ ခါးပတ် သည်လည်း မရှိမဖြစ်လိုအပ်တဲ့ ဖက်ရှင် အသုံးအဆောင်ပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဖက်ရှင် ကျတဲ့ ကွီးတို့ဆီမှာ အနည်းဆုံး ခါးပတ် တစ်ခုတော့ ရှိတတ်ကြပါတယ်။ ကွီးတို့ဆီမှာရော အနည်းဆုံး ခါးပတ်တစ်ခုလောက် ရှိရဲ့လား။

အခုဆက်လက်ဖော်ပြပေးမှာကတော့ အမျိုးသားတိုင်းရဲ့ အဝတ်ဘီဒိုထဲမှာ ထည့်ထားသင့်တဲ့ ခါးပတ် (၇) မျိုးပဲဖြစ်ပါတယ်။

(၁) ပေါ့ပေါ့ပါးပါးနဲ့ ဖရီးစတိုင်လ် ခါးပတ်

belt fashion

လူငယ်ဆန်ဆန်နဲ့ လွတ်လပ်ပေါ့ပါးတဲ့အသွင်ကို နှစ်သက်တယ်ဆိုရင်တော့ ဒီခါးပတ်လေးက ကွီးတို့အတွက်ပါပဲ။ ယခင်ကတော့ စစ်ဘက်ဆိုင်ရာ အရာရှိ၊ အရာခံများ ဝတ်ဆင်လေ့ရှိပြီး ဖက်ရှင်ရေစီးကြောင်းဘက် တဖြည်းဖြည်း စိမ့်ဝင်လာတဲ့နောက်မှာတော့ လူအများ ဝတ်ဆင်လာကြတာပဲ ဖြစ်ပါတယ်။

(၂) ကျစ်ဆံမြီး ခါးပတ်

belt fashion

ကျစ်ဆံမြီး ခါးပတ်ကလည်း ထသွား ထလာဖက်ရှင်အမျိုးအစားထဲတွင် ပါဝင်ပါတယ်။ လူငယ်ဆန်ဆန်နဲ့ ပေါ့ပေါ့ပါးပါးဖက်ရှင်ကို ဖန်တီးချင်သူများ ရွေးချယ်သင့်တဲ့ ခါးပတ်တစ်မျိုးပဲ ဖြစ်ပါတယ်။

(၃) သားရေ ခါးပတ်

ဖက်ရှင် ခါးပတ်

သားရေခါးပတ် နှစ်သက်တဲ့ အမျိုးသားများအနေနဲ့ကတော့ စမတ်ကျကျ ဖက်ရှင်စတိုင်လ်ကို ဖန်တီးနိုင်ပါတယ်။ သားရေခါးပတ်များသည် စမတ်ကျစေပြီးတော့ ရိုးရိုးရှင်းရှင်းလေးနဲ့ ဖက်ရှင်ကျစေမှာ အမှန်ပါပဲ။

(၄) Formal Dress ခါးပတ်

ဖက်ရှင် ခါးပတ်

ပွဲအခမ်းအနားတွေ တက်ရမယ်၊ မင်္ဂလာပွဲများ၊ ဧည့်ခန်းပွဲများ၊ အစည်းအဝေးအခမ်းအနားများ တက်ရမယ်ဆိုရင်တော့ Dress ခါးပတ်များကို ဝတ်ဆင်ရမှာပဲဖြစ်ပါတယ်။ လူကြီးလူကောင်းဆန်တဲ့ အသွင်အပြင်မျိုးကို ဖော်ဆောင်ပေးမယ့် ခါးပတ်မျိုးပဲဖြစ်ပါတယ်။

(၅) သားရေ ကျစ်ဆံမြီး ခါးပတ်

ဖက်ရှင် ခါးပတ်

Formal ဆန်လွန်းတဲ့ ခါးပတ်မျိုးကို မကြိုက်ဘူးဆိုရင်တော့ သားရေ ကျစ်ဆံမြီးခါးပတ်လေးကို ဝတ်ဆင်သင့်ပါတယ်။ သားရေ ကျစ်ဆံမြီး ခါးပတ်ကို တီရှပ် ပွပွလေးနဲ့ တွဲဝတ်တဲ့အခါ လူငယ်ဆန်ဆန် ပေါ့ပါးတဲ့အသွင်ကို ဖန်တီးပေးပြီး ရုံးတက်ရုံးဆင်း တီရှပ်နဲ့ တွဲဝတ်ရင်လည်း စမတ်ကျစေမှာ အမှန်ပါပဲ။

(၆) D-Ring ခါးပတ်

ဖက်ရှင် ခါးပတ်

D-Ring ခါးပတ်လေးကတော့ ချည်သားဘောင်းဘီတွေနဲ့ ပိုမိုလိုက်ဖက်ပြီး ပေါ့ပေါ့ပါးပါး Casual စတိုင်လ်မျိုး ဖန်တီးချင်တဲ့ ကွီးတို့အတွက် အကောင်းဆုံး ရွေးချယ်မှုပဲဖြစ်ပါတယ်။ D-Ring ခါးပတ်တွေကို ရွေးချယ်မယ်ဆိုရင် အပြာရောင်၊ မီးခိုးရောင် (သို့) အညိုရင့်ရောင်များက ကွီးတို့ကို ပိုမိုဖက်ရှင်ကျသွားစေမှာပါ။

(၇) ကတ္တီပါသား ခါးပတ်ဖက်ရှင် ခါးပတ်

ကတ္တီပါသား ခါးပတ်ကလည်း သားရေခါးပတ်နဲ့ အမျိုးအစား ဆင်တူပါတယ်။ စမတ်ကျကျ၊ လူကြီးလူကောင်းဆန်ဆန် ဖက်ရှင်မျိုး ဖန်တီးချင်သူများအတွက် သင့်တော်မယ့် ခါးပတ်တစ်မျိုးပါ။ ဒါပေမဲ့ ကတ္တီပါသား ခါးပတ်က ပိုမိုနူးညံ့ပြီး အရောင်ကလည်း ပိုတောက်လို့ ကွီးတို့ ဖက်ရှင်ကို ပိုမိုပေါ်လွင်သွားစေမှာပါ။

ကွီးတို့ဆီမှာရော အခုဖော်ပြသွားတဲ့ ခါးပတ် အမျိုးအစား (၇) မျိုးထဲက ဘယ်နှမျိုးလောက် ပိုင်ဆိုင်ထားပါသလဲ။

Source: Theadultman

Featured Image: Threadcurve