ကွီး တို့ရဲ့ ဖက်ရှင်က ဘယ်လိုဖက်ရှင်မျိုးလဲ။ မင်းသားရှုံးရလောက်တဲ့ ဖက်ရှင်မျိုးလား၊ ဒါမှမဟုတ် ရေရေလည်လည် ဂွမ်း နေတဲ့ ဖက်ရှင်မျိုးလား။ ကွီး တို့ရဲ့ ဖက်ရှင် က ဖန်တစ်ရာ ထပ်နေတယ်ဆိုရင်တော့ ဒီတစ်သက်တော့ စကီလေး ရမှာမဟုတ်တော့ပါဘူး။ စိတ်ပျက်စရာကောင်းတဲ့ ဖက်ရှင်များအကြား အထီးကျန်အဖော်မဲ့နေတဲ့ FA ကောင်လေးတစ်ယောက်ဖြစ်သွားမှာပါ။

ဒီလိုမဖြစ်ဖို့အရေး ကွီးတို့အနေနဲ့ လုပ်သင့်တာကတော့ ကိုယ့်ရဲ့ ဖက်ရှင်ကို စိတ်ဝင်စားစရာကောင်းအောင် ပြောင်းလဲကာ ရှိုးထုတ်ရမှာပဲဖြစ်ပါတယ်။

နေကာမျက်မှန် တပ်ပါ

ဖက်ရှင် စကီလေး

နေကာမျက်မှန် ရွေးချယ်တဲ့အခါ Classic ဆန်တဲ့ မျက်မှန်ဒီဇိုင်းမျိုးကို ရွေးချယ်သင့်ပါတယ်။ ကလေကလားဆန်တဲ့ ဒီဇိုင်းမျိုးကို ရှောင်ကြဥ်သင့်ပြီး မျက်မှန်ကို ခေါင်းပေါ်မှာ ဘီးကုတ်လို ကုတ်ထားတာမျိုး (သို့) နောက်စေ့နားမှာ တပ်ထားတဲ့ ပုံစံမျိုးကိုလည်း ရှောင်ကြဥ်သင့်ပါတယ်။

လက်ပတ်နာရီတွေကိုလည်း မမေ့ပါနဲ့

ဖက်ရှင် စကီလေး

လက်ပတ်နာရီကတော့ ကွီးတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဖက်ရှင်အသုံးအဆောင်တစ်ခုပဲ ဖြစ်ပါတယ်။ လက်ပတ်နာရီ ရွေးချယ်တဲ့အခါ သေးလွန်းတဲ့ လက်ပတ်နာရီများက မိန်းကလေးဆန်စေတာမို့ သေးလွန်းတဲ့ ဒီဇိုင်းတွေကို မရွေးချယ်မိပါစေနဲ့။ ပုံမှန်အရွယ်အစား နာရီဒီဇိုင်းလေးတွေကတော့ ကွီးတို့အတွက် အသင့်တော်ဆုံးပါပဲ။

ဖိနပ်တွေကို ရွေးချယ်တဲ့အခါ

ဖက်ရှင် စကီလေး

ဖိနပ်များကို ရွေးချယ် ဝတ်ဆင်တဲ့အခါမှာလည်း သူ့ပွဲနဲ့သူလိုက်ဖက်တဲ့ ဖိနပ်မျိုးဖြစ်ဖို့ လိုအပ်ပါတယ်။ ပုဆိုးနဲ့ တိုက်ပုံကြီး ဝတ်ထားပြီးတော့ Sneakers ဖိနပ်ကြီး ဝတ်ထားမယ်ဆိုရင် လုံးဝ လိုက်ဖက်မှာမဟုတ်သလို ကွီးတို့ရဲ့ ဖက်ရှင် ကလည်း ကို့ရို့ကားယားကြီးနဲ့ဆိုတော့ စကီလေး တွေက ဝေးဝေးကနေ ပြေးသွားမှာပါပဲ။ ကိုယ့် ရွေးချယ်မှုက ကိုယ့်ရဲ့ ဖက်ရှင်ကို အပြောင်းလဲကြီး ပြောင်းလဲပေးမှာပါ။

ရှပ်အင်္ကျီနဲ့ ရှိုးထုတ်မယ်ဆိုရင်

ဖက်ရှင် စကီလေး

ရှပ်ပြောင်က ကွီးတို့ဖက်ရှင်အတွက် အကောင်းဆုံးပါပဲ။ ကွီးတို့ကို လူကြီးလူကောင်းဆန်တဲ့ Gentleman စတိုင်လ်မျိုး ရရှိသွားစေမှာပဲ ဖြစ်ပါတယ်။ တစ်ပိုင်းပြတ် ရှပ်အင်္ကျီတွေ၊ ကလေးကလားဆန်တဲ့ ရှပ်အင်္ကျီတွေက ကွီးတို့ရဲ့ ဖက်ရှင်က ကြည့်ရဆိုးသွားစေမှာ အမှန်ပါပဲ။

ဘောင်းဘီတိုတွေ ရွေးချယ်တဲ့အခါ အထာကျကျ ရွေးချယ်တတ်ပါစေ

ဘောင်းဘီတိုတွေ ရွေးချယ်တဲ့အခါ အထာကျကျ ရွေးချယ်တတ်ပါစေ

ဘောင်းဘီတို ရွေးချယ် ဝတ်ဆင်တဲ့အခါ တိုလွန်းတဲ့ ဘောင်းဘီများ၊ ပေါင်တစ်ဝက်အထိ တိုတက်နေတဲ့ ဘောင်းဘီတွေက ကွီးတို့ရဲ့ ဖက်ရှင်ကို ကြည့်ရဆိုးစေပါတယ်။ ဒါ့အပြင် ဒူးဖုံးနေတဲ့ ဘောင်းဘီတွေကလည်း ဘောင်းဘီရှည်လည်း မဟုတ် ဘောင်းဘီတိုလည်း မဟုတ်၊ ဟိုမရောက် ဒီမရောက် ဘောင်းဘီ ဖြစ်နေတာကြောင့် မဝတ်ဆင်သင့်ပါဘူး။ ဘောင်းဘီတို ဝတ်မယ်ဆိုရင် ဒူးနားလောက်အထိ တိုတဲ့ ဘောင်းဘီကသာ အသင့်တော်ဆုံးပါပဲ။

ကွီးတို့ရော ကိုယ့်ရဲ့ ဖက်ရှင်က လူကြားထဲမှာ ထင်ပေါ်နေစေဖို့ ဘယ်လိုဖက်ရှင်မျိုးကို ရွေးချယ်ဖြစ်ပါသလဲ။

Featured Image: Freepik