ဖက်ရှင်ကျဖို့ ဈေးကြီးတဲ့ Brand တွေက အမြဲတမ်း အသုံးမဝင်ပါဘူး။ ကိုယ့်ရဲ့ပုံစံနဲ့ လိုက်ဖက်မှုရှိရှိ အတွဲအစပ်ညီညီ ဝတ်ဆင်တက်ခြင်းကသာ ဖက်ရှင်ကျတယ်လို့ ခေါ်တာပါ။ တစ်ခါတစ်လေမှာ ရှိရင်းစွဲ ပင်ကိုယ်စတိုင်ကိုပဲ ရိုးရိုးရှင်းရှင်း ပြင်ဆင်ဝတ်စားတက်ခြင်းကလည်း ကွီးတို့ကို ဖက်ရှင်ကျသူတစ်ယောက် ဖြစ်စေပါလိမ့်မယ်။ ဒီတစ်ခေါက်မှာတော့ လုပ်ငန်းခွင်မှာရော ပြင်ပလောကမှာပါ ဖက်ရှင် ကျတဲ့ အမျိုးသား တစ်ယောက်ဖြစ်ဖို့ သိထားသင့်တဲ့ လျှို့ဝှက်ချက် လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) T-Shirt တွေဝတ်ပါ

Photo : DMARGE

အမျိုးသားတွေအတွက် ဘယ်တော့မှ ရိုးမသွားတဲ့ ဖက်ရှင်ကိုပြောပါဆိုရင် T-Shirt တွေကိုပါ ညွှန်းရမှာပါပဲ။ ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာရှိတဲ့အပြင် လုပ်ငန်းခွင်မှာရော ၊ ဟိုနားဒီနား ထသွားထလာပါဝတ်လို့ အဆင်ပြေတဲ့ စွယ်စုံရ ဖက်ရှင်တစ်ခု ဖြစ်ပါတယ်။ အလုပ်ခွင်နဲ့ ပွဲတက်အခမ်းအနားတွေ တက်ရာမှာလည်း T-Shirt တွေကို Blazer နဲ့ တွဲပြီး စမတ်ကျကျ ဝတ်လို့ရပါတယ်။

(၂) ကြည့်ကောင်းစေမယ့် Shoes တွေ ဝတ်ဆင်ပါ

Photo : The Rake

Shoes တွေက အမျိုးသား တစ်ယောက်ရဲ့ ဖက်ရှင်အသွင်အပြင် ပုံပန်းသဏ္ဌာန်အပေါ် များစွာ သက်ရောက်မှု ရှိပါတယ်။ ကိုယ် ဝတ်ဆင်ထားတဲ့ အဝတ်အစားနဲ့လိုက်ပြီး မှန်ကန်တဲ့ Shoes တစ်ရံကို ရွေးချယ်ဝတ်ဆင်ထားခြင်းဟာ အသေးစိတ်ကျတဲ့ ဖက်ရှင်နည်းလမ်းတစ်ခု ဖြစ်သလို လန်းဆန်းသစ်လွင်တဲ့ ခံစားချက်နဲ့ ယုံကြည်မှုရှိရှိ ကြည့်ကောင်းနေစေမှာ ဖြစ်ပါတယ်။

(၃) အသားအရေနဲ့ လိုက်တဲ့ အဝတ်အစားအရောင်ကို ရွေးပါ

Photo : Travelling Tips

ကိုယ့်အသားအရေ အရောင်အပေါ် မူတည်ပြီး လိုက်ဖက်တဲ့ အဝတ်အစားအရောင်ကို ရွေးချယ်ဝတ်ဆင်တက်ခြင်းကလည်း ဖက်ရှင်ကျစေမယ့် နည်းလမ်းတစ်ခုပါပဲ။ အဝတ်အစား ဝတ်တဲ့အခါ အရောင် အစပ်အဟပ်မိဖို့ အရေးကြီးပါတယ်။ အသားခပ်ညိုညို ရှိသူတွေအတွက် အရောင်မှိုင်းမှိုင်းတွေ ရှောင်သင့်ပြီး အသားဖြူသူတွေကတော့ အရောင်ရင့်ရင့် ဖက်ရှင် ကာလာတွေကို ရွေးချယ်နိုင်ပါတယ်။

(၄) ဆိုဒ်မှန်တဲ့ ဘောင်းဘီတွေပဲ ဝတ်ပါ

Photo : Lululemon

Chinos ဖြစ်ဖြစ် ၊ Jeans ဖြစ်ဖြစ် ဘောင်းဘီတွေ ဝတ်တဲ့အခါ ကိုယ့်ရဲ့ ခါးဆိုဒ်အတိုင်း မှန်မှန်ကန်ကန်နဲ့ Fitting ကျတဲ့ ဘောင်းဘီကို ရွေးချယ်ဖို့ လိုပါတယ်။ ဆိုဒ်အရမ်းကြီးပြီး ပွချောင်ချောင်ဖြစ်နေတာ ၊ ဆိုဒ်သေးပြီး တင်းကျပ်လွန်းနေတဲ့ ဘောင်းဘီတွေက ကွီးတို့ရဲ့ ဖက်ရှင်ပုံရိပ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် Fitting ကျကျနဲ့ ဆိုဒ်မှန်တဲ့ ဘောင်းဘီတွေကိုပဲ ဝတ်ဖို့ အကြံပြုချင်ပါတယ်။

(၅) Accessories တွေ ထပ်ဖြည့်ပါ


Photo : Atelier LAF

ဖက်ရှင် Accessories တွေက ဒီနေ့ခေတ်မှာ ခေတ်ရေစီးကြောင်း တစ်ခုလို ဖြစ်လာနေပါပြီ။ အမျိုးသမီးတွေတင် မကပဲ အမျိုးသားတွေလည်း ဖက်ရှင်နဲ့ ဆက်စပ်ပစ္စည်းတွေကို ဝတ်လာကြပါတယ်။ Accessories တွေ ထပ်ဖြည့်တဲ့အခါ အရမ်းများပြီး ရှုပ်ထွေးနေတာမျိုး မဖြစ်စေပဲ ရိုးရိုးလေးနဲ့ ကိုယ့်ရဲ့ အဝတ်အစားကို ပိုမိုပေါ်လွင်စေမယ့် Accessories တချို့ကိုသာ ရွေးချယ်ဝတ်ဆင် သင့်ပါတယ်။

Featured Photo : DMARGE