အလေ့အကျင့်ကောင်းတွေသည် မွေးမြူရ ခက်ခဲသလောက် အလေ့အကျင့်ဆိုးတွေကတော့ ဖယ်ချွပ်ရတာ တော်တော်ခက်ပါတယ်။ ကွီးတို့ နေ့စဥ် ပြုလုပ်တဲ့ အလေ့အကျင့်ကောင်းတွေက ကွီးတို့ရဲ့ ကျန်းမာရေးကို ကောင်းမွန်လာစေနိုင်သလို ဆန့်ကျင့်ဘက်အနေနဲ့ အလေ့အကျင့်ဆိုးတွေကလည်း ကွီးတို့ရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ တကယ်လို့ အလေ့အကျင့်ဆိုးတွေကို မ ဖယ်ရှား ဘူးဆိုရင် ကွီးတိုရဲ့ ခန္ဓာကိုယ် ကျန်းမာရေးရော ကွီးတို့ ညီလေး ရဲ့ ကျန်းမာရေး ပါ ထိခိုက်လာပါလိမ့်မယ်။

(၁) တီဗွီရှေ့မှာ ထိုင်လွန်းခြင်း

တီဗွီ

လေ့လာချက်များအရ တီဗွီရှေ့မှာ တစ်ပတ်လျှင် နာရီ ၂၀ ခန့် ထိုင်သော အမျိုးသားများသည် သုတ်ပိုး ထုတ်လွှတ်မှု လျော့နည်း ကြတယ်လို့ သိရှိရပါတယ်။ ထိုလေ့လာချက်ထဲမှာ သုတ်ပိုး ထုတ်လွှတ်မှုနှုန်းသည် ၄၄ ရာခိုင်နှုန်းခန့် လျော့နည်းသွားတတ်တယ်လို့ ဖော်ပြထားပါတယ်။ ကွီးတို့လည်း ကိုယ့် ညီလေးရဲ့ သုတ်ပိုး ပမာဏ မလျော့နည်းစေချင်ဘူး ဆိုရင်တော့ တစ်ပတ်လျှင် နာရီ ၂၀ ထက် ပိုပြီး တီဗွီရှေ့ မထိုင်သင့်ပါဘူး။

(၂) ဆေးလိပ် အလွန်အကျွံ သောက်သုံးခြင်း

ဆေးလိပ်

ကိုယ့် ညီလေးရဲ့ ကျန်းမာရေးကို ဂရုစိုက်တယ်ဆိုရင်တော့ ဆေးလိပ် မသောက်တာ အကောင်းဆုံးပါပဲ။ ဆေးလိပ် သောက်မယ်ဆိုရင် ကွီးတို့ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်က လျော့ကျသွားနိုင်မကဘဲ ညီလေးကလည်း ထာဝစဥ် နိုးထနိုင်မှာ မဟုတ်ပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ဆေးလိပ်ထဲမှာ ပါဝင်တဲ့ ဓာတုဓာတ်ပစ္စည်းများက ညီလေးဆီသို့ သွေးမလှည့်ပတ် စီးဆင်းနိုင်အောင် တားဆီးနေလို့ပဲ ဖြစ်ပါတယ်။

(၃) ကွီးတို့ ခန္ဓာကိုယ်က လိုအပ်သည်ထက် နည်းနည်းပဲ အိပ်စက်ခြင်း

ဖယ်ရှား ညီလေး

ကွီးတို့မှာ လုံလောက်တဲ့ အိပ်စက်မှု မရှိဘူးဆိုရင်တော့ ကွီးတို့မှာ Testosterone ပမာဏ လျော့ကျသွားမှာဖြစ်ပြီး မခံမရပ်နိုင်အောင် ပင်ပန်း နွမ်းနယ်လာပါလိမ့်မယ်။​ အိပ်ရေး ပျက်ခြင်းကြောင့် ကွီးတို့ ကြွက်သားက အားနည်းလာပြီး အရိုးအဆစ်များလည်း အားနည်းလာပါလိမ့်မယ်။ ထိုအချက်များကြောင့် ကွီးတို့ရဲ့ ညီလေး ကျန်းမာရေးကိုလည်း သွားထိမှာ အမှန်ပါပဲ။

(၄) ကိုယ့်ချစ်သူလေးနဲ့ လုံလောက်အောင် ချစ်တင်းမနှောခြင်း

ဖယ်ရှား ညီလေး

အမေရိကန် ဆေးသိပ္ပံဂျာနယ်က ပြုလုပ်ထားတဲ့ လေ့လာချက်အရ တစ်ပတ်လျှင် အနည်းဆုံး တစ်ကြိမ်ခန့်တောင် ချစ်တင်းနှော ခြင်း မရှိတဲ့ အမျိုးသားများသည် ရွှေပန်း ညှိုးနိုင်ခြေ နှစ်ဆခန့် မြင့်တက်နေတယ်လို့ ဖော်ပြထားပါတယ်။ ကွီးတို့ ညီလေးအတွက် အကောင်းဆုံး ချစ်တင်းနှောဖို့ အကြိမ်အရေအတွက်ကတော့ တစ်ပတ်လျှင် ၃ ကြိမ်ခန့် ချစ်တင်းနှောခြင်းပဲဖြစ်ပါတယ်။

(၅) ကွီးတို့က ဖရဲသီး စားရမှာကို ကြောက်နေခြင်း

ဖယ်ရှား ညီလေး

ဖရဲသီးထဲမှာ ပါဝင်တဲ့ Citrulline-arginine ဓာတ်က ကွီးတို့ ညီလေးရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို မြှင့်မားစေပြီး ကွီးတို့ ခန္ဓာကိုယ်ထဲရှိ နိုက်ထရစ်အောက်ဆိုဒ် ပမာဏကို မြှင့်တင်ပေးပါတယ်။ ဒါ့အပြင် ရွှေပန်းညှိုးသွားမယ့် အဖြစ်ကနေလည်း ကြိုတင်ကာကွယ်ပေးထားနိုင်ပါတယ်။​ ဒါ့ကြောင့်မို့လို့ ဖရဲသီးကို နေ့တိုင်း စားသုံးပေးသင့်တာဖြစ်ပါတယ်။ တကယ်လို့ ကွီးတို့က ဖရဲသီး စားရတာ တွန့်ဆုတ်နေတယ်ဆိုရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပါပဲဗျို့။

ဒီအကျင့်ဆိုးတွေကို မ ဖယ်ရှား ဘူးဆိုရင်တော့ ကွီးတို့ ညီလေး ရဲ့ ကျန်းမာရေးကလည်း တစ်စထက် တစ်စ ယိုယွင်း ပျက်စီးလာမှာပဲဖြစ်ပါတယ်။

ဒါ့ကြောင့်မို့လို့ အချိန်မနှောင်းခင် မြန်မြန် လုပ်စရာ ရှိတာ လုပ်ပါ။ ရှောင်ကြဥ်စရာ ရှိတာတွေ မြန်မြန် ရှောင်ဖို့ လိုပါတယ်။

Source: Timesofindia.indiatimes

Featured Image: Indiatvnews