Shoes ဖိနပ် တွေကို သူများနဲ့တူမနေပဲ တမူထူးခြားအောင် ကိုယ်ပိုင်ဖန်တီးမှုလေးတွေနဲ့ ပြင်ဆင်ပြီးမှ ဝတ်ချင်ပါတယ်ဆိုတဲ့ ကွီးတို့အတွက် DYI Tie-Dyed လုပ်နည်းလေး မျှဝေပေးချင်ပါတယ်။ မဝတ်ဖြစ်တော့တဲ့ Shoes အဟောင်းတွေကို လက်စွမ်းပြချင်လို့ပဲ ဖြစ်ဖြစ် ဒါမှမဟုတ် အသစ်ဝယ်ပြီး ကိုယ်ပိုင်ဒီဇိုင်း ထွင်ချင်လို့ပဲ ဖြစ်ဖြစ် ကွီးတို့ စိတ်ကြိုက် ဆေးဆိုးနိုင်မယ့် အလွယ်ကူဆုံး နည်းလမ်းလေးကို မျှဝေပေးမှာ ဖြစ်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် ဆက်ဖတ်ကြည့်လိုက်ရအောင်ပါ။

Tie-Dyed လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းများ

Tie-Dyed
Photo : Rit Dye

  • ဆေးရောင်ခြယ်မယ့် ဖိနပ် ၁ ရံ
  • ဆိုးဆေး နှစ်သက်ရာ အရောင် ၃ – ၄ မျိုး
  • ဆိုးဆေးထည့်ရန် ညှစ်ပုလင်း (Squeeze Bottle)
  • မျက်နှာသုတ် ပုဝါ သို့မဟုတ် တဘက်တစ်ထည်
  • ဖိနပ်ရေစိမ်ရန် ဇလုံ သို့မဟုတ် ရေပုံး ၁ လုံး
  • တိတ် ၁ ခွေ
  • ရာဘာလက်အိတ်

စတဲ့ ပစ္စည်းကိရိယာတွေ လိုအပ်ပါတယ်။

ပြုလုပ်နည်း အဆင့်ဆင့်

Source : Rit Dye

အရင်ဆုံး ဖိနပ်ရဲ့  Sole ကို ဆေးရောင်တွေ မစွန်းထင်သွားစေဖို့ တိတ်နဲ့ အပြည့် သေချာလေး အသေးစိတ် လိုက်ကပ်ပေးရပါမယ်။

ထို့နောက် Tie-Dyed လုပ်တဲ့အခါ ဆေးရောင်ကောင်းကောင်း ထင်စေဖို့ ဖိနပ်ကို ရေစွတ်ပေးရမှာပါ။

ဇလုံ သို့မဟုတ် ရေပုံးကို ဆေးဆိုးမယ့် ဖိနပ် ထည့်ပြီး လုံလုံလောက်လောက် စိုစွတ်မှု ရှိသည်အထိ ရေလောင်းပေးပါ။

ပြီးရင်တော့ ရေခဏစစ်ထားပြီး ဖိနပ်ရဲ့ အပေါ်ယံက ရေတွေကို ခြောက်သွာအောင် မျက်နှာသုတ် ပုဝါ သို့မဟုတ် တဘက်နဲ့ ခပ်ဖွဖွ လိုက်ဖိသုတ်ပေးရပါမယ်။

နောက်တဆင့်ကတော့ ညှစ်ပုလင်း (Squeeze Bottle) ထဲကို ရေနွေး ၀.၅ လီတာခန့်ထည့်ပြီး ဆေးဆိုးမယ့် ဆိုးဆေးအရောင် ၃၀ မီလီလီတာ ရောထည့်ပါ။ ဆား ၁၂ ဂရမ်ခန့်ပါ ရောထည့်ပြီး သမအောင် ပုလင်းကို ကောင်းစွာ ရှိတ်ပေးရပါမယ်။

ဆိုးဆေးမှာပါတဲ့ ဓာတုပစ္စည်းတွေ ထိတွေ့ကိုင်တွယ်ရမှာ ဖြစ်တာကြောင့် ရာဘာလက်အိတ် မဖြစ်မနေ ဝတ်ဆင်ပါ။

Tie-Dyed

Photo : Rit Dye

ပြီးရင်တော့ ဖိနပ်ပေါ် ဆိုးဆေးကို နှစ်သက်သလို အရောင်ရောစပ် လောင်းထည့်ပြီး ဆေးဆိုးရပါမယ်။

ဆေးရောင်ကို နှစ်သက်သလို လောင်းချပြီး ကျေနပ်ပြီ ဆိုတာနဲ့ ဖိနပ်မှာ ဆိုးဆေးရည် ကောင်းကောင်း စုပ်ယူသွားစေဖို့ မိနစ် ၃၀ ခန့် ထားလိုက်ပါ။

အချိန်ပြည့်ရင် ဖိနပ်တွေကို ရေအေးနဲ့ ဆေးကြောပြီး အပေါ်ယံ ဆေးရောင်တွေစင်အောင် ဆေးကြောပါ။

ထို့နောက် Hair Dryer ကို အသုံးပြုပြီး ၅ မိနစ်ခန့် လေမှုတ် အခြောက်ခံပေးပါ။

ဒါဆိုရင်တော့ ကာလာစုံနဲ့ လန်ထွက်နေတဲ့ အမိုက်စား DIY Tie-Dyed ဖိနပ် တစ်ရံ ရပါပြီ။

Source : Rit Dye

Featured Photo : Adidas Vespa Online